အပိုင်း(၁၃၄)

4.3K 591 42
                                    

Unicode

အန်တီချန့်ကို နှုတ်ဆက်ပြီးသွားတော့ သူတို့၂ယောက်လုံး အိမ်ထဲက ထွက်လာခဲ့ကြတယ်။ ထန်းမော့က အစတုန်းက ဖြေးဖြေးချင်းလျှောက်နေရာကနေ ချက်ချင်းကြီး ကားရှေ့ကို မြန်မြန်လျှောက်သွားခဲ့တယ်။ ချောင်လန့်ရဲ့လက်တွေက ကားတံခါးပေါ်လဲ ရောက်ရော ထန်းမော့က အနောက်ကနေ ရုတ်တရက် ဆွဲလိုက်တယ်။ လက်တစ်ဖက်က ချောင်လန့်လက်ပေါ် ဖိထားတယ်။ အခုထန်းမော့အရပ်က ချောင်လန့်ထက် ခေါင်းတစ်လုံးစာလောက်ပိုရှည်တော့ ချောင်လန့်နောက်မှာရပ်လိုက်တော့ လုံးဝကိုချောင်လန့်ကို ကွယ်သွားစေခဲ့တယ်လေ။ ကောင်လေးက ချောင်လန့်ကို အနောက်ကနေ လူတွေမမြင်နိုင်အောင်ကာထားလိုက်ပြီး သူ့လက်တစ်ဖက်မှာလဲ ချောင်လန့်ရဲ့ ကျောင်းလွယ်အိတ်ကိုကိုင်ထားကာ သူ့ရဲ့မေးက ချောင်လန့်ပုခုံးပေါ်မှာ တင်ထားတယ်။ ပြီးတော့ ပြောလိုက်တယ်။

" ဒီနေ့မပြန်နဲ့ "

ချောင်လန်က ထန်းမော့ရဲ့ ရုတ်တရက်အပြုအမူကြောင့် လန့်သွားခဲ့တယ်။ ဒီလိုအပြုအမူက အရမ်းကိုနီးကပ်နေတယ်လေ။ ဘေးနားမှာက လူတွေအများကြီးပဲ ဖြတ်သွားဖြတ်လာလုပ်နေကြတာ။ ချောင်လန့်နားရွက်တွေက ပူထူလာပြီး စိုးရိမ်စွာ ပြောလိုက်တယ်။ " ကျောင်းက မနက်ဖြန်ပဲ စတော့မှာလေ။ ဖယ်ဦး တစ်ယောက်ယောက်တွေ့သွား........ "

ထန်းမော့က ခေါင်းကိုထောင်လိုက်ပြီး ဘေးဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်တယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်နဲ့ ချောင်လန့်ကိုပိုပြီးတော့တောင် ကာပေးလိုက်သေးတယ်။ " ဒီလိုဆိုရပြီ။ ဘယ်သူမှ မမြင်ရတော့ဘူး။ "

ချောင်လန် : " .....    "

တစ်ခါတစ်လေကျ ရှက်နေတယ်၊ တစ်ခါတစ်လေကျ ကျိုးကြောင်းမဆီလျော်ဘူး၊ တဟ်ခါတစ်လေကျ အထိန်းအကွပ်မရှိဘူး။ ချောင်လန်က တစ်ကယ်ပဲ ထန်းမော့ရဲ့ အစအဆုံးမရှိတဲ့ စိတ်ကို မဖတ်တက်တော့ဘူး။

" မနက်ဖြန်မနက်မှ ပြန်လေ။ ဒီနေ့ည ဒီမှာနေဦး။ " ထန်းမော့က ချောင်လန့်နားနားလေးကပ်ပြီး ပြောလိုက်တယ်။

" တစ်ကယ်ပဲ ညမှာ ဘာလုပ်မှာမလို့လဲ " ချောင်လန်က ဒီတိုင်းပဲ ပါးစပ်ထဲက လွှတ်ခနဲထွက်သွားတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now