PART - ( 7 )

1.9K 205 1
                                    

Unicode

Jane တစ်ယောက် ကြံရာမရ ဖြစ်နေချိန်
မှာပဲ ထိုလူနှစ်ယောက် အနောက်ကနေ
တစ်စုံတစ်ယောက်က ဖြတ်ခနဲ ရောက်လာ
သည်။ ထိုလူက သူ့လက်ထဲမှာ ပါလာတဲ့
သစ်သားတုတ်နဲ့ Jane ကို နှောင့်ယှက်နေတဲ့
လူနှစ်ယောက်ရဲ့ ‌ေခါင်းကို မြန်မြန်ရိုက်ချလိုက်သည်။

ခွပ်..! ခွပ်...!

အား..!

ဆိုတဲ့အော်သံတစ်ခုစီနဲ့ ထိုလူနှစ်ယောက်
ခေါင်း‌ေတွ ငုံ့ဆင်းသွားပြီး လဲကျသွားကြ
သည်။

အဲ့အချိန်မှာပဲ တုတ်ကို ပစ်ချပြီး Jane ကို အမြန်လက်ဆွဲကာ ပြေးထွက်လာခဲ့တဲ့
ထိုသူ ။

Jane အတွက်တော့ အဖြစ်အပျက်တွေက
မြန်ဆန်လွန်းလို့ ဘာဆက်လုပ်ရမှန်း မသိ
တာနဲ့ ထိုလူနောက်ကနေသာ ပြေးလိုက်ခဲ့
မိတယ်။

အမှန်တိုင်းပြောရရင် Jane ပဲ စိတ်လှုပ်ရှားပြီး ခေါင်းတွေ နောက်နေလို့လားတော့မသိ ။ Jane ကို လာကူပေးတဲ့ ထိုလူရဲ့မျက်နှာကို Jane မမြင်လိုက်ရပါဘူး ...
ဒါပေမဲ့ Jane ရဲ့ လက်ကိုတော့ သူတင်းတင်း
ဆွဲကိုင်ထားတယ်...
သူက မိန်းကလေး တစ်ယောက်
ဟုတ်တယ်..သူ့ပုံစံကို ရင်းနှီးနေတယ်...

ရှေ့က‌နေ Jane လက်ကို ဆွဲကာပြေးနေရင်း ဖြတ်ခနဲ လှည့်ကြည့်လာတဲ့သူ့ကြောင့် Jane အံ့ဩမိတယ်...

" Li..Lisa ...! "

ခပ်ဝေးဝေးကို ရောက်မှပဲ Lisa က ပြေးတာကို ရပ်လိုက်တော့သည်။ Lisa က Jane ရဲ့လက်ကို အရင်လွှတ်ပေးလိုက်သည်။
Jane ကတော့ မောမောနဲ့

" Lisa .. ဘယ်လိုလုပ်ပြီး..? "

" မင်း ရူးနေတာလား..! "

Lisa က ဒေါသသံပါနေတဲ့ စကားကြောင့်
Jane ဆွံအသွားသည်။

" အဲ့လမ်းက တလေဂျပိုးတွေ ၊ ဆေးသမား
တွေ ၊ သူခိုးဓားပြလို လူမျိုးတွေ အမြဲရ‌ှိနေ
တတ်တဲ့ နေရာ...
အဖော်မပါပဲ ဘယ်လိုမှ မသွားသင့်တဲ့
လမ်းပဲ.."

Lisa စကားဆုံးတော့ Jane က

" Jane မှ မသိတာ
ပုံမှန်ဆို အဲ့လမ်းကလည်း မပြန်ပါဘူး
ဒီနေ့ကျမှ ပြန်နေကျ လမ်းက လမ်းခင်းနေ
လို့ ပိတ်ထားတာ
အဲ့တာကြောင့် လမ်းလွှဲ ပြန်ရတာပါ "

ချစ်တာလား .. သနားတာလား ? / Is It Love or Pity ?  ( Jenlisa & Chaesoo ) CompletedWhere stories live. Discover now