အပိုင်း(၆၈)

5.2K 1K 42
                                    

Unicode
ထန်းမော့ အခုအချိန်မှာမှ သိလိုက်ရတယ်။ သူက သူ့အနာဂတ်အတွက် ကိစ္စတော်တော်များများကို ဘာမှအသေးစိတ် မစီစဥ်ရသေးဘူးဆိုတာကိုပေါ့။ ဒါပေမဲ့ သူအနေနဲ့ သေချာတာတစ်ခုတော့ ရှိတယ်။ အဲ့တာကဘာလဲဆိုတော့ အဲ့အနာဂတ်မှာ ချောင်လန်လဲ တစ်စိတ်တစ်ပိုင်းပါဝင်နေရမယ်ဆိုတာပေါ့။

သူမက ဒီမှာရှိနေမှာဖြစ်တဲ့အတွက် သူက ဘယ်ပြိုင်ပွဲမှ ဝင်မပြိုင်ချင်ဘူး။

ချောင်လန်က အနာဂတ်မှာ ဘယ်ကိုသွားမလဲဆိုတာ သူမသိသေးတဲ့အတွက် ဒီလောက်အစောကြီး သူ့အနာဂတ်ကို မဆုံးဖြတ်ချင်သေးဘူး။

သူက လုံးဝတုံ့ဆိုင်းခြင်းမရှိဘူး။ အဲ့တော့ သဘာဝကျစွာပဲ သူ့အနာဂတ်ရဲ့ဗလာစာရွက်ပေါ်မှာ လူတစ်ယောက်ရဲ့နာမည်ကို ရေးထားပြီးပြီလေ။

ချောင်လန် တဲ့။

ဒီနာမည်တစ်ခုပဲ ရှိတယ်။ တစ်ခြားဘာမှမရှိဘူး။

ပထမဆုံးအကြိမ်အနေနဲ့ သူက ချောင်လန့်အပေါ် အရမ်းမှီခိုနေတယ်ဆိုတာ သူသေသေချာချာ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတယ်။

ရုတ်တရက် သူစာကြောင်းတစ်ခုကို တွေးလိုက်မိတယ်။ ပိုးဖလံကောင်က အမြဲတစေ မီးရောင်နောက်ကို လိုက်နေတယ် တဲ့လေ။

ပြန်စဥ်းစားစရာလဲမလိုဘူး။ ခွဲခြားစရာလဲမလိုဘူး။ ချောင်လန်က သူ့ရဲ့အလင်းရောင်ဖြစ်ပြီး အလင်းရောင်သွားတဲ့နောက်ကို သူက လိုက်နေမှာပဲ။

သူမရဲ့အလင်းရောင်မရှိဘဲနဲ့ဆိုရင် သူ့ဘဝကြီးက အရင်ကလိုပဲ အမှောင်ထုထဲကို ပြန်ကျသွားလိမ့်မယ်။ အဲ့ထက်တောင်ပိုပြီး သည်းခံဖို့ ခက်ရင်ခက်နေဦးမှာ။ ဒါကိုတွေးလိုက်မိတော့ ရုတ်တရက် သူ Emily Dickinson ရဲ့ကဗျာတစ်ပုဒ်ကို သတိရသွားတယ်။

Had I not seen the sun

I could have borne the shade

But light a newer wilderness

My wilderness has made

ထန်းမော့က ဒါကဘာကိုဆိုလိုတာလဲဆိုတာ နားမလည်နိုင်ဘူး။(မင်မင်လဲ မပြန်တက်ဘူး😂😂) သူသိတာက သူကတော့ ဒီအလင်းရောင်မရှိဘဲ မနေနိုင်ဘူးဆိုတာပဲ။ မြက်ပင်တွေ နေရောင်မရှိဘဲ အသက်မရှင်နိုင်သလိုပဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Où les histoires vivent. Découvrez maintenant