Unicode
အဖေချောင်နဲ့ အမေချောင်တို့က အကြီးဆုံးအစ်မချောင်ဆီကနေ ယွမ်၃သောင်းပဲ ရတော့ ဒုတိယအစ်မချောင်ဆီလှမ်းတောင်းကြတယ်။ ဒါပေမဲ့ ဒုတိယအစ်မချောင်ကလဲ ခက်ခဲနေတယ်လေ။
ဒုတိယအစ်မချောင်ရဲ့ ယောက်ျားက ချမ်းသာလို့ သူမက အမေချောင်ကို အရင်တုန်းက မုန့်ဖိုး ယွမ်၂သောင်းတောင် ပေးခဲ့ဖူးတယ်လေ။ အဲ့တာကြောင့် ဒီလိုမျိုးတွေဖြစ်လာတော့ သူမက ပိုက်ဆံပိုသေးသင့်တယ်။ ဒါက အကျိုးအကြောင်းဆီလျော်တယ်လို့ ထင်နေတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ဒုတိယအစ်မချောင်က မပေးနိုင်ဘူးဖြစ်နေတယ်။
နောက်တစ်မျိုးပြောရရင် ငြင်းလိုက်တာပေါ့။
အမေချောင်က လန့်သွားခဲ့တယ်။ ဘယ်လိုလုပ် မပေးနိုင်ရမှာလဲ။ သူမယောက်ျားက အရမ်းချမ်းသာတာပဲဟာကို။
အမေချောင်က သူမယောက်ျားအကြောင်း ပြောလိုက်တော့ ဒုတိယအစ်မချောင်က ပိုပြီးတော့တောင် ဝမ်းနည်းသွားတယ်။
သူတို့ရန်မဖြစ်ခင်တုန်းက သူမက သူမယောက်ျားအသစ်ဖွင့်ထားတဲ့ ဟော့ပေါ့ဆိုင်လေးကို စီမံခွင့်တောင်းခဲ့တာလေ။ သူမက အလုပ်ကောင်းကောင်း လုပ်ချင်ခဲ့တာပါ။ ဒါပေမဲ့ သူမဆိုင်ဖွင့်ပြီးလို့ ၁လတောင်မကြာလိုက်ဘူး လုပ်ငန်းလိုင်စင်အသိမ်းခံရပြီး ဆိုင်ပိတ်လိုက်ရမယ်ဆိုတာ ဘယ်သူက ထင်ထားမှာလဲ။
ဆိုင်လဲ မရှိတော့ဘူး။ အဲ့ထဲမှာ ရင်းနီးမြုပ်နှံ ထားတဲ့ ပိုက်ဆံတွေကလဲ ရှုံးကုန်တယ်။
သူမကို ပုံမန်ဆို သူမယောက်ျားက အလိုလိုက်ထားတာလေ။ ဒါပေမဲ့ သူက အဲ့နေ့ကစပြီး ရူးသွားတယ်။ သူမကိုလဲ နေ့တိုင်း ဆူဆဲတယ်။ ပြီးတော့ တစ်ခါတုန်းကဆို သူမူးလာပြီး သူမကို ရိုက်တောင်ရိုက်သေးတယ်။
ဒုတိယအစ်မချောင်က ကြောက်လွန်းလို့ တစ်ညလုံးငိုတောင် မငိုရဲခဲ့ဘူး။ ဒါပေမဲ့ သူမက သူမယောက်ျားကိုလဲ ပြန်မပြောရဲဘူး။
ဆိုင်ပိတ်လိုက်ရတာကလဲ တစ်ကယ်သူမကြောင့်လေ။ ပြီးတော့ ပိုက်ဆံကလဲ သူမမှာမရှိဘူး။ အဲ့တာကြောင့် အခု သူမက ဘယ်လိုလုပ် သူမယောက်ျားကို ပိုက်ဆံထုတ်ပေးပါ ဆိုပြီး သွားပြဿနာရှာရဲမှာလဲ။ သူမက အခု ယောက်ျားဆီက ကပ်စားနေရတဲ့ ဘာမှမလုပ်နိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်နေပြီလေ။ တစ်ကယ်လို့ သူမက အခု သူမယောက်ျားကို သွားပြီး စလိုက်မိရင် အခုသူမမှာ ရှိတာလေးတွေတောင် အကုန်ကုန်သွားနိုင်တယ်လေ။
YOU ARE READING
ဗီလိန်ရဲ့ လမ်းပြကြယ်
Romanceဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗီလိန်နေရာကဆိုတာ သိသွားတဲ့အချိန်မှာ သူမ ဘယ်လို ကံကြမ္မာကိုပြောင်းလဲမလဲ.... သူမရဲ့ ရှေ့ရေးတက်လမ်းအတွက် ဘယ်လို ပြင်ဆင်မှုတွေလုပ်မလဲ.... ပြီးတေ...