အပိုင်း(၁၄၂)

3.1K 379 11
                                    

Unicode

အဖေချောင်နဲ့ အမေချောင်တို့က နည်းနည်းကြောက်နေသေးတယ်။ ထန်းမော့ရဲ့ မူရင်းခြိမ်းခြောက်စကားက နည်းနည်းယုတ္တိမဆန်ပေမဲ့ သူတို့သားလေးနဲ့ ပတ်သက်တာဆိုတော့ ပိုပြီးဂရုစိုက်တာ ပိုကောင်းမယ်လေ။

ဒါပေမဲ့ ထန်းမော့က တစ်ကယ့်ကို ရှာလို့မတွေ့ခဲ့ဘူးလေ။ စားသောက်ဆိုင်လေးကို တစ်ခြားသူတွေက ငှားလိုက်တာကိုမြင်လိုက်ရတော့ သူတို့မှာက ပိုက်ဆံရှာဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ ပြီးတော့ ချောင်ယွမ့်ရဲ့ ထပ်ခါထပ်ခါ နေမကောင်းဖြစ်တာကလဲ ထင်ထားတာထက်အများကြီး ပိုက်ဆံပိုကုန်တယ်။ နောက်ဆုံးတော့ အဖေချောင်နဲ့ အမေချောင်တို့က ချောင်လန့်ကို နောက်တစ်ခါသွားရှာဖို့ ဆုံးဖြတ်လိုက်ကြတယ်။

အိမ်ပြန်လာပြီး ချောင်ယွမ့်ကို လာကြည့်တဲ့ အကြီးဆုံးအစ်မချောင်က အဖေချောင်နဲ့ အမေချောင်တို့က အခုထိဘာလို့ ချောင်လန့်ကို ရှာဖို့တွေးနေကြမှန်း တစ်ကယ်နားမလည်နိုင်တော့ဘူး။ ချောင်မိသားစုက ဆင်းရဲတဲ့မိသားစုလို့ ခေါ်လို့ရတယ်။ ချောင်ယွမ်ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ပြီးတော့ အစိုးရရဲ့ ဆေးအာမခံလျော်ကြေးက အတော်များတယ်။ ချောင်မိသားစုက အဲ့တာနဲ့ လောက်အောင်သုံးရင်ရတယ်လေ။ ပိုက်ဆံအရမ်းလိုနေတာ မဟုတ်ပါဘူး။ ပြီးတော့ ချောင်လန်က အခုဆို ချောင်မိသားစု အိမ်ထောင်စုစာရင်းထဲမှာလဲ မပါတော့ဘူးလေ။ အစကထဲက ချောင်ယွမ့်ကိုကူညီပေးခဲ့တဲ့ လူရဲ့ တောင်းဆိုချက်က ချောင်လန့်ကို သွားပြီး မနှောင့်ယှက်ဖို့လေ။ ဒါပေမဲ့ အခုသူတို့က ပေးထားတဲ့ စာချုပ်ကိုဖောက်ဖျက်ပစ်ချင်နေတာလေ။

အကြီးဆုံးအစ်မချောင်က မနေနိုင်ဘဲ စကားတစ်ချို့သွားပြောမိတယ်။ ဒါပေမဲ့ အဖွားချောင်က သူမကိုတွန်းဖယ်ပစ်လိုက်တယ်။

အဖွားချောင်က ပြောတယ် လက်ထပ်ပြီးသွားတဲ့ သမီးဖြစ်တဲ့ အကြီးဆုံးအစ်မချောင်က ချောင်မိသားစုဝင်မဟုတ်တော့တာ ကြာလှပြီတဲ့။ သူမက ဘာလို့လာရှုပ်နေတာလဲ ဆိုပြီးတော့ပေါ့။

အကြီးဆုံးအစ်မချောင်က ရုတ်တရက် သူမက ဘာတွေအတွက်ဒီလိုတွေ လုပ်နေရတာလဲဆိုတာ တွေးမိလာတယ်။ သူမက ဘာလို့ ဒီလိုလူတွေအကြောင်းကို စဥ်းစားနေရသေးတာလဲ ဆိုတာကိုပေါ့။

ဗီလိန်ရဲ့ လမ်းပြကြယ်Donde viven las historias. Descúbrelo ahora