part13

2.1K 62 0
                                    

"မင်းဒီကိုဘာလာလုပ်တာလဲ မိုးသစ္စာ"

"ကိုကိုတို့ကလဲအပြောင်းလဲမြန်သလားမမေးနဲ့ချက်ချင်း​ကိုမိုး​သစ္စာဖြစ်သွား​တော့တာပဲ"
နှုတ်ခမ်း​လေးစူကာ
စိတ်​ကောက်သလို​
ပြောနေသောမိုးသစ္စာကတကယ့်ကို
မိန်းမချောလေးပင်။
တခြားကောင်လေးများအတွက်ပေါ့.....
မိုးသစ္စာကိုသူတွဲခဲ့ရခြင်းမှာငယ့်
အ​ကြောင်းကိုဖုံးဖိထားချင်လို့
တရားမဝင်လုပ်ငန်းများလုပ်သူအဖို့
အမှားအယွင်းရှိလို့မရအားလုံးက
သူ့ကိုဆွဲချင်တဲ့​သူတွေ​ချည်း။
သူ့တို့ကိုမိသွားရင်ကြားထဲကငယ်က
ဒုက္ခရောက်မည်။

"အပို​တွေပြော​မနေ​ဲ့မိုး​သစ္စာ မင်းဘာလိုချင်လဲ​ပြော"

"ဟိုတ​နေ့ညကကိုကို​တောင်းတာ​လေး​ပေးချင်ယုံပါ"
ဟု​ပြောကာသူ့ရဲ့အ​ပေါ်ဝတ်အပါး​လေးကို
ချွတ်လိုက်​တော့မီးခိုး​ရောင်ဖဲသားမကျပ်တကျပ်ဂါဝန်လေးက
သူ့ရဲ့ခန္ဓါကိုယ်ချိုးအစားကိုပေါ်လွင်စေသည်။
ထို့နောက်နေကောင်းစစ်ကြွယ်ရဲ့
လည်တိုင်ကိုဖက်ကာ
နှုတ်ခမ်းကိုထိတော့မည်အလုပ်...
နေကောင်းစစ်ကြွယ်တွန်းထုတ်လိုက်သောကြောင့်
အနောက်မှာရှိတဲ့စာကြည့်စားပွဲနှင့်သူ့ရဲ့ခါး
သွား​တိုက်​တော့​သည်။

အာ့!

"ငါက အဲ့နေ့ကဒီတိုင်းပြောလိုက်တာ မင်းကဒီထိရောက်လာပီးအဲ့လောက်ဖြစ်ပျက်နေ
မယ်လို့မထင်ထား​ဘူး မင်းလိုလူမျိုးကိုငါကအ​ပျော်
ပဲစိတ်ဝင်စားတယ်"

​နေ​ကောင်းစစ်ကြွယ်စကား​ကြောင့်မိုးသစ္စာ​တော်​တော်​ဒေါသထွက်သွားသည်။

"ကျမရှင်နဲ့ဆက်မတွဲနိုင်​တော့ဘူး"

"ဘာလဲငါနဲ့တွဲလို့ရတဲ့ပ်ုက်ဆံကနည်းလို့လား"

"ရှင်ဘာစကား​ပြောတာလဲ"

"မင်းကပိုက်ဆံအတွက်ငါ့ကိုတွဲနေတာမလား အမှန်​ပြော​တော့နာတယ်​ပေါ့"

"ကောင်းပီလေကျမကပိုက်ဆံအတွက် ရှင့်ကိုတွဲတာမှန်ပါတယ် ဒါ​ပေမဲ့"

"ခုနကမင်းခါးနာသွားတယ်မလား စိတ်မပူပါနဲ့​မင်း
အ​ကောက်ထဲပိုက်ဆံ​တေလွှဲ​ပေးလိုက်မယ် သိန်း၁၀၀
​လောက်ဆိုမနည်းဘူးမလား"

"ရှင်အရာရာကို​ငွေနဲ့ဝယ်နိုင်မယ်ထင်​နေတာလား"

"ဘာလဲနည်းပြန်ပီလား"

"ကျမဒီတခါ​လေး​လေးနက်နက်​မေး​နေတာ​နော်ရှင်​ကောင်း​ကောင်း​ဖြေသင့်တယ်"

"တစုံတ​ယောက်ရဲ့အချစ်ကိုမရကတည်းက​ငွေနဲ့အရာရာကိုဝယ်လို့မရနိုင်တာသိသာ​နေတာပဲ​လေ"

အခန်းထဲကထွက်သွား​သော​နေ​ကောင်းစစ်ကြွယ်​ပြောလိုက်​သောစကား​ကြောင့်မိုးသစ္စာ
အ​တွေးများသွားရသည်။
အချစ်​ဟုတ်လား  ​နေ​ကောင်းစစ်ကြွယ်ကချစ်တတ်သည်​ပေါ့.....

ထို့​နောက်သူလည်းအကျီကို
ကပြာကယာပြန်ဝတ်ကာ
လျို့ဝှက်ကင်မရာဖြုတ်ပီးအခန်းထဲမှ​ပြေးရ​တော့သည်။

အချစ်၌ကျရှုံးခြင်း(complete)حيث تعيش القصص. اكتشف الآن