14🚨

472 43 51
                                    

<< UNicode >>

He is Mine~~~

ကျယ်ဟန့် ဖုန်းထဲ messageတစ်ခုရောက်လာသည် ဘား လိပ်စာနဲ့ အခန်းနံပါတ်

' ကုန်းကျွင့်နဲ့တော့ ခက်ပြီ '

ကျယ်ဟန့်လည်း ထိုနေရာ မှ လှည့်ထွက်ရန်ပြင်လိုက်စဥ် လျိုယွီ့ ကို တွေ့လိုက်ရသည်

" လျိုယွီ "

" ....."

"အတော်ပဲ ကိုယ် လျိုယွီ့ ဆီ အခုပဲလာပြောမို့ အရေးကြီးကိစ္စ တစ်ခု ပေါ်လာလို့ ကိုယ်ပြန်မှဖြစ်မယ် "

" ဒီနေ့က ငါ့မွေးနေ့လေ ငါ့ကို အချိန်ပေးသင့်ပါတယ် သိပ်အရေးမကြီးရင် မသွားပါနဲ့လားး "

"တောင်းပန်ပါတယ် နောက်နေ့ကျ ကိုယ်အချိန်ပေးပါ့မယ် အခုတော့ ကိုယ်သွားတော့မယ်နော် "

ကျယ်ဟန့် ထွက်သွားရန်ပြင်လိုက်ပေမယ့် လျိုယွီက ကျယ်ဟန့်လက်ကို ဆွဲထားသည် ကုန်းကျွင့်ဆီသွားမှာကို သိရက်နဲ့ လွှတ်လိုက်မယ်များ ထင်နေလား ကျယ်ဟန့်

" လျိုယွီ ကိုယ့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့ "

လျိုယွီက ပြုံးတယ် နာနာကြင်ကြင် အပြုံးပေါ့ ။ လျိုယွီက ကျယ်ဟန့်လက်ကို လွှတ်ပေးလိုက်တာနဲ့ ကျယ်ဟန့်ဟာ အလောတကြီး ထိုနေရာမှ ထွက်ခွာသွားပါသည် ကျန်ခဲ့တဲ့ လျိုယွီကတော့ ထွက်ခွာသွားတဲ့ ​ကျောပြင်အားကြည့်ရင်း

' ငါ နင့်ကို ဘယ်တုန်းကများ အခက်တွေ့အောင် လုပ်ဖူးလို့လည်း ကျယ်ဟန့်ရဲ့ '

ငါမသိချင်ယောင်ဆောင်ထားပေးတယ်ဆိုတာ ကနင့်ကိုယုံကြည်လို့ နင့်ကို အရမ်းချစ်လို့ဆိုတာ သိရင်ကောင်းမယ်

ပွဲအတွင်းပြန်ရောက်လာတဲ့လျိုယွီဟာ သူ့မွေးနေ့ပွဲကို သူကိုယ်တိုင် ဖျက်စီးပြစ်သည် အပြင်ဆင်တွေအားလုံးကို ဖျက်စီးပစ်သည် ပျော်ရွှင်စရာမွေးနေ့ပွဲလေးကနေ ရုတ်ချည်း ပြောင်းလဲသွားတော့တာပေါ့ လျိုယွီဟာ မည်သည့်တစ်ဦးတစ်ယောက်ကိုမှ ဂရုမစိုက်တော့ပေ ။ အရူးတစ်ယောက်လို အော်ငိုပြီး ပစ္စည်းတွေ ပန်းကန်တွေ စားပွဲတွေကိုပါ ဖျက်စီးသည် ။ ကြားထဲက ဒုံဟွတ်က ပဲ ဧည့်သည်တွေကို တောင်းပန်ကာ ပြန်လွှတ်ရတော့သည် ။
လျိုယွီက ယွန်းယောင်းဆီ ကိုသွားနေတာ မြင်တဲ့အတွက် ဒုံဟွတ်ခဗျာ ဧည့်သည်တွေကို အမြန်တောင်းပန်ကာ ယွန်းယောင်းဆီ လာရပြန်သည်

He is Mine💝 (Completed)Tempat cerita menjadi hidup. Temukan sekarang