part11

2.4K 76 0
                                    

အိမ်ပြန်ရောက်တဲ့ထိငယ်ကစကားတခွန်းမှမပြော၊

"ငယ် ကိုယ်တွဲမယ်"

ငြင်းဆန်ခြင်းတစုံတရာမရှိ​သော​ကြောင့်​
နေ​ကောင်းစစ်ကြွယ်​ပျော်​နေသည်။
ဧည့်ခန်းထဲရောက်တော့သူ့ခြေလှမ်းတွေ
တုန့်ခနဲရပ်သွားသည်။

"မိုးသစ္စာ"

"အော်​ကိုကို မတွေ့တာတောင်ကြာပီနော် ကိုကိုကမိုးကို​မေ့ထားတယ်​ပေါ့​လေ ဟွန့်"

"မင်းဒီကိုဘာလာလုပ်.."

"ထပ်​တွေ့​ပြန်​ပီ​နော် ကို​နေစစ်"

"မိုးမြင့်သီဟ"

မိုးမြင့်သီဟကို​တွေ့လိုက်ရ​တော့ငယ့်ကိတွဲထားလက်များလွတ်ချင်
သလို​တောင်​ဖြစ်သွား​ရ​သည်။
ခသက်​ကြွေရဲ့မိုးမြင့်သီဟကို​တွေ့လိုက်ရလို့
အ​ရောင်လက်သွားတဲ့မျက်ဝန်းများကို​တော့မိုးမြင့်သီဟ
ကလွဲရင်ဘယ်သူမှတွေ့လိုက်မည်မထင်။

"ကိုကို မိုးတို့ဟိုနေ့ညက ကိစ္စကိုပြန်ဆက်ရ​အောင်​လေ​နော်"

လက်​မောင်းကိုလာတွဲကာချွဲပီး​ပြော​နေ​သော​ကြောင့်​နေ​ကောင်းစစ်ကြွယ်စိတ်ရူပ်ကာလက်​မောင်းကိုရုန်းလိုက်သည်။ငယ်သူတို့ကိုအထင်လွဲသွားရင်ဘယ်လို​လုပ်​မလဲ...
"ကျစ်! မိုးသစ္စာငါတို့စကား​ပြောရ​အောင်"

ခသက်ကြွေကတော့သူတို့နှစ်ယောက်ကို
စိတ်မဝင်စား
မိုးမြင့်သီဟကိုသာကြည့်နေသည်၊
မိုးမြင့်သီဟကလဲခသက်ကြွေကိုကြည့်ကာ
ပြုံးနေသည်။

"ငယ်"

"အော် ပြော​လေ"

"ကို​ယ်မိုးသစ္စာနဲ့စကားပြောလိုက်ဦးမယ် အာကာအခန်းထဲလိုက်ပို့​ပေးလိမ့်မယ်​နော်"

"အင်း"
သူ့ကိုလာတွဲဖို့ပြင်နေတဲ့အာကာကိုလက်ကာပြကာ

"ခ​န ကိုအာကာကျတော်ကိုသီဟနဲ့စကားပြောချင်တယ်"

"Ok ​လေ"

မိုးမြင့်သီဟကိုကြည့်လို့မရ​ပေမဲ့ခသက်​ကြွေမျက်နှာကို​ထောက်ကာခနစကား​ပြောခွင့်​ပေးလိုက်သည်။

"ပြန်တွေ့ရတာဝမ်းသာပါတယ်( ခ ) "

"ကျ​တော်လဲဝမ်းသာပါတယ်"

မနေ့က​ (ခ)အကြောင်းသတိုးကိုမေးကြည့်တော့
နေကောင်းစစ်ကြွယ်ကအသက်နဲ့ခြိမ်းခြောက်ပီး
အတင်းယူထားသည်တဲ့လေ။

ခနလေးတွေ့လိုက်တာနဲ့အချစ်ဟုခေါ်သလားလို့သူ့ကိုယ်သူအကြိမ်ကြိမ်
မေးကြည့်​ပေမဲ့ နောက်ဆုံး​အဖြေ​က......
မင်းကိုပိုင်ဆိုင်ရဖို့ကိုယ်နည်းလမ်းအားလုံးသုံးနိုင်
ရမှာ​ပဲ(ခ)ကိုမထိခိုက်စေမဲ့နည်းလမ်းထဲကပေါ့
သူ့ရဲ့မြတ်နိုးရာလေးကို နေကောင်းစစ်ကြွယ်လက်ထဲကပြန်ယူရမည်။
အဲ့တာကြောင့်ကိုနေစစ်ရဲ့ရည်းစားဟောင်းကိုပြနဆက်သွယ်ကာအပေးအယူ
လုပ်​ခဲ့သည်။

သူသာ(ခ)
အကြောင်းသိသည်မို့မိုးသစ္စာကကိုနေစစ်ရဲ့ရည်းစားဟောင်းလို့ပြောရခြင်း။
အပြင်လူတွေကတော့မိုးသစ္စာနဲ့ကိုနေစစ်က
ဟိုလိုဒီလို....

​နေ​ကောင်းစစ်ကြွယ်ကိုနည်းနည်း​လေး
တားဆီ​ပေးတာနဲ့နာမည်ကြီး​မော်ဒယ်ဖြစ်လာ​စေရမယ်ဟုပြောလိုက်တာနဲ့
ကောင်မလေးကမငြင်းနိုင်တော့
မိုးမြင့်သီဟဆိုသည်မှာဘာမဆိုလုပ်နိုင်သည်လေ။

ဒါ​ကြောင့်​နေ​ကောင်းစ်ကြွယ်အိမ်သို့
လာကာအိမ်​ဖော်​လေးများကိုရွှီ​ရှောင်ရုိက်ပြီး
​နေကောင်းစစ်ကြွယ်ရဲ့စာကြည့်ခန်းထဲဝင်ကာ
လျှို့ဝှက်ကင်မရာသွားတပ်ထားလိုက်သည်။

"လာကာ်ဒီပချစ်သူတဲ့မိုးအကြိုက်ဆုံးစာအုပ်​လေးပဲ
ကဲပါဒီနားမှာပဲထားလိုက်ပါမယ်​လေ"

"ကဲမိုးသစ္စာအပိုတွေပြောမနေနဲ့ မြန်မြန်လုပ်ပီးထွက်ရမယ်"

သူ့တို့အခန်းထဲမှပြန်ထွက်ကာဧည့်ခန်းထဲမှာသွား
စောင့်နေသည်။

အချစ်၌ကျရှုံးခြင်း(complete)Where stories live. Discover now