အပိုင်း(၉)

6.4K 1K 22
                                    

Unicode
ချောင်လန်က ချိုချဥ်ထုပ်ကို ကိုင်ပြီး စာသင်ခန်းထဲကို ဝင်လာတယ်။ အဲ့မှာ ရုတ်တရက်ကြီး လေထုက ထူးဆန်းနေတယ်လို့ ခံစားချက်ရနေတယ်။

ဒါပေမဲ့ သူမသိပ်မတွေးလိုက်ဘူး။ နေ့လည်ကြရင် ကာယချိန်ရှိနေလို့ အားလုံးက စိတ်လှုပ်ရှားနေကြတာ နေမှာပါ။ ဘာလို့လဲဆိုတော့ အရင်ကာယချိန်၂ချိန်ကို မိုးရွာလို့ self study ချိန်အဖြစ်ပြောင်းလိုက်တာမလို့လေ။
ဒီနေ့တော့ နေက တောက်ပနေတာပဲ။ ကာယချိန်က နေ့လည်ခင်းရဲ့ နောက်ဆုံးအချိန်ပဲ။

ဒုတိယအချိန်ပြီးသွားတာနဲ့ ကျောင်းသားတွေက တစ်ယောက်ပြီးတစ်ယောက် အောက် ထပ်ကို ဆင်းသွားကြတယ်။ ချောင်လန်က သူမ ပစ္စည်းတွေကို သိမ်းလိုက်ပြီး အကျင့်အတိုင်း အနောက်ကို လှည့်ကြည့်လိုက်တယ်။ ထန်းမော့က နံရံအနောက်က အရိပ်သေးသေးလေးမှာ ကွယ်နေပြီး ခေါင်းကို ငုံ့ထားတယ်။ သူက ဒီအသက်ဝင်လှုပ်ရှားနေတဲ့စာသင်ခန်းကြီးနဲ့ ဘာမှမသက်ဆိုင်သလိုပဲ လုံးဝမလိုက်ဖက်ဘူး။

ချောင်လန်လဲ စာအုပ်တွေသိမ်းလိုက်ပြီး အောက်ထပ်ကို ဖြေးဖြေးချင်း ဆင်းသွားလိုက်တယ်။ ကစားကွင်းက စာသင်ဆောင်ရဲ့ ညာဘက်က လမ်းလေးကို ကူးလိုက်ရင် ရောက်ပြီ။ ကျောင်းသား​တွေက အတူစုပြီးစကားပြောနေကြတယ်။ အားကစားအဖွဲ့ကလဲ အားလုံးကို အသင်းဖွဲ့ဖို့ ခေါ်နေကြတယ်။

ကာယဆရာကလဲ ကျောင်းသားတွေက ဘောလုံးကန်ချင်နေမှန်းသိတယ်။ အဲ့တာကြောင့် အားလုံးကို စုပြီး လေ့ကျင့်ခန်းနည်းနည်းလုပ်ခိုင်းပြီးနဲ့ ပြန်သွားတယ်။ ကျောင်းသားတွေကလဲ ပျော်သွားကြပြီး ကစားကွင်းထဲကို ပြေးသွားကြတယ်။

စုန့်ယောင်နဲ့ သူမအဖွဲ့ကလဲ အတူတူသွားကြတယ်။ သူမအနောက်ကို လှည့်လိုက်ပြီး ချောင်လန့်ကို ရှာလိုက်တယ်။

သူမ ဒီရက်ပိုင်း ဘာလုပ်ရင်ကောင်းမလဲ ဆိုတာ စဥ်းစားနေတာ။

သူမက အစတုန်းကတော့ ချောင်လန့်ကို သူမတို့နဲ့ အတူ ကစားဖို့ ခေါ်တယ်။ ဒါပေမဲ့ သူမသူငယ်ချင်းတွေက ချောင်လန့်ကို သဘောမကျကြဘူး။ ချန်ယောင်းရန်ကတောင် ပြောသေးတယ် ချောင်လန်က သူမထင်တဲ့ပုံနဲ့မတူဘူးတဲ့၊ ချောင်လန်က မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေသလိုပဲတဲ့ ဒါ့ကြောင့် သူမကို ချောင်လန်နဲ့ ဝေးဝေးနေသင့်တယ်တဲ့။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now