part19

1.8K 49 0
                                    

အခုတလောရဲရင့်သတင်းပေးလာ
သည်ကငယ်က
ဘယ်သူနဲ့မှမတွေ့ဘဲတစ်ယောက်တည်း
အေးဆေးနေပါ​သည်​တဲ့။
ရုတ်တရက်ကြီးပြောင်းလဲသွားတာဖြစ်နိုင်ပါ့မလား
ဟိုတစ်ပတ်ကပဲငယ်ကမိုးမြင့်သီဟနဲ့တတွဲတွဲဆို...

"အာကာ အခြေအနေတွေငြိမ်ပီးလားငါပြန်ချင်နေပီဟာ
သေရင်လည်းသေပါလေ့စေတော့ ငယ့်ကို​တွေ့ရမှဖြစ်မယ်"

"မင်းတော့တကယ်ရူးနေပီနေကောင်း အဲ့ဒီ​ငယ်က​ို
မင်းခေါင်းထဲကခနထုတ်ထားလိုက်စမ်းပါ အခုမှ၂ပတ်လောက်ပဲရှိသေးတာ နည်းနည်း​လောက်
သီးခံစမ်းပါကွာ"

"ငယ့်ကိုငါ့ခေါင်းထဲကထုတ်ရမယ်ဟက်လားအာကာ
ငယ့်ကိုငါဒီ​လောက်ချစ်တာဘယ်နည်းနဲ့သူ့ကိုမ​တွေးဘဲ​နေနိုင်မလဲ မင်းမှမချစ်ဘူး​သေးတာမင်းဘယ်နားလည်နိုင်မလဲ"

​ပြောရက်လိုက်တာ​နေ​ကောင်းရယ်မချစ်ဘူးသေးတာတဲ့လား
မင်းရောနားလည်လား ကိုယ်အရမ်းချစ်​နေတဲ့
သူကိုသူငယ်ချင်းလိုဆက်ဆံနေရတာလေ
ကိုယ့်ကိုယ်ကိုထိန်းချုပ်နေရတဲ့ခံစားချက်ကို
မင်းနားလည်ရဲ့လား.....

"ငါကမင်းအတွက်ပြောနေတာပါ မင်းအဲ့​လောက်​တွေ့ချင်​နေလဲ​နောက်တပတ်ထဲငါတို့ပြန်ကြမယ်
လမ်းတဝက်မှာမသေအောင်ပဲဆုတောင်းကြတာ
ပေါ့ကွာ  ဟား  ဟား..."

သူနာကျင်စွာနဲ့​အော်ရီမိသည်။
အာကာ့ရဲ့ဒီလိုပုံစံကိုမ​တွေ့ဘူး​သေးတဲ့​
နေ​ကောင်းစစ်ကြွယ်ကတော့အာကာကိုသာအံအား
သင့်စွာကြည့်​နေသည်။

_____________________________________

ရဲရင့်ကသတင်းပို့သည်။
ခသက်ကြွေနဲ့မိုးမြင့်သီဟတို့ကဖိတ်စာဆိုင်တဆိုင်ထဲဝင်သွား
သည်​တဲ့
ကြားလိုက်ရတဲ့သတင်းကိုသူမယုံနိုင်
ဖိတ်​စာ​ဆိုင်.....
​မွေး​နေ့တခုခုအတွက်သူတို့ဖိတ်စာသွား​ရွေးတာလဲဖြစ်နိုင်တာပဲ
ဒါပေမဲ့သူ့စိတ်ထဲမတင်မကျ
ဒီအကြောင်းသာနေကောင်းသိသွားမယ်
ဆိုရင်
​တော့မ​တွေးရဲစရာပဲ။

"ရဲရင့် ဒီအကြောင်းကိုနေကောင်းလုံးဝသိသွားလို့မရဘူးနော်
မင်းတို့Bossကိုမ​သေချင်​စေဘူးဆိုရင် မင်းနှုတ်လုံပါ​စေ"

"စိတ်ချ​ပါကိုအာကာ"

ခ​သက်​ကြွေ ခ​သက်​ကြွေ မင်းတို့ဘာတေလုပ်ကြဦးမှာလဲ...

_____________________________________

ကိုကိုကသူနဲ့လက်ထပ်ချင်သည်တဲ့။
ချစ်သူသက်တမ်းမကြာသေးပေမဲ့လည်း
သူတို့လက်ထပ်​တော့မည်။
၃နှစ်​လောက်တွဲပီးမှလက်ထပ်ရမယ်လို့ဘယ်သူ
ပြောထား​လဲ အဓိကကသူနဲ့ကိုယ်နဲ့စိတ်တူကိုယ်တူဖြစ်ဖို့ပဲ။
သူလဲလက်ခံလိုက်ပါသည်
ကိုကိုကသူ့ကိုဘယ်လောက်ချစ်လဲဆိုတာ
သူ​သိသည်​။
ကိုရဲရင့်တို့သတင်းယူ​နေတာလည်းသူတို့သိတယ်။
ကိုစစ်ဆီသတင်း​ရောက်ဖို့ပဲသူတို့လည်း​ပေါ်တင်ဖိတ်စာဆိုင်လာခဲ့တာပင်။

"(ခ)ဒါ​လေးကြိုက်လား"

နို့နှစ်​ရောင်ဖိတ်စာ​လေး​ပေါ်မှ​ရွေမှိန်​ရောင်ပန်းပွင့်​သေး​သေး​လေးများပါသောဖိတ်စာရွက်လေးကို
ကိုကို​ကပြ​လာ​ခဲ့ခြင်း
ကိုကိုကသူ့အကြိုက်ကိုတကယ်သိသည်
သူစာအုပ်ကုိုက်တာလဲကိုကိုသိတယ်
သူကော်ဖီကြိုက်တာလည်းကိုကိုသိတယ်
သူရုိးရှင်းတာ​လေး​တေကြိုက်တာလည်းကိုကိုသိ​နေပြန်တယ်။

"ကြိုက်တယ် ကိုကို"

"အကိုဒီပုံစံလေးလိုချင်တယ် စာ​သေချာ​ရေး​ပေးပါ"

"စိတ်ချပါကျ​တော်တို့​သေချာလုပ်​ပေးပါ့မယ်"

သူတို့​ပျော်ရွင်စာဖိတ်စာဆိုင်ထဲမှထွက်လာခဲ့သည်။
ကိုကိုကရှမ်းခေါက်ဆွဲဆိုင်ကောင်းကောင်း
တွေ့ထားတယ်တဲ့  သူ​ရောကိုကို​ရောရှမ်း​ခေါက်ဆွဲအလွန်ကြိုက်ကြသည်။
ကိုကိုကပြောသေးတယ်ဟန်နီးမွန်းကိုပြင်ဦးလွင်
သွားမယ်​တဲ့ အဲ့မှာရှမ်း​ခေါက်ဆွဲ​တေတဆိုင်ပီးတဆိုင်ဝင်စားကြမယ်၊ဒီဇင်ဘာသွားပီးနွားနို့သွား​သောက်ကြမယ်၊ကန်​တော်ကြီးသွားပီး​မျော်စင်တက်မယ်​၊ပိတ်ချင်း​မြေင်​ရေတံခွန်သွားကြမယ်၊တရုတ်ဘုံ​ကျောင်း​ရှေ့ကည​စျေးတန်းသွားကြမယ်တေ​ရော​ပြောတာစုံ​နေတာပါပဲ။
သူပြင်ဦးလွင်တခါမှမရောက်ဘူးပါ
ဒါပေမဲ့ပြင်ဦးလွင်မြို့ဟာတကယ်အေးချမ်းတဲ့မြို့
​လေးဆိုတာ​တော့သူသိသည်။



အချစ်၌ကျရှုံးခြင်း(complete)Where stories live. Discover now