part9

2.4K 77 0
                                    

ည10နာရီ​လောက်ထမြည်​သောဖုန်း​ကြောင့်အာကာအိပ်ချင်မူးတူးနှင့်သွားကို​င်​ရ​သည်။
"ဟယ်လို"

"အာကာ ငါ ..ငါ​နေကောင်း​ပါ မင်းအခုလာလို့ရမလားဟင်"

တဖက်ကငိုသံကြီးနဲ့စကား​ပြောလာ​သော​ကြောင့်အိပ်ချင်စိတ်​တောင်​ပျောက်သွားရသည်။

"မင်း ငို​နေတာလား"

"......"

"ငါအခုလာပီ"

အာကာမှာအကျီ​တောင်မလဲနိုင်​နေ​ကောင်းစစ်ကြွယ်အိမ်သို့​ပြေးရ​တော့သည်။

__________________________________

"ဟာ​ ဟေ့​ကောင်"

​နေ​ကောင်းစ်ကြွယ်​ရှေ့တွင်အရက်ပုလင်းများကအစီအရီ။
ဘီယာတောင်စိတ်ကူးပေါက်မှသောက်တတ်သူက
အရက်ပုလင်းတေနဲ့ဆိုတော့....

သူ​နေကောင်း​ဆီသို့ဖြေးညင်းစွာသွားကာ

"နေကောင်းငါကိုကြည့်စမ်းမင်းဘာဖြစ်လာတာလဲ"

နေကောင်းရဲ့မျက်လုံးများကနီရဲရီဝေနေသည်
​နေ​ကောင်းရဲ့ခုလိုပုံစံ​ကြောင့်သူရဲ့ရင်ဘက်တ​နေရာကဆစ်ခနဲ။

သူ့မှာဖွင့်ပြောဖို့ခွန်အားမရှိပါ
မပိုင်ဆိုင်ရရင်တောင်အနားလေးတော့
နေချင်ပါသည်လေ။

"နေကောင်း ငါကမင်းရဲ့အချစ်ဆုံးသူငယ်ချင်း​လေငါ့ကို​ပြောပြလို့ရပါတယ် "

မင်းက​တော့ငါအတွက်အချစ်ရဆုံးသူဖြစ်​ပေမဲ့ငါက​တော့မင်းရဲ့သူငယ်ချင်းထက်မပိုပါဘူးလေ။

"ငါ...ငါသူ့ကိုနာကျင်​အောင်လုပ်လိုက်မိတယ်"
သူဆိုတာဘယ်သူ့ကိုရည်ညွန်းမှန်းအာကာသိသည်။

"ငါ​နားမလည်​ဘူး ​သေချာ​ပြောပြပါလား"

"ငါ​လေ သူ​ဆန္ဒမပါတဲ့အရာကိုအတင်းယူမိလိုက်တယ် ငါသူ့ကိုနာကျင်​အောင်လုပ်မိပီ"

"ဘာ!"
ပြောပြီးသည်နှင့်နေကောင်းစစ်ကြွယ်ရှုိက်ကြီးတငင်ငိုပါတော့သည်
ဘဝမှာဒီလိုငိုရတာဒုတိယအကြိမ်မြောက်

အာကာ့မှာ​တော့​နေ​ကောင်းစစ်ကြွယ်​ပြောသမျှကိုရင်နာနာနှင့်နား​ထောင်​နေရ​သည်။

"ငါ​လေသူ့ကိုချစ်လို့အဆုံးရူံးမခံနိုင်လို့ခုဘိုလုပ်မိတာပါငါစိတ်ကိုငါမထိန်းချုပ်လိုက်နိုင်ဘူး"

ရုတ်တရက်အရက်ပုလင်းခွံနှင့်သူ့လက်ကို
သူရုိက်ချပလိုက်တဲ့​နေ​ကောင်းစစ်ကြွယ်ကြောင့်အာကာတချက်တော့လန့်သွားပေမဲ့မတားမိ။

"ဒီလက်​နဲ့ ဒီလက်နဲ့ငါသူ့ကိုထိုးမိလိုက်တာ"
ပုလင်းကွဲသွားတာ​တောင်မရပ်ပဲအကွဲနဲ့ဆက်ရုိက်​နေတဲ့​နေ​ကောင်းစ်ကြွယ်ရယ်ပါ။
အ​ကြောစိမ်းများယှက်ဖြာ​နေ​သောဖြူသွယ်သွယ်လက်​ပေါ်မှ​သွေးနီနီတို့ကမြင်မ​ကောင်း
အဆက်မပြတ်ရုိက်​နေ​သော​ကြောင့်လက်မှာအသားဖတ်​တေလန်ကာစုတ်ပြတ်​နေပီ။

"ဟေ့​ကောင်  တော်​တော့ "
ထိုမြင်ကွင်းကိုသူဆက်မကြည့်နိုင်။

​နေ​ကောင်းလက်ထဲမှပုလင်းကွဲကို
ဆွဲယူကာကြမ်းပြင်​ပေါ်ကျ​နေ​သောပုလင်း
အစ​လေးများကို​ကောက်သိမ်း​နေလိုက်​နေသည်။

ဒုတ်ခနဲအသံကြောင့်နောက်လှညိ့ကြည့်လိုက်တော့...

"နေကောင်း! "

အုတ်နရံနှင့်သူ့​ခေါင်းကိုတိုက်​နေ​သော​ကြောင့်အာကာ့မှာအတင်းသွားဆွဲရသည်။

ရပ်သွား​တော့လည်းကြမ်းပြင်မှာထိုင်ချကာမျက်နာကိုသူ့လက်နှင့်အုပ်၍ငိုနေပြန်သည်။

အာကာမှာလည်းဘာမှမတတ်နိုင်တော့..

"ငါဘာဆက်လုပ်ရမလဲအာကာ"

"အဲ့​တာ​တွေ​နောက်မှ​တွေးအခုမင်းဒဏ်ရာ​တေ​ဆေးထည့်ရမယ်"

"ဟင့်​အင်းမလုပ်​ဘူး ဒါကသူ့ကိုနာကျင်​အောင်လုပ်ခဲ့လို့ကိူယ့်ကိုယ်ကို​ပေးတဲ့ပြစ်ဒဏ်​တေပဲ
မလုပ်ဘူး မလုပ်ဘူး"

"​နေ​ကောင်းရာ"

နေကောင်းစ်ကြွယ်မသိသည်ကအာကာလဲအသံမထွက်ဘဲမျက်ရည်ကျနေသည်ကိုပေါ့။

ကောင်လေးသုံးယောက်ဟာနာကျင်မှုကိုယ်စီဖြင့်....

___________________________________


အချစ်၌ကျရှုံးခြင်း(complete)Where stories live. Discover now