part20

2K 54 0
                                    

၂ပတ်ခန့်ကြာသော်.......

အာကပြောတဲ့တစ်ပတ်ကိုစောင့်လာလိုက်တာ
၂ပတ်​တောင်ကြာသွားပီ။
အာကာကဟိုတနေ့သူတို့စကားများပြီး
ကတည်းကလုံးဝတိတ်ဆိတ်သွားသည်။
သူကသွားစကားပြောရင်တောင်လိုတာထက်ပို
မ​ပြော​တော့။
သူလည်းstressတေပိနေမှာပဲလေအေးဆေး
​နေပါ​စေဆိုကာလွတ်ထားပေးလိုက်တာ၂ပတ်
​တောင်ကြာသွားသည်။
အာကာကဒီနေ့ပြန်မယ်တဲ့
သူကြားကြားရချင်းအလွန်​ပျော်သွားသည်။
ငယ်နဲ့​တွေ့ရ​တော့မည်​လေ။

၁လလောက်ပဲခွဲရတာတောင်တစ်ကမ္ဘာလောက်ကြာ
သလို
အပြန်လမ်းမှာသူလုံးဝတက်ကြွ​နေသည်။
သူ့မှာရှိ​နေတဲ့အန္တာရယ်​တေကို​တောင်​မေ့နိုင်သည်အထိငယ်ကပြုစားနိုင်​လွန်း​ပါသည်။
အာကာက​တော့ဘာစကားမှမ​ပြော​ပေ။

​လေယဥ်​ပေါ်ကဆင်းတာနဲ့​လေဆိပ်ထဲမှာငယ်ကိုရှာမိသည်။
အော်...သူ​သိ​မှမ​သိတာ ငါ​ကလည်း
သူတစ်​ယောက်တည်းပြုံးရယ်​နေပြန်သည်။
အာကာကတော့အချစ်ရူးသမားကြီးကိုကြည့်ကာ
​ခေါင်းတခါခါ။

"အာကာ မြန်မြန်​မောင်းပါကွာ"
ခါတိုင်းသူဒီလိုပြောရင်အာကာကလှမ်းဆဲနေကြ
အခုတော့အာကာကဘာစကားမှပြန်မပြောလာ
အာကာ့ထံကအဆဲသံမကြားရတော့သူ့မှာတခုခု
လို​နေသလို​လို။
ဒီလိုနဲ့ပဲအိမ်​ရောက်လာပါသည်။

"ငယ်!"
သူပြုံးရွှင်စွာအိမ်ထဲဝင်လာသည်။
ငယ်တစ်ယောက်ပဲရှိမယ်အထင်နဲ့သူဝင်လာခဲ့တာ
သူထင်သလိုမဟုတ်မိုးမြင့်သီဟပါရှိ​နေသည်။
မိုးမြင့်သီဟကို​တွေ့​တော့သူဟန်​ဆောင်​တောင်မပြုံးနိုင်​တော့ပါ။

"မိုး​မြင့်​သီဟ"

"ကို​နေ​ကောင်းစစ်ကြွယ်​တွေ့ကြပြန်ပြီ"
မိုးမြင့်သီဟကတော့ထုံးစံမပျက်သူ့ကို
ပြုံး​ပြ​ကာ​နှုတ်ဆက်​ပါသည်။
ဒီတခါနှုတ်ဆက်ခြင်းကသူ့စိတ်ထဲတမျ်ုးဖြစ်​နေသည်။
မိုးမြင့်သီဟမျက်လုံးထဲမှာအရိပ်တစ်ခုဖျတ်​ပြေးသွားသလိုပဲ ။
ငယ်က​တော့ဘာစကားမှမ​ပြောပဲထိုင်ခုံမှာပဲ
ငြိမ်သက်စွာထိုင်​နေသည်။
ငယ်ကသူ့ကိုသူစိမ်းဆန်​နေသလိုပဲ
ခါတိုင်းလဲဒီလိုပါပဲဆို​ပေမဲ့ဒီတခါငယ့်ပုံစံက....

အချစ်၌ကျရှုံးခြင်း(complete)Wo Geschichten leben. Entdecke jetzt