part14

2K 57 0
                                    

ခုရက်ပိုင်းကိုစစ်တော်တော်
ပြောင်းလဲလာတယ်လို့
ပြောရမယ်။
သူ့ကိုလဲညင်သာ​စွာ​ဆက်ဆံ​သလို
အိမ်ဖော်လေးများနှင့်လဲစကားတပြောပြော
ပိုထူးဆန်းသည်ကကိုစစ်ရဲ့အပြုံး။
ခုနောက်ပိုင်းတွင်သွားတန်းဖြူများပေါ်သည့်ထိ
ကိုစစ်ကပြုံးရယ်​နေတတ်သည်။

"ငယ် ကိုယ်တို့မုန့်သွားစားရ​အောင်"
မုန့်ဆိုသည်နှင့်အရောင်လက်သွားသော
ငယ်ရဲ့မျက်ဝန်းများ

"ကောင်းတယ် ကျ​တော်လဲအပြင်မထွက်ရတာကြာပီ"

________________________________________

"ကို​စစ်ခန ကျ​တော်ဆံပင်ဆိုင်ဝင်ချင်တယ် အဆင်​ပြေလား"

"​ပြေတာ​ပေါ့ငယ်ရဲ့ကိုယ်​စောင့်​ပေးမယ်"

ငယ်ကသူ့ရဲ့ဆံပင်ရွေရောင်လေးကိုအမဲပြန်ပြောင်း
ချင်သည်တဲ့လေ။

ဆံပင်အမဲပြန်ဆိုးလိုက်တော့ငယ်ကပိုနုသွားသည်။

"ဘယ်လိုလဲ ကြည့်ရအဆင်​ပြေတယ်မလား"

"လုပ်ချင်တာသာလုပ်ပါငယ်ကိုယ်ကမင်းရဲ့အရာရာ
တိုင်းကိုချစ်သည်မို့"

"သွား​ရအောင် "

သူရင်ထဲဝမ်းနည်းသွားပေမဲ့အပြုံးမပျက်။

ဆိုင်​ရောက်​တော့လည်းငယ်ကသူ့​ရှေ့ကchocolate
Cakeလေးကို​အာရုံစိုကာက်​စားနေသည်။

"ငယ် "

"ပြော​လေ ကိုစစ်"

"ဘာမှမ​ဟုတ်​တော့ပါဘူး ငယ်ကကိုစစ်လို့ခေါ်လိုက်
တာလား"

"အဆင်မ​ပြေလို့လား"

"မဟုတ်​တာ​ပြောပါတယ် ဟီးဟီး"

သွားတန်းဖြူများပေါ်သည်ထိ
ကိုစစ်ပြုံးရယ်နေလေသည်။
သူလဲစိတ်ရဲ့စေခိုင်းမှုအတိုင်းပြန်ပြုံးပြလိုက်သည်။

"အာကာ လာ​ဦးငါတို့ကိုဓါတ်ပုံရုိက်​ပေး"

"အေးလာပီ"

လှပ​သောပန်း​လေးများကို​နောက်ခံထား၍

"1 2 3 smile..."

ကိုစစ်ရဲ့အပြုံးများဟာလည်း
ပန်းလေးများလိုလှပနေခဲ့သည်။

ပြီးတော့ကိုစစ်ကစာအုပ်ဆိုင်လိုက်ပို့သည်။

စာအုပ်တွေရှာရင်းချစ်ဦးညိုရဲ့လကာ်ဒီပချစ်သူကို
တွေ့တော့​စိတ်ထဲ​ဝမ်းနည်း​သွားသည်။

"ငယ် ကလကာ်ဒီပချစ်သူကြိုက်တာလား"

"Favပဲ​လေ"

"အော် ကိုယ်လဲတူတူပဲ"

​နောက်​တော့လည်းဂျူးရဲ့စာအုပ်နှစ်အုပ်နှင့်
မုန့်လုပ်နည်းစာအုပ်နှစ်အုပ်ယူလိုက်​သည်။
ပြီးတော့လည်းကိုစစ်က
oceanမှာလိုအပ်တာတွေဝင်
ဝယ်​ပြန်သည်။
သူတို့အတွက်couple အကျီလေးတောင်ဝယ်လိုက်သေး...
သူလဲအလိုက်သင့်နေပေးလိုက်သည်။
အရင်လိုကလန်ကဆန်မလုပ်ချင်တော့။

"ဒါပီးရင်အိမ်ပြန်မယ်ကိုစစ် ကျ​တော်အိပ်ချင်​နေပီ"

"ကိုယ့်ရဲ့ငယ်ကအိပ်ပုတ်​လေးဖြစ်​နေပါလား"

"ကိုစစ်လုပ်တာ​လေ"

"ဟားဟား​ဟုတ်ပါ​ပီ အာကာ​မြန်မြန်​မောင်းဒီမှာငယ်အိပ်ချင်​နေပီ"

"ကားထဲအိပ်လဲရတာပဲ"
အာကာအသံထွက်လေပီ.

"မင်း​မေလင်လမ်းက​ကောင်းတာကိုအဖု​တေအချိုင့်​တေနဲ့ငယ်အိပ်လို့ရမှာမဟုတ်ဘူး"

"အေးပါ​ကွာ မင်းတို့ကလဲ"

အာကာလဲဘာမှထပ်​ပြောမ​နေ​တော့ပဲကားကိုသာအမြန်​မောင်းရ​တော့သည်။

အချစ်၌ကျရှုံးခြင်း(complete)Where stories live. Discover now