ဉက္ကဌကြီးအမိန့်နဲ့ပဲ Jihyo  ကျောင်းကနေ အပြန်ဆိုရင် Company ကို လာပြီး အလုပ်နဲ့ပတ်သတ်တာ‌မှန်သမျှ သင်ယူလေ့လာမှုတွေ လုပ်‌နေရပါပြီ...
အလုပ်ရဲ့ အရာအားလုံးကို နားမလည်နိုင်သေးပေမဲ့လည်း  ကြိုးကြိုးစားစားတော့ လေ့လာနေရတာပါပဲ..

           တည်ငြိမ်ပြီး ခပ်မာမာ မျက်နှာထားနဲ့ Company ထဲကို ‌ေလျှာက်လာတဲ့ Jihyo နောက်ကနေ Teddy က ကပ်လျက်ပါလာသည်။ Company ဝန်ထမ်းများကလည်း
မမလေး ကိုမြင်တာနဲ့ အလိုလိုကို လမ်းရှင်း
ထားပေးကြသည်။

        ဒါပေမဲ့ သူ့ကို မသိမသာ ခိုးကြည့်‌ေနကြပြီး ဝန်ထမ်း‌ေတွထဲကကောင်မလေးတစ်ယောက်က ဘေးကလူကို

" အဲ့တာ ဉက္ကဌကြီးရဲ့ သမီး Kim Jihyo
   ဆိုတာလားဟင်..? "

" အင်း..ဟုတ်တယ်.."

" သူက ‌အရမ်းချောတယ်နော်
   ရုပ်ရှင်မင်းသမီးတွေလိုမျိုးပဲ လှတယ် "

" သိပ်ချောတာ မှန်ပေမဲ့ စိတ်ကတော့
   သိပ်ရှည်တဲ့ သူမျိုး မဟုတ်ဘူးနော်..
   အခု CEO မဖြစ်သေးတာတောင် ခက်ထန်
   နေတဲ့ သူ့ပုံစံကို မြင်တယ်မလား ..

   နင့်ကို သတိပေးထားရမယ်..
   ဖြစ်နိုင်သရွေ့တော့ သူ့ရှေ့ကို မရောက်
   သွားမိစေနဲ့နော်...
   ဘယ်တော့မဆို သူလာနေရင်လည်း
   လမ်းကို ကြိုတင်ဖယ်ပေးထားပေး...
   ကြားလား.."

" ဟုတ်ကဲ့..အစ်မ.."

         Somi တို့လည်း Company ဝန်ထမ်းတွေက တိတ်ဆိတ်ပြီး တစ်စုံတစ်ယောက်အတွက် လမ်းဖယ်ပေးနေတဲ့ပုံ မြင်ရတော့ စိတ်ဝင်တစားနဲ့ လိုက်ကြည့်နေမိသည်။
သူ့တူမ အရွယ်လောက်ပဲ ရှိတဲ့ကောင်မလေးတစ်ယောက်က သူ့နားက‌နေ ဖြတ်‌ေလျှာက်သွားတော့

" အာ..ငါ သူ့ကို မြင်ဖူးနေသလိုပဲ..? "

          Jihyo လျှောက်လာရင်း နောက်ကနေ
အသံတစ်သံ ကြားလိုက်ရသည်။

" ဟိုလေ..တစ်ဆိတ်လောက်.."

     Jihyo က ‌နောက်ပြန်လှည့်ကြည့်လာတော့ သူ့ကို ခေါ်တဲ့ အမျိုးသမီးကို ဝန်ထမ်းတွေကတော့ မျက်လုံး‌ေလးတွေ ပြူးလျက် ဝိုင်းကြည့်နေကြသည်။ အဲ့အမျိုးသမီးက Jihyo ဆီကို လျှောက်လာပြီး Jihyoကလည်း
အဲ့အမျိုးသမီးကို သေချာကြည့်လိုက်တော့ အံ့ဩတုန်လှုပ်သွားသည်။ စိတ်ထဲကနေ

ချစ်တာလား .. သနားတာလား ? / Is It Love or Pity ?  ( Jenlisa & Chaesoo ) CompletedWhere stories live. Discover now