အပိုင်း(၁၄၇)

Start from the beginning
                                    

ကောင်လေးရဲ့ ဆိုဖာပေါ်မှာ တည်ငြိမ်စွာထိုင်နေတဲ့ ပုံစံ ဆိုဖာပေါ်မှာ တစ်ဝက်မှီနေတဲ့ပုံစံလေး.... မျက်ခုံးတစ်ဖက်ပင့်ပြလိုက်တဲ့ ပုံစံလေးက ချောင်လန့်ကို နှလုံးရောဂါတောင် ရစေနိုင်လောက်တယ်လေ။

ဘေးနားက ပွဲကြည့်ချင်ကြတဲ့ အတန်းဖော်တွေကလဲ သူတို့ခုံတွေကို ရွှေ့လာပြီး ဆိုဖာရဲ့နောက်ဘက်မှာ ဘေးဘက်မှာ အကုန်လာထိုင်ကြတော့တယ်။ ချောင်လန်က ထန်းမော့ဘေးကို ခိုးပြီးတိုးသွားလိုက်ပြီး အရှေ့မှာချထားတဲ့ ဘီယာထွက်အတန်းလိုက်ကြီးကို ကြည့်လိုက်တယ်။ ပြီးတော့ အရမ်းကိုစိတ်ဆိုးနေပြီဖြစ်တဲ့ ဟောင်ရင့်ကို ကြည့်လိုက်တယ်။ အဆုံးမှာတော့ သူမကမနေနိုင်တော့ဘဲ ထန်းမော့ကို တိုးတိုးလေးမေးလိုက်တယ်။ " တစ်ကယ်ကြီး သောက်မလို့လား။ နင် ဘယ်လိုသောက်ရတယ်ဆိုတာရော သိရဲ့လား။ "

" မသိဘူး " ထန်းမော့က ရိုးသားစွာနဲ့ ဖြေလိုက်တယ်။ " ငါမသောက်ဖူးဘူး။ "

ဘယ်သူက ဖန်ခွက်တွေအများကြီးကို အပြင်ကနေ ယူခဲ့လဲတော့မသိဘူး အခုစားပွဲပေါ်မှာ ခွက်တွေမှ အများကြီးပဲ။ ခွက်၂၀လောက်တော့ ကျော်မယ်နဲ့တူတယ်။ ချောင်လန့်ခေါင်းက ပူထူသွားတယ်။ " အဲ့တာဆို နင်ကဘာလို့ ပြိုင်မယ်လို့ ကတိပေးလိုက်တာလဲ။ "

ခုနတုန်းက အမူအရာက တစ်ကယ့်ကို ချောပါတယ်။ ဒါပေမဲ့ ဒါက ဟီးရိုးတစ်ယောက်လုပ်ပြနေရမဲ့ အချိန်မဟုတ်ဘူးလေ။

" ဘယ်လိုသောက်သောက် ကိစ္စမရှိပါဘူး " ထန်းမော့က လုံးဝစိတ်မပူဘူး။ " ပြီးတော့.... "

ထန်းမော့က အဲ့အချိန်မှာ ရပ်လိုက်ပြီး သူ့ခေါင်းကိုလှည့်လိုက်ကာ ချောင်လန့်နားနားလေး ကပ်ပြီး ပြောလိုက်တယ်။ " ..... နင့်အတွက် ငါရှုံးလို့မရဘူးလေ။ "

ချောင်လန် : " ..... "

နည်းနည်းလေးတော့ ရင်ထဲထိသွားတယ်။

ဒါပေမဲ့လဲ နိုင်ချင်တယ်ဆိုရင်တောင် ဒီလိုနည်းနဲ့ နိုင်လို့ရတယ်လို့ မဆိုလိုဘူးလေ။

ဟောင်ရင်က ဒီလိုဆိုင်တွေမှာ သောက်တာကို ကျင့်သားရပြီးသားလေ။ အဲ့တာကြောင့် သူကထန်းမော့ကို ပြိုင်သောက်ရအောင်လို့ လာပြီး တိုက်ရိုက်စိန်ခေါ်ရဲတာလေ။ ဒါပေမဲ့ ထန်းမော့က တစ်ခါမှကို မသောက်ဖူးဘူးလေ။ သူက ခွက်တစ်ထောင်သောက်နိုင်လား၊ ခွက်တစ်ဝက်ပဲ သောက်နိုင်လားဆိုတာ ဘယ်သူကသိမှာလဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now