အပိုင်း(၁၁၆)

4K 658 19
                                    

Unicode

ချောင်လန်က ဆေးသောက်ပြီးစောစောအနားယူလိုက်တော့ သူမရဲ့နဂိုကျန်းမာရေးအခံက ကောင်းတာကြောင့်မလို့ ၂ရက်ကြာပြီးသွားတော့ ပြန်ကောင်းလာခဲ့တယ်။ တစ်ဖက်မှာတော့ ပိုင်ယွီက ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ နှာညှစ်တာကို လုပ်နေခဲ့တယ်။ ပြီးတော့ သူမက တိုင်တည်လိုက်တယ်။ " ငါဒီတစ်ခေါက် ဖျားတာပျောက်သွားရင် ငါနင်နဲ့အတူလိုက်ပြေးတော့မယ်ဟာ။ "

သူတို့၂ယောက်လုံးက သက်တူရွယ်တူပဲဆိုပေမဲ့ ချောင်လန့်ကိုယ်ခံအားစနစ်က သူမထက်အများကြီးပို အကြမ်းခံတယ်လေ။ ပိုင်ယွီနဲ့ချောင်လန်တို့၂ယောက်လုံးက ဖျားကြတာပဲ။ ဒါပေမဲ့ အဆုံးမှာတော့ ချောင်လန်က ၂ရက်လောက်ကြာတော့ လုံးဝပျောက်သွားပြီး ပိုင်ယွီကကျတော့ နေ့တိုင်းနေ့ ခေါင်းတွေမူးပြီးသေမလိုဖြစ်နေတာလေ။

ပိုင်ယွီက သူမစားပွဲခုံဘေးနားမှာ အမှိုက်ထုတ်ချိတ်ထားရတယ်။ အဲ့အိတ်ထဲမှာကတော့ အများစုက သုံးပြီးသားတစ်ရှူးတွေပဲဖြစ်တယ်။ တစ်ရှူးအထုပ်အသစ်ကိုဖောက်နေရင်းနဲ့ သူမက ချောင်လန်နဲ့ ဟိုအကြောင်းဒီအကြောင်းပြောလိုက်တယ်။ " လန်လန် နင်က ဘာလို့ finance သင်ချင်တာလဲ။ ငါက ငါဘာသင်ချင်လဲဆိုတာ အခုထိ မသေချာသေးဘူး။ ငါ့မိဘတွေကတော့ ငါ့ကို နောက်ကျရင် ကျောင်းဆရာမ ဒါမှမဟုတ်ရင် ကောလိပ်မှာ ပါမောက္ခဖြစ်စေချင်တာ။ ငါကတော့ အဲ့လိုလုပ်မဲ့အစား သေပဲသေလိုက်တော့မယ်။ "

ဒါက မေဂျာတွေလျောက်တဲ့အချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဓလေ့ပါပဲ။ မိဘတော်တော်များများက သူတို့ကလေးတွေကို ပညာရေးနဲ့ပတ်သက်တဲ့မေဂျာတွေ ဒါမှမဟုတ် ဆေးပညာတို့ကို ရွေးပြီးလျှောက်စေချင်ကြတယ်။ ဘာလို့လဲဆိုတော့ အဲ့လိုမေဂျာတွေက အတည်တကျလဲဖြစ်ပြီး လစာလဲများများရတဲ့ အလုပ်တွေမလို့လေ။ ဒါပေမဲ့ ကျောင်းသူကျောင်းသားတော်တော်များများကတော့ အဲ့လိုမေဂျာတွေကို မကြိုက်ကြဘူး။ ပိုင်ယွီလိုပေါ့။ သူတို့က ဆရာ ဆရာမ ဖြစ်ရမဲ့အစား သေပဲသေလိုက်ချင်ကြတာလေ။

ဘာပဲပြောပြော သူတို့က ကျောင်းသူကျောင်းသားအဖြစ်နဲ့ ကျောင်းမှာနေလာတာ နှစ်ပေါင်းက မနည်းတော့ဘူးလေ။ သူတို့က သူတို့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို ကျောင်းမှာပဲ ထပ်ပြီး မကုန်ဆုံးချင်ဘူးလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now