အပိုင်း(၁၄၆)

1.5K 265 6
                                    

Unicode

wechat gp ကို ဝင်ကြည့်လိုက်တော့ အတန်းခေါင်းဆောင်က အခန်း၁၈ကလူတွေအကုန်လုံးကို မနက်ဖြန်ကျ လာကိုလာရမယ်လို့ ထပ်ခါတလဲလဲပြောထားတာကို တွေ့လိုက်ရတယ်။ အဲ့တာပြီးသွားတော့ သူက ချောင်လန့်ကိုအထူးတလည်သွားရှာပြီး ထန်းမော့ကိုအတူပါအောင်ခေါ်ခဲ့ရမယ်ဆိုပြီး ပြောလိုက်သေးတယ်။

ထန်းမော့ ဘယ်သူပဲ ဖြစ်နေဖြစ်နေ သိပ်ဂရုမစိုက်ဘူးလေ။ အဲ့တာကြောင့် အားလုံးက ချောင်လန့်ကိုပဲ လာပြောကြတာပေါ့။ အတန်းပိုင်ဆရာကတောင် ထန်းမော့အခြေအနေကိုလာပြီး မေးနေသေးတယ်။

ချောင်လန်ကလဲ မနက်ဖြန်ကျ သူမတို့၂ယောက် သေချာပေါက်လာမှာပါလို့ ထပ်ခါတလဲလဲ ကတိပေးလိုက်ရတယ်။ အဲ့ကျတော့မှ သူမဖုန်းက နောက်ဆုံး နည်းနည်းငြိမ်ကျသွားတာလေ။

နောက်တစ်နေ့မှာ သူမနိုးလာတော့ နေ့လည်ခင်းတောင်ရောက်နေပြီ။ ချောင်လန်က ဘယ်တုန်းကမှ ဒီလောက်ငြိမ်းငြိမ်းချမ်းချမ်း မအိပ်ဖူးဘူး။ နိုးလာပြီး သူမအခန်းထဲကထွက်လာတော့ ဧည့်ခန်းထဲကဆိုဖာပေါ်မှာ ထိုင်ပြီးစာအုပ်ဖတ်နေတဲ့ ထန်းမော့နဲ့ ထိပ်တိုက်တိုးပါလေရော။ သူတို့၂ယောက်က တစ်ယောက်ကိုတစ်ယောက် အကြာကြီးစိုက်ကြည့်နေကြတယ်။ ပြီးတော့ ချောင်လန်က ရေချိုးခန်းထဲကို အမြန်ပြေးဝင်သွားတယ်။

သူမမှန်ထဲမှာ သူမပုံသူမ ပြန်စစ်ကြည့်လိုက်တယ်။ ဆံပင်ကနည်းနည်းရှုပ်ပွနေတာကလွဲရင် ကျန်တဲ့တစ်ကိုယ်လုံးကတော့ ကြည့်ရတာ အဆင်ပြေနေသေးပါတယ်။

အဲ့ကျတော့မှ သူမစိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်ပြီး မျက်နှာသစ် သွားတိုက်လုပ်တော့တယ်။

အပြင်မှာရှိနေတဲ့ထန်းမော့က ချောင်လန်က ဘာလို့အမြန်ပုန်းရှိုးကွယ်ရှိုးနဲ့ ပြေးသွားရတာလဲဆိုတာ နားလည်သွားတော့ သူမပြုံးပဲမနေနိုင်ခဲ့ဘူး။ သူ့နားရွက်ထိပ်လေးတွေကတော့ နည်းနည်းနီနေတာပေါ့။

ချောင်လန်မနိုးခင်ကထဲက ချောင်လန့်အခန်းထဲဝင်ပြီး သူမကိုသွားကြည့်လို့ ဘယ်သူက သူ့ကိုပြောလို့လဲ။ သူက သူမအခန်းထဲဝင်ခဲ့ရုံတင်မကဘူး သူက သူမကုတင်ဘေးမှာထိုင်ပြီး ချောင်လန့်ကို အချိန်အကြာကြီးစိုက်ကြည့်နေခဲ့သေးတာလေ။ နောက်ဆုံး ချောင်လန်က ပူလို့စောင်ကိုကန်လိုက်တာကိုလဲ သူမြင်ခဲ့တယ်။ စောင်က ကျသွားတော့ သွယ်လျလှတဲ့ ခြေထောက်၂ချောင်းက ပေါ်လာခဲ့တယ်။ အဲ့ကျတော့မှ သူက ပါးတွေပူကျစ်လာပြီး အခန်းထဲက အမြန်ထွက်လာခဲ့တာလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now