PART - ( 35 )

1.4K 139 19
                                    

Unicode

                   2 ပတ်ကြာပြီးနောက်

              မနက်ခင်းအလင်းရောင်လေးက ပြတင်းပေါက်မှန်တံခါးတွေကနေ တစ်ဆင့်
တစ်ဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်လာတော့ Jihyo လည်း နိုးလာခဲ့သည်။

          သူ့မျက်လုံး 2 လုံး ဖွင့်လိုက်တာနဲ့ အမြင်အာရံုတွေက စိုစွတ်ဝေဝါးနေသည်။

သေချာတာပေါ့..
မျက်ရည်တွေ ပါပဲ...

အိမ်မက်တစ်ခုကို ခဏခဏ မက်နေတယ်
အိမ်မက်ထဲမှာ Chae က ကျွန်မကို
ပြန်လာဖို့ လှမ်းခေါ်နေတာ
ငိုသံရောနေတဲ့ သူ့အသံကို ကြားနေရတာ
ကျွန်မ အရမ်းဝမ်းနည်းမိတယ်
ဒါပေမဲ့လည်း ကျွန်မ သူ့ကို လှည့်ကြည့်လို့
မဖြစ်ဘူး...

ကျွန်မ သေ‌ေလာက်အောင် သူ့ဆီကို
ပြန်‌လှည့်ပြေးသွားချင်ပေမဲ့ ကျွန်မ သူ့ဘက်
ကို လ‌ှည့်ကြည့်လိုက်တာနဲ့တင် အဖေက
သူ့ကို အန္တရာယ်ပေးလိမ့်မယ်...

အဲ့တာကြောင့် ကျွန်မ သူ့ကို လစ်လျူရှု
လိုက်ရတယ်...

__

       အိပ်ရာထဲမှာ လှဲနေလျက်နဲ့ သူ့မျက်ဝန်းနားက မျက်ရည်စတွေကို သုတ်လိုက်ရင်း

" ကျစ်..မနက်မိုးလင်းတာနဲ့ မျက်ရည်ကျ
   နေရပါလား .."

          Jihyo သက်ပြင်းချရင်း အိပ်ရာထဲမှာ နဖူးပေါ်လက်တင်ပြီး ဆက်လှဲနေလိုက်သည်။

_
_
_

           အတန်းချိန်တွေပြီးသွားတော့ Chae နဲ့အတူ Lisa နဲ့ Jane တို့က ကျောင်းကန်တင်း မှာ ထိုင်နေကြသည်။

         Chae က တိတ်ဆိတ်စွာနဲ့ပဲ သူ့ Coffee ကို ထိုင်‌ေသာက်နေ‌ပြီး Lisa ကလည်း
သူ့ Coffee ခွက်လေးကို မွှေရင်း ငြိမ်နေ သည်။

ပြောမယ်ဆို Chae ရော ၊ Lisa ရော
အတွေးတွေ ကိုယ်စီနဲ့ပါ။

တစ်ယောက်က အကြောင်းအရင်းမရှိ လမ်းခွဲသွားတဲ့ ချစ်သူကို လွမ်းဖျားလွမ်းနာ ကျနေတဲ့ သူ ...

နောက်တစ်ယောက်က သဘောကျတဲ့သူကိုဖွင့်ပြောချင်တာတောင် ဘာလုပ်ရမှန်း မသိလို့ ဘာကိုမှ အကောင်အထည်မဖော်ရသေးတဲ့ သူ ...

ချစ်တာလား .. သနားတာလား ? / Is It Love or Pity ?  ( Jenlisa & Chaesoo ) CompletedWhere stories live. Discover now