အပိုင်း (၃၄)

6.2K 1.1K 44
                                    

Unicode
ချောင်လန်က သူ့ကို တွန်းလိုက်ပြီး အနောက်ကို လှည့်လိုက်တယ်။ ပြီးတော့ သူမရဲ့ စာရွက်ကို ထန်းမော့စားပွဲပေါ်ကို တင်လိုက်တယ်။

သူမ နံပါတ်၈လုံးကို မြန်မြန်ရေးလိုက်တယ်။ ဒါပေမယ့် ၉လုံးမြောက်လည်း ရောက်ရော ၇လား ၈လားဆိုတာ သေချာ မမှတ်မိတော့ဘူး။

မေးခွန်းမေးတဲ့ ကောင်မလေးက နောက်ကောင်လေးတစ်ယောက်ရေးထားတာကို လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်တယ်။ " နင်က အရမ်းမှားတာပဲ။ count down က ..... "

ချောင်လန်က တစ်ကယ် မမှတ်မိတော့ဘူး။ အဲ့တာနှင့် သူမက random နံပါတ်တစ်ခုကို မှန်းရေးတော့မယ့် အချိန်မှာ သူမပဲ ကြားနိုင်လောက်တဲ့ အသံနှင့် ထန်းမော့က တိုးတိုးလေး ပြောတာကို ကြားလိုက်ရတယ်။ " ၈ ၄ ၆ ၇ ၂ ၈ "

ချောင်လန်က တွေးတောင် မတွေးတော့ဘဲ ထန်းမော့ပြောသမျှ အကုန်ချရေးလိုက်တော့တယ်။

ထန်းမော့က ကြောင်သွားတယ်။ သူ့မှတ်ဥာဏ်က မှားနေမှာကို သူမ မကြောက်ဘူးလား။

ကောင်မလေး count down ရေနေတာ ပြီးသွားတယ်။ ပြီးတော့ သူမက ၃ယောက်လုံးရဲ့ စာရွတ်တွေကို သူတို့လက်ထဲကနေ အမြန်ဆွဲယူလိုက်တယ်။ သူမက စာရွက်တွေကို ဖတ်ပြီး ရယ်တော့တယ်။ " နင် ၃ခုမြောက် နံပါတ်ကို ဘယ်လိုလုပ် မှားရတာလဲ။ ဖေးနင် နင်က နံပါတ်၃လုံးမှားတယ်။ ချောင်လန်ကတော့ ...... အာ? ချောင်လန် နင်က အမှတ်ပြည့်ပဲ။ ငါပြောသားပဲ မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးတွေထက် မဆိုးပါဘူးဆို။ "

" နင်ကလဲ ငါတို့ရဲ့ မှတ်ဥာဏ်ကို ချောင်လန်နဲ့တော့ယှဥ်လို့မရ.. " ဖေးနင်ကပြောလိုက်တယ်။

ချောင်လန်က အဲ့နေရာမှာပဲ ပြုံးလိုက်ပြီးတော့ အနောက်ကို လှည့်လိုက်တယ်။ ပြီးတော့ ထန်းမော့ကို သက်ပြင်းချလိုက်ပေမဲ့ သူမ မျက်နှာပေါ်မှာတော့ အပြုံးလေးက ရှိနေတုန်းပဲ။ " နင်ဘာလို့ ဒီလောက်တောင် မိုက်ရတာလဲ "

သူ့မျက်စိရှေ့က ကောင်မလေးက အရမ်းကို တောက်ပတယ်။ သူ့ကို ကြည့်ရင်း သူမ စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်။ သူက လူတွေသူ့ကို ရူးနေတာ တုံးလိုက်တာ ဆိုပြီးပြောတာကို အသားကျနေပြီ။ သူက ဟိုအရင်ကထဲက ဘာကိုမှ မခံစားတော့တာကို အသားကျနေပြီ။ ဒါပေမဲ့ ချောင်လန့်စကားကိုကြားလိုက်ရတော့ သူရင်ထဲကနေလိုက်ပြီး ပျော်လာရတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Tempat cerita menjadi hidup. Temukan sekarang