PART - ( 38 )

1.4K 137 12
                                    

Unicode

                        မနက် 7 နာရီခွဲ

              Jane တစ်ယောက်ကတော့ မနက်မိုးလင်းလို့ အိပ်ရာက ထပြီး သန့်ရှင်းရေး
လုပ်ပြီးတာနဲ့ အိမ်ထဲက ထွက်လာခဲ့သည်။
ဆောင်းရာသီမို့လို့ ပတ်ဝန်းကျင်မှာတော့
မြူတွေ အနည်းငယ်စီ အုံ့ဆိုင်းပြီး ချမ်းစိမ့်
အေးစက်နေသည်။

       ဒေါ်လေး Somi က ဒီနေ့ စောစောအလုပ်သွားတော့ Jane လည်း Lisa တို့အိမ်ဘက်ကို အရင်လျှောက်လာခဲ့သည်။ တံခါးဝ မှာပဲ အထဲက ထွက်လာတဲ့ Lisa အမေနဲ့ တန်းတွေ့တော့ Jane က အရင်ဆုံး ပြုံးရယ်လိုက်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်ကာ

" Good Morning ပါ ..အဒေါ်.."

      Lisa အမေကလည်း Jane ကို ပြုံးပြပြီး

" ဪ.. Good Morning ပါ.. Jane ရေ ..
   Lisa ဆီလာတာမလား.."

" ဟုတ်ကဲ့..သူနိုးနေပြီလား..? အဒေါ်.."

" အိပ်နေတုန်း ထင်တယ်..Jane ရေ
   ညက အိပ်တာ နောက်ကျတယ် ထင်ပါရဲ့..
   အပေါ် တတ်သွားလိုက်လေ..
   သူ့အခန်းတံခါး လော့မချထားဘူး
   အဒေါ်ကတော့ ဆိုင်သွားတော့မယ်ကွဲ့ .."

" ဟုတ်ကဲ့ရှင့် ..ဂရုစိုက်သွားပါ..အဒေါ် "

            Jane က Lisa အမေနဲ့ အပြန်အလှန်နှုတ်ဆက်ပြီး အိမ်ထဲကို ဝင်လာခဲ့သည်။

အခုဆို Jane နဲ့ Lisa တို့ ချစ်သူတွေဖြစ်နေကြတာ 3 လကျော်လာပါပြီ ...
ဒီအကြောင်းကိုသိတာဆိုလို့ Chae နဲ့ အစ်ကို Seungri တို့ပဲ ရှိပါသေးတယ်
Jane တို့တွဲနေတာကို Jane ဒေါ်လေးလည်း မသိသေးသလို Lisa အမေလည်း
မသိသေးပါဘူး...

နောက်ကျမှပဲ လူကြီးတွေကို သေချာဖွင့်ပြောတော့မယ်လို့ နှစ်ယောက်လုံး တွေးထားကြတော့လည်း အခုချိန်မှာ ငြိမ်ငြိမ်တိတ်တိတ်လေးတွဲနေတာပါပဲ...

____

           Jane က Lisa အခန်းတံခါးကို ဖြည်း ဖြည်းချင်း တွန်းဖွင့်လိုက်သည်။ ခေါင်းလေးအရင်ဝင်ပြီး အခန်းထဲကို ကြည့်လိုက်တော့ ကုတင်ပေါ်မှာ စောင်လေးခြုံပြီး ကွေးနေအောင် အိပ်ပျော်‌ေနတဲ့ Lisa ကို တွေ့ရ‌ သည်။

          Jane က တစ်ချက်ပြုံးပြီး အခန်းထဲ ဝင်လာကာ Lisa ကုတင်နားမှာ ရပ်လိုက်သည်။ ကုတင်‌ေပါ် ကိုယ်လေး ဘေးတစ်
‌ေစာင်းထိုင်ပြီး အိပ်ပျော်နေတဲ့ Lisa ရဲ့ မျက်နှာလေးကို Jane တစိမ့်စိမ့် ထိုင်ကြည့်နေ‌မိသည်။

ချစ်တာလား .. သနားတာလား ? / Is It Love or Pity ?  ( Jenlisa & Chaesoo ) CompletedWhere stories live. Discover now