အပိုင်း(၁၀၉)

4.3K 740 13
                                    

Unicode

အစတုန်းက သူက အဆင့်၁နေရာမှာမြဲမြံစွာ ရပ်နေတဲ့သူလေ။ ပြီးတော့ သိပ္ပံဘာသာရပ်စာမေးပွဲတွေမှာဆိုလဲ အမှတ်ပြည့်တွေ ရအောင်ယူခဲ့တဲ့ တစ်ဦးတည်းသောသူလေ။ အခု သူက ပြန်လာရုံတင်မကဘူး wheelchair ပေါ်ကနေလဲ ဆင်းနိုင်သွားပြီလေ။

ဒီနေ့ထန်းမော့ကို တွေ့လိုက်တဲ့ ကျောင်းသားကျောင်းသူ တော်တော်များများက သူ့အကြောင်းကို ပြောနေကြတယ်။

" သူက မတ်တပ်ရပ်နိုင်သွားပြီ။ တစ်ကယ် ငါတွေ့ခဲ့တာ။ ငါသူ့ကို ကိုယ်တိုင်သွားပြီး ကြည့်လာတာ။ သူ့ခြေထောက်တွေက တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကို ငါမြင်တောင်မမြင်နိုင်တော့ဘူး။ "

" ငါလဲ ဘာလို့လဲတော့မသိဘူး။ ဒါပေမဲ့ ထန်းမော့ မတ်တပ်ရပ်လိုက်တော့ သူ့တစ်ကိုယ်လုံးက တောက်ပနေသလို ခံစားရတယ် သိလား။ ငါဘာလို့ ထန်းမော့က ဒီလောက်ချောတယ်ဆိုတာကို အရင်တုန်းက မသိခဲ့တာပါလိမ့်။ "

" ထန်းမော့က အဲ့လောက်မချောသင့်ပါဘူး။ သူက ချန်ယောင်းရန်တို့ ဟောင်ရင်တို့လောက် မချောဘူး။ ဒါပေမဲ့ အရမ်းကြည့်ကောင်းတယ်။ ငါက တစ်ကယ်ကြိုက်သွားပြီ။ "

" ငါ့ရင်ထဲက နံပါတ်၁ နတ်ဘုရားက ပြောင်းသွားပြီဆိုတာ ငါကြေညာလိုက်ပြီ။ အရင်တုန်းက ချန်ယောင်းရန်က နံပါတ်၁လေ။ ဒါပေမဲ့အခုတော့ သူက နံပါတ်၂ဖြစ်သွားပြီ။ ပြီးတော့ ထန်းမော့က နံပါတ်၁နေရာကို တိုးသွားပြီ။ ဘာပဲပြောပြော သူက အရမ်းကိုတော်တဲ့ ဥာဏ်ကြီးရှင်ပဲလေ။ သူကိုယ်တိုင်ကိုက မီးပွားတွေ ထုတ်လွှတ်နေသလိုပဲ။ "

မတ်တပ်ရပ်နိုင်သွားတဲ့ ထန်းမော့က မသန်မစွမ်းဆိုတဲ့ ဂုဏ်ပုဒ် ပျောက်သွားပြီး ရုတ်တရက်ကြီး ပိုချောပိုထူးချွန်လာခဲ့တယ်။

ဘယ်သူမှ သူ့ကိုထပ်ပြီး မစော်ကားကြတော့ဘူး။ ဘယ်သူမှ သူ့ကို အထင်မသေးကြတော့ဘူး။ သူ့အတန်းဖော်တွေကို သူ့အကြောင်းပြောတဲ့အချိန်ကျ သူတို့တောင်မသိလိုက်ဘဲ သူ့ကို ချက်ချင်းကိုပဲ ချန်ယောင်းရန်တို့ ဟောင်ရင်တို့အဆင့်ထိ ရောက်အောင် ပို့လိုက်သလိုဖြစ်သွားတယ်။ ရုပ်ရည်၊ မိသားစုအခြေအနေ၊ အဆင့် ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ထန်းမော့က အဲ့လူ၂ယောက်ထဲ ဘယ်နေရာကမှ မလျော့ဘူး။ သူတို့ထက်တောင် ပိုကောင်းနေသေးတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now