part18

1.8K 51 0
                                    

"ကိုကို!"

အလန့်တကြားကားထဲ​ပြေးဝင်လာ​သော(ခ)
​ကြောင့်မိုးမြင့်သီဟစိုးရိမ်သွားသည်။

"ဘာဖြစ်လာတာလဲ(ခ)"

"ကို​ရဲ​ရင့်​တို့လိုက်လာသလား"

"ဟင် ရဲရင့်ကကိုနေစစ်တို့နဲ့လိုက်သွားတာမဟုတ်
ဘူးလား"
သူပြောကာကားပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်
ဘာမှတော့မတွေ့ဒါပေမဲ့ပြောလို့မရကို
နေစစ်တို့က​နောက်​ယောင်ခံလိုက်သည့်​နေရာမှာအရမ်းကျွမ်းသည်။

"ကိုယ်တို့တခြား​နေရာသွားရ​အောင်(ခ)"
နီးစပ်ရာမုန့်ဆိုင်နားသူတို့သွားကြသည်။

"ကိုကို "
ကိုကိုကပြန်​တော့မထူး​ပေမဲ့သူဘာ​ပြောမလဲ
စိတ်ဝင်စားစွာနားထောင်နေသည်။
"ကျနော်ကို​စစ်​အခန်း​ထဲမှာ ​သေနတ်တစ်လက်​တွေ့ခဲ့တယ်"

"သူ့မှာတစ်လက်ပဲရှိတယ်လို့(ခ)ထင်သလား"
ဒီတခါ​တော့ခသက်​ကြွေစိတ်ဝင်စားစွာမိုးမြင့်သီဟ
​ပြောမဲ့စကားကို​စောင့်​နေသည်။

"ကိုနေစစ်မှာတရားမဝင်လုပ်ငန်းတေအများရှိတယ်
လူကုန်ကူးတယ်၊လူသတ်တယ်၊နှိပ်စက်တယ်၊​ငွေလိမ်ဖူးတယ်၊လက်နက်​တေ​ရောင်းဝယ်တယ်၊ဘိန်း​တေနိုင်ငံခြားကိုတင်ပို့တယ်"

ခသက်ကြွေမှာအံသြလွန်းလို့ဘာစကားမှ
ပြန်မပြောနိုင်တော့။
မိုးမြင့်သီဟ​ပြောတဲ့စကား​တွေကသူ့နားထဲမှာပဲ့တင်ထပ်​နေသည်။
သူကိုစစ်ကိုရုိးရုိးစီးပွားရေးလုပ်ငန်းရှင်
တစ်ယောက်အနေနဲ့ပဲသိထားတာ။

"(ခ)ကိုယူခိုင်းလိုက်တဲ့USBကလဲအဲ့တာ​ကြောင့်ပဲ
ဒီထဲမှာသူ့ရဲ့လုပ်ငန်းတေရှိတယ် (ခ)ကိုယ့်ကိုကူညီနိုင်တယ်မလား"

ကိုကိုပြောတဲ့အဓိပ္ပါယ်ကိုသူသိတယ်။
"ကျ​တော် ကိုကို့ကို​ကူညီ​မှာပါ  ကိုကိုကကျ​တော့်​ကောင်​လေးပဲ
ကိုကိုမကောင်းတာတေလုပ်ရင်တောင်
ကျ​တော်ကအမြဲတမ်းကိုကို့​ဘေးမှာပဲ​နေပြီးSUPPORT​ပေး​နေမှာ"

"အာ...ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ကောင်
​လေးလဲ ကြည့်​စမ်း ဒါ​ကြောင့်ချစ်မဝဖြစ်​နေတာ"

"ဟီး ဟီး"
သွားဖြူဖြူလေးများပေါ်သည်ထိပြုံးရယ်နေတဲ့
ကောင်းလေးနဲ့ထိုကောင်လေးကိုမေးထောက်ကာ
ပြုံးပြီးကြည့်နေတဲ့နောက်ထပ်ကောင်လေးတစ်
ယောက်ကိုအဝေးတနေရာကမှတ်တမ်းယူနေတဲ့
သူတစ်​ယောက်ရှိ​နေခဲ့သည်။

_____________________________________

"ဘာ!  မင်း​အခု​ပြန်​မယ်​ဟုတ်လား  မင်းဒီလိုပုံစံနဲ့ဘယ်လိုပြန်လို့ရမှာလဲ အသိစိတ်လေးကပ်စမ်းနေကောင်း"

"ငါ​ပြန်​မှ​ဖြစ်မယ် ဟိုကောင်မိုးမြင့်သီဟကငါ့ရဲ့ငယ်ကိုလုဖို့လုပ်နေတာ
အဲ့​ကောင်ကိုငါသွားသတ်မယ်"
နေကောင်းစ်ကြွယ်ဆိုတာအဲ့လိုလူပါ။
သူ့ရဲ့ငယ်အတွက်ဆိုသူ့အသက်အန္တာရယ်တောင်
​မေ့နိုင်တဲ့လူမျိုး။

"မင်းမှာအခုဘာအာဏာဘာအင်အားမှမရှိတော့ဘူးနော်  မင်းကဘယ်လိုသူ့ကိုသွားသတ်မှာလဲ မိုးမြင့်သီဟကမင်းကိုအ​သေလုပ်ထားတာ မင်းမှာရွေးချယ်စရာနှစ်ခုပဲရှိတယ် ရှောင်​နိုင်ရင်​ရှောင်
မ​ရှောင်နိုင်ရင်​သေမှာပဲ"

ဘာ!ခုနကအာကာ​ပြောသွားတဲ့ထဲမှာမိုးးမြင့်သီဟနာမည်ပါသွားသလားလို့
"အာကာ မိုးမြင့်သီဟဘာဖြစ်လဲပြန်​ပြောစမ်း"

"ဟုတ်တယ် မင်းကိုဒီလိုလုပ်လိုက်တာမိုးမြင့်သီဟပဲ"

မိုး​မြင့်​သီဟ​ဒီကောင် ဒီကောင်

"အား..........."

စားပွဲပေါ်ကမစားရသေးတဲ့ခေါက်ဆွဲပြုတ်ဘူးတွေကို
အားနဲ့တိုက်ချပစ်လိုက်သည်။
အာကာ​မတား သူကိုယ်တိုင်လဲဘယ်လိုလုပ်လို့လုပ်ရမလဲမသိ။
​နောက်​တော့ရဲရင့်ကိုဖုန်းဆက်ကာ
​နေ​ကောင်းစစ်ကြွယ်ကိုသတင်းလိမ်​ပေးရန်​ပြောရ​တော့သည်။
သတင်းအမှန်ကိုသာသူကို့​ပေးဖို့​နေ​ကောင်းစစ်ကြွယ်ကိုခသက်​ကြွေကတစ်​ယောက်​ထဲ
​အေး​ဆေးပါလို့လိမ်​ပေးရန်​ပြောရ​တော့သည်။
ခု​လော​လောဆယ်​နေ​ကောင်းကိုထိန်းနိုင်ဖို့လိုသည်။


အချစ်၌ကျရှုံးခြင်း(complete)Opowieści tętniące życiem. Odkryj je teraz