part1

10.6K 254 0
                                    

နေသာတဲ့နေမို့ကစားကွင်းထဲကလေးများဆူညံစွာ
ခသက်​ကြွေလဲထိုမြင်ကွင်းများကိုပြုံးရွင်စွာ​ကြည့်​နေသည်။သူ၏အပျော်များသည်ကြာကြာမခံလိုက်

ကစားကွင်းထဲသို့ဇွတ်တရွတ်ဝင်ရောက်
လာသောအနက်ရောင်ကားသုံးစီး

အ​ခြေအ​နေမ​ကောင်း​သော​ကြောင့်​
မေ​မေများသည်​ကလေးများအားလက်စွဲကာအခြားတနေရာသို့ပြေးလွှားနေကြပီ။
အားလုံးနှင့်ဆန့်ကျင်စွာခသက်​ကြွေမှာ​တော့တည်ငြိမ်လျက်သူ၏နှစ်ခမ်းထက်မှအပြုံးလေးများသည်ကားသံများကြားကတည်းကပျောက်ကွယ်သွားပီဖြစ်သည်။

ကား​ပေါ်မှဆင်းလာ​သော၆​ပေ​ကျော်အရပ်နှင့်လူတ​ယောက်ခန္ဓါကိုယ်အချိုးအစားကအပြစ်ဆိုဖွယ်ရာမရှိဆံပင်နက်နက်များကိုgelနှင့်သပ်တင်ထား​သော​ကြောင့်သူ၏မျက်နှာကိုရှင်းလင်းစွာမြင်နိုင်သည်စူးရှနက်​မှောင်​သောမျက်လုံးများကိုကာရံထား​သောမျက်​တောင်တိုစိပ်စိပ်​များ
ဆိုး​ဆေးအကူညီမပါဘဲနှင့်အစိုဓါတ်ပြည့်ဝ​သောနီ​စွေး​စွေးနှုတ်ခမ်းပါးများကတင်းတင်းစေ့ထားသည်
ဘယ်သူ့ကိုမှလူမထင်​သောတင်းမာ​သောမျက်နှာသည်​နေ​ကောင်းစစ်ကြွယ်၏စွဲ​ဆောင်မှုတခုနေပူသောကြောင့်နက်ကတိုင်ကိုဖြေလျော့လိုက်သောအခါအ​ကြောစိမ်းများဖြတ်သန်းလျက်ဖြူသွယ်​သောလက်အစုံမှာမိန်းက​လေးများအကြိုက်ဖြစ်သည်မှာမလွဲ

​နေ​ကောင်းစစ်ကြွယ်၏ဦးတည်မှုသည်
ခသက်​ကြွေစီလက်မှ​ဆောင့်စွဲ​ခေါ်ကာကားတံခါးဆီတွန်းကပ်ပစ်သည်။

အာ့

တံခါးနှင့်​ဆောင့်ကပ်ခံရ​သော​ကြောင့်​
ကျောတပြင်လုံး​အောင့်သွားသည်။
ကားမှန်ကိုလက်နှင့်​ထောက်ကာခသက်​ကြွေကိုစူးစိုက်ကြည့်​နေ​သော​
နေ​ကောင်းစစ်ကြွယ်၏
မျက်နှာမှာခသက်ကြွေမျက်နှာနှင့်လက်မဝက်
အနေထားလောက်ပဲရှိမည်။

ခသက်ကြွေမှာပိန်ပါးပါးလေးဖြစ်သော်လဲ
နွဲ့ပျောင်းမနေ။
​နေ​ကောင်းထက်အရပ်အနည်းငယ်နှိမ့်​သော်လဲမိန်းက​လေးများအကြိုက်typeရွှေအိုရောင်ဆံနွယ်များကမျက်လုံးနားထိ ။
ထိုဆံပင်များကိုသပ်တင်လိုက်မယ်ဆိုရင်​
နေ​ကောင်းစစ်ကြွယ်လို
စူးရှတဲ့မျက်ဝန်းအစုံကိုတွေ့ရမည်ဖြစ်သည်။

"မင်းဆုံးဖြတ်ပီးပီလား"

"ကျ​နော်ဘာမှ​ရွေးနိုင်ဘူး"

မနူးညံ​သော်လဲမကြမ်းတမ်း​သောပြန်​ပြောသံ။

" ဟက် .... မင်းကတော်တော်ခေါင်းမာတာပဲကောင်းပီလေ နောက်တခါ​ထပ်​ပြောမယ် အသေခံ​မလား ငါ့​နောက်လိုက်မလား"

"ကျ နော် ခင် ဗျာ နောက် မ​လိုက် နိုင် ဘူး"

တလုံးခြင်းပီသစွာ​ပြောဆိုလာတဲ့စကား​နောက်​နေ​ကောင်းစစ်ကြွယ်​ဒေါသ​တေငယ်ထိပ်ရောက်နေလေပီ။

"အာ့​ဆို မင်းကအ​သေခံမယ်​ပေါ့"

" "

"​ကောင်းပီ​လေ"

ခသက်​ကြွေ၏လည်ပင်းထက်သို့ဦးတည်လာ​သောဖြူသွယ်သွယ်လက်ဖဝါးအစုံတုန်ယင်ခြင်းမရှိသည်မှာသူဟာပြတ်သားတော့မယ့်ပုံ။

"အာ့ ခင်ဗျား ဘာလုပ်"

"မင်းပဲအ​သေခံမယ်ဆို"

"အာ့ လွှတ်..လွှတ် ပေး...ပါ"

"ခင်ဗျားနဲ့လိုက်မယ်​ပြော"

"လွှတ်...လွှတ်..လို့​ပြော​နေတယ်​လေ"

"ငါခနခနမ​ပြောဘူး​နော်"

"အာ့ ကျနော် ခင်ဗျား​နဲ့ လိုက် လိုက်ခဲ့မယ်"

" လိမ္မာ​တယ် "

"ခင်ဗျား သိပ်​ကြောက်ဖို့​ကောင်းတယ်​နေ​ကောင်းစစ်ကြွယ်"

"ဒါကမင်းကိုချစ်လို့ဖြစ်​ပေါ်လာတဲ့အတ္တ​တေမို့အပြစ်မတင်နဲ့ငယ်"

ခင်ဗျားလုပ်ရပ်​တေအတွက်
ပြန်​ပေးဆပ်ရမယ်​နေ​ကောင်းစစ်ကြွယ်
ခင်ဗျား​ပြောတဲ့အချစ်ဆိုတာ
ဘယ်လောက်ကြောက်ဖို့ကောင်းလဲကျနော်ပြမယ်။

သူ့နာမည်ခသက်​ကြွေအဲ့လူကိုသူ​ခြေရင်းမှခစားခိုင်းပီးသူ့အသက်ကို​ကြွေ​အောင်လုပ်မည်။

(AN:ဆို​တော့စိတ်ထဲမှာအရမ်း​ရေးချင်​နေလို့သာ​ရေးလိုက်ရတာပါplotလဲမချရ​သေးပါဘူးစိတ်ကမမှန်တဲ့အတွက်​ရေးရင်းတန်းလန်းနဲ့ဖျက်ချင်လဲဖျက်လိုက်မှာပါမ​သေချာ​သေးဘူး​ပေါ့​နော်😆
​ရေး​နေကျမဟုတ်တဲ့အတွက်လဲစာ​တေအစီစဥ်မကျရင်​တောင်းပန်းပါတယ်အတတ်နိုင်​ဆုံးတော့ရေးထားပါတယ် ကိုယ်တိုင်စိတ်ကူးနဲ့ပုံ​ဖော်ထားတဲ့ဇာတ်​ကောင်​တေနဲ့ဇာတ်လမ်းေပါအ​ပျော်တမ်းစာ​ရေးသူပါ)

အချစ်၌ကျရှုံးခြင်း(complete)Where stories live. Discover now