part17

1.8K 54 0
                                    

ဒီ​နေ့သူအ​စောကြီးနိုးလာသည်။
ကိုစစ်တို့တောင်သွားပီလားမသိ
ကိုအာကာပါပါမှာတဲ့
သူ့​နဖူး​ကို​တစ်ယောက်ယောက်
နမ်းသွားတဲ့ခံစားချက်ကအိမ်မက်လိုလိုဘာလိုလို...
မနက်စာသွားစားရင်းမိ​အေးကို​မေး​တော့မှ
သူဌေးတို့ကခုနကလေးတင်သွားကြတယ်တဲ့။
မသွားခင်သခင်လေးအခန်းထဲဝင်သွားတယ်
ဆိုကတည်းကကိုစစ်ကသူ့နဖူးကိုနမ်းသွား
တယ်ဆိုတာ​သေချာပီ။

ဘာမှလဲလုပ်စရာမရှိ​တော့TVထိုင်ကြည့်နေလိုက်သည်။
လိုင်း​ပြောင်း​နေရင်းမိုးသစ္စာကTVထဲမှာ​ပါလာ​တော့
သူ​ကြည့်​နေမိ​သည်။

ရုိးရုိး​လေးပါပဲတဲ့
"တခုခု​လို​ချင်ရင် တခုခုရင်းရမယ်"တဲ့
သိပ်​ကောင်းတဲ့ရုိးရှင်းတဲ့စကားပဲ။
သူတောင်နာမည်ကြီးမော်ဒယ်တစ်ယောက်
ဖြစ်လာပီ။
သူတစ်ချက်တော့ပြုံးလိုက်ပါသည်
အရောင်မပါသောဖြူစင်တဲ့အပြုံးဖြင့်။

ကိုကို့ကိုဖုန်းဆက်ရဦးမယ်။
ဖုန်းဝင်သွားတော့တစ်ဖက်မှနှုးညံတဲ့အသံ

"ဟယ်လို(ခ)ကိုယ်အခုပဲဖုန်းဆက်​တော့မလို့"

"အပို​တွေ ကျ​တော့်ကို​မေ့ထားတာမလား"

"မ​မေ့ရပါဘူး(ခ)ရယ် ကိုယ်ခုတ​လောအလုပ်ရူပ်​နေလို့  ဒါနဲ့(ခ)ကိုယ့်ကိုတခု​လောက်ကူညီပါလား"

"အင်း ​ပြော​လေ"

"ကိုယ့်​ကိုလေ ကို​နေစစ်အခန်းထဲမှာUSBရှာ
​ပေးပါလား"

"USB"

"ဟုတ်တယ်(ခ) ကိုယ်လာ​ခေါ်ရင်(ခ)ကို
အားလုံးပြောပြမယ် ဖုန်းမချနဲ့(ခ)"

သူကိုစစ်အခန်းထဲတခါမှမသွားဖူး
"ကိုကို အခန်းထဲ​ရောက်ပီ"

"ဟုတ်​ပီ​ခ "

ဖုန်းကိုspeakerဖွင့်ထားပြီးစာပွဲးပေါ်တင်ထားတာ
USBရှာ​ဖွေ​ရေးလုပ်ငန်းစရ​တော့သည်။
အရင်ဆုုံးအံဆွဲများကိုဖွင့်ကာရှာသည်။
မ​တွေ့
ထို့​နောက်ဗီဒို၊အဝတ်များကြား၊LONG COAT
အိပ်ကပ်​တွေထဲရှာသည်။
မတွေ့ ဗီဒိုအောက်ဖက်နားကြားဗူးတခုတွေ့လို့
သူယူကြည့်ကာဖွင့်လိုက်တော့။

နိုင်ငံခြားဖြစ်သေနတ်တလတ်။
သူ​တော်​တော်လန့်သွားသည်။
ဗူးကိုအမြန်ပြန်ပိတ်ကာ​နေရာတကျပြန်ထားလိုက်သည်။

ကိုကိုကိုပြန်ပြောဖို့စာပွဲနားအလာ
ဓါတ်ပုံတပုံတွေ့သွားသည်။
ပုံထဲမှာအားရပါးရပြုံးရယ်နေသော
ကိုစစ်နဲ့ကိုစစ်နည်းတူပြုံးရယ်နေသော
ဦး​လေး​တစ်ယောက်။

"ကိုကို ဒီမှာပုံတစ်ပုံ​တွေ့ထားတယ် ကိုစစ်နဲ့ဦးလေးကြီးတစ်​ယောက်ပုံ"

"အဲဒါကို​နေစစ်ရဲ့အ​ဖေဖြစ်မယ်(ခ)ကို​နေ​စစ်​အချစ်
ဆုံးဆိုတာသူ့အ​ဖေနဲ့​ဒေါ်မြပဲရှိတယ်"

ဓါတ်ပုံကိုသေချာယူကြည့်နေရင်းဓါတ်ပုံဘောင်
​ဘေးနားတွင်ခလုတ်​သေး​လေးတခု​တွေ့သည်။
သိချင်စိတ်ဖြင့်နှိပ်ကြည့်လိုက်တော့
ကိုစစ်နဲ့သူ့ဖေပုံကဘေးသို့တဖြည်းဖြည်းရွေ့
သွားပီးအထဲတွင်​နေရာတကျထားထား​သော
USB​လေးကို​တွေ့ရသည်။

"ကိုကို USB​တွေ့ပီ"

"ဟုတ်လား​ခ ယူပီးလာခဲ့တော့ ကိုယ်ကားထဲ​စောင့်​နေမယ်"

USBလေးကိုအိပ်ကပ်ထဲထည့်ကာဓါတ်ပုံကိုသေချာ
ပြန်ထားပီးထွက်လာခဲ့သည်။

အချစ်၌ကျရှုံးခြင်း(complete)Where stories live. Discover now