၃၇။အဆုံးမရှူံးခံ အချစ်။အဆုံးမရႉံးခံ အခ်စ္
Start from the beginning
" ငါက လူစကားပဲပြောတာလေကွာ"
" မင်းက ဘာတွေမလုံမလဲဖြစ်နေတာလဲ "
ဒေါသမှာ ငယ်ထိပ်ထိကိုရောက်ကာ
မျက်လုံးပြာတတ်၍ ကျွန်တော် ဘာကိုမှ
မမြင်တော့ပါ။
ထိုင်ကနေ ဇတ်ကနဲ ထကာ
ဒီကောင့်ကိုထိုးဖို့ လက်အပြင်
" တော်ကြစမ်း"
" မင်းတို့ချင်းသွေးသားမတော်ဆက်ပင်မဲ့
ငါဒီမှာ လူကြီးတစ်ယောက်လုံးရှိနေတယ်လေကွာ "
" အာဂ စိတ်တိုတိုင်းလက်ပါတာမကောင်ဘူး "
" အေးဆေးပြောပြလေ "
အဖေ့စကားကြောင့် ထိုင်ခုံသို့နေရာတကျသာ
ပြန်ထိုင်းကာ ဒေါသကိုထိန်းယူရသည်။
" သားကလည်း အာဂမကြိုက်မှန်းသိရင်
မစနဲ့ စကားနိုင်မထိုးနဲ့ "
" ညီအကိုချင်းပဲ "
" အခုလိုလက်ပါတာကောင်းကြလား "
အဖေ့သာစကားပြောနေသည် နှစ်ယောက်သားတော့
ဆွေစောင်းကြည့်မပြတ်ပင်။
" ကျွန်တော် ဆေးခန်းအလုပ်ကိစ္စသွားစရာ
ရှိလို့သွားလိုက်ဦးမယ်ဗျာ "
ခေါင်းရှုပ်ရှုပ်နဲ့ ထထွက်ဖို့အပြင်ငနဲသားမှထကာ
" ငါ့လည်းခေါ်သွားလေကွာ "
" ငါလည်းပျင်းတယ် လိုက်ခဲ့မယ် "
" မင်းက ငါးနှစ်သားကလေးလား ခေါ်ရအောင်
နေခဲ့ချည် "
" ငါရှုပ်တယ်မခေါ်နိုင်ဘူး "
" သားရယ်ခေါ်သွားလိုက်ပါ "
" သူမှာ ဘယ်မှမသွားရသေးဘူးအခုထိ "
အဖေတို့ကတော့ ကြားကနေ အတင်းထိုးထည့်နေလေ။
ဒီငနဲသား အကြောင်းသိရဲ့သားနဲ့ပင်။
" ခေါ်သွားတာကဟုတ်တယ်အဖေရဲ့ "
" ကျွန်တော့်ကား အကို့ဆိုင်မှာ
အဲ့တော့ အရင် Taxi နဲ့ ကားသွားယူရမှာ "
" နေပြီးမှ တခြားကိုဆက်သွားရမှာ "
" ဘာဖြစ်ဖြစ်ငါလိုက်မယ်ကွာ "
" အပြင်ထွက်ချင်လို့ "
နောက်ကနေကိုအတင်းတိုးကပ်ပြီး
လိုက်လာတော့သည်။
ဘယ်ဘဝက ဝဋ်ကြွေးကြောင့်လဲမသိနိုင်။
အိမ်ရှေ့ကနေ Taxi ရှိရာလမ်းထိပ်ကို
လမ်းလျှောက်ရသေးသည်။
အိုလီဗာ လည်း ထားခဲ့မှာဆိုးတာနဲ့
နောက်ကနေ မကွာပဲကိုလိုက်လေသည်။
You've reached the end of published parts.
⏰ Last updated: Feb 17, 2022 ⏰
Add this story to your Library to get notified about new parts!