part15

2K 59 0
                                    

"တီ တီ"
ဖုန်းမှvibratမြည်လာတာ​ကြောင့်
မျက်လုံးမဖွင့်ဘဲခေါင်အုန်းဘေးစမ်း​လိုက်​သည်။

"ဟယ်လို"

"အိပ်​ပုတ်လေး ထ​တော့ ကိုယ်​တို့​အပြင်​သွား
ရ​အောင်"

"အ​စောကြီးရှိ​သေးတယ်​လေ"

ဖုန်းမှနာရီကိုကြည့်ကြည့်​တော့7:20

"(ခ)ကို​တွေ့ချင်​နေပီ"

"၈နာရီတွေ့မယ်လေ"

"ဟုတ်​ပီကိုယ်လမ်းထိပ်မှာ​စောင့်​နေမယ်"

_________________________________

(ခ)နဲ့စကားပြောရတာဟာမိုးမြင့်သီဟရဲ့
စိတ်အစဥ်ကိုရွှင်လန်းစေသည်။
ချစ်ရပါတယ်(ခ)​ရေ.....

"ကိုသီဟ"

(ခ)ကဆံပင်အနက်​ပြောင်းထားတာပဲ
ချောလွန်းလို့အကြာကြီးငေးနေမိသည်။

"ကိုသီဟလို့"

"အော်(ခ)"

"ကျ​တော်​ချောလို့လား"

"မြန်မြန်တက်တော့(ခ)ကိုယ်ဖက်နမ်းမိလိမ့်မယ်"

"ဟားဟား"
_____________________________________

"ဘယ်သွားကြမှာလဲ ကိုသီဟ"

"Secret "

"ရောက်ရင်နှုိးလိုက်နော် ကျ​တော်အိပ်လိုက်ဦးမယ်"

"တကယ့်အိပ်ပုတ်​လေး"

အသဲယားစွာဆိုပီးပြုံးရွှင်စွာကားဆက်မောင်း
နေတော့​သည်။

"(ခ)  (ခ) ​ရောက်ပီ"

"အင်း....."

"မထရင်ကိုယ်ဖက်နမ်းမှာ​နော်"

"ထ​ပြီ ထပြီ"

(ခ)ရဲ့ပုံစံကြောင့်သူရီမိသည်။

သူတို့ရောက်နေတာအိမ်တအိမ်ရဲ့ရှေ့
တောအုပ်ထဲကအိမ်လေးအတိုင်းနေချင်စဖွယ်
ပတ်ဝန်းကျင်ကလဲတိတ်ဆိတ်နေသည်

"ဘယ်သူ့​အိမ်​လဲ ကိုသီဟ"

"လာအထဲဝင်မယ်"

သူလဲဆက်မေးမနေတော့ပဲ
ကိုသီဟဦးဆောင်ရာနောက်လိုက်သွားသည်။
အတွင်းပိုင်းအပြင်အဆင်ကရင်သက်ရူမောဖွယ်
ပရိ​ဘောဂများအားလုံးနို့နှစ်​ရောင်ဖြင့်
ပြင်ဆင်​ထားသည်။
အိပ်ခန်းသုံးခန်းရှိသည်
သုံးခန်းလုံးတွင်ရေချိုးခန်းအိမ်သာပါဝင်သည်။

အချစ်၌ကျရှုံးခြင်း(complete)Where stories live. Discover now