အပိုင်း(၁၂၈)

3.3K 556 8
                                    

Unicode

အထက်တန်းရဲ့ ခက်ခဲလှတဲ့ နေ့ရက်တွေက နှစ်သစ်ကူးမတိုင်ခင် ၂ရက်အလိုမှာ ပြီးဆုံးသွားခဲ့တယ်။ အတန်းဖော်တွေကလဲ အိမ်ကိုအမြန်ပြန်ဖို့ စိတ်စောနေကြတယ်။ ဆောင်းရာသီကျောင်းပိတ်ရက်ကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ဖို့ပေါ့။

ချောင်လန်က ထန်းမော့အိမ်မှာ နှစ်သစ်ကိုကုန်ဆုံးတာ ဒါက၃နှစ်မြောက်ပဲ။

မနှစ်တုန်းက နှစ်သစ်ကူးကို အခုထိ သူမသေသေချာချာမှတ်မိသေးတယ်။ အဲ့တုန်းက အခုအချိန်နဲ့ စိတ်ခံစားချက်ချင်းက လုံးဝမတူဘူး။ အဲ့အချိန်တုန်းက သူမက ထန်းမော့အပေါ်ထားတဲ့ သူမခံစားချက်တွေကို နားမလည်ခဲ့ဘူး။ နှစ်သစ်ကူးတောင် မကုန်ဆုံးသေးခင်မှာပဲ ထန်းမော့က အမေရိကားကို ထွက်သွားခဲ့ပြီး နှစ်ဝက်လောက် ပျောက်ကွယ်သွားခဲ့တယ်။

အဲ့အချိန်တုန်းက သူမနှလုံးသားထဲမှာ ပြောပြလို့မရတဲ့ စိတ်ပျက်အားငယ်မှု ဝမ်းနည်းမှုတွေ ရှိနေခဲ့တာ။ အဲ့တာက ဘယ်လိုလဲဆိုတာကိုလဲ သူမမပြောပြတက်ဘူး။ အဲ့အချိန်တုန်းက ထန်းမော့က အရမ်းကိုစိတ်အခြေအနေမကောင်းခဲ့ဘူး ဆိုတာကိုပဲ သူမမှတ်မိတယ်။ သူမက ထန်းမော့ကို အကြိမ်များစွာမေးဖူးတယ်။ ဒါပေမဲ့ ထန်းမော့ က ဘာမှမပြောပြခဲ့ဘူး။

၁၂လပိုင်း ၂၉ရက်နေ့မှာ ချောင်လန်က ထန်းမော့ကို အပြင်ကိုအတင်းဆွဲခေါ်လာခဲ့တယ်။ အပြင်လောကရဲ့နှစ်သစ်ကူးကို တစ်ခါမှ မခံစားဖူးတဲ့ ကောင်လေးကို အပြင်ကိုခေါ်ထုတ်လာခဲ့တာပေါ့။

လမ်းဘေးတွေမှာ အနီရောင်မီးပုံးတွေအပြည့်ပဲ။ ပြီးတော့ လမ်းသွားလမ်းလာတွေကလဲ နေရာအနှံ့မှာ ဟိုသွားဒီသွားလျှောက်သွားနေကြတယ်။ လူတွေထူထပ်ပြီး အသက်ရှူလို့တောင် မဝဘူး။ ဒါပေမဲ့ ဒီလိုပုံနဲ့က နှစ်သစ်ကူးရဲ့ ပျော်ရွှင်မှု အရသာကို ပိုပြီး ပြည့်ပြည့်ဝဝခံစားလို့ရတာပေါ့။ ထန်းမော့က တစ်ခြားသူတွေနဲ့နီးကပ်ရလို့ဖြစ်လာတဲ့ စိတ်မသက်မသာမှုကို အကောင်းဆုံးကြိုးစားပြီး နေသားကျအောင် လုပ်ခဲ့တယ်။ ပြီးတော့ ချောင်လန့်ကိုလဲ မျက်စိဒေါက်ထောက်လိုက်ကြည့်ရတယ်။ ဒါပေမဲ့ သူမက လူအုပ်ကြီးနဲ့ မတော်တဆညှပ်ပါသွားတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ