အပိုင်း(၁၄၅)

Start from the beginning
                                    

ဒီတစ်ခေါက်မှာ သူမထန်းမော့ကို မတွေ့ခဲ့ရင်ရော ဘယ်လိုလုပ်မလဲ။

ဖြစ်နိုင်တာက အရင်လိုပဲ အလုပ်တွေနဲ့ပြည့်နေတဲ့ ဘဝမှာပဲ နေနေရဦးမှာပဲ။ ဒီတစ်ခေါက်က ပိုပြီးတော့တောင် ခက်ခဲနေဦးမှာ။ ဘာလို့လဲဆိုတော့ သူမက ပိုက်ဆံရှာရတာတင်မဟုတ်ဘဲ ဂုတ်သွေးစုပ်တဲ့ ချောင်မိသားစုကိုပါ ပတ်​ရှောင်နေရဦးမှာမလို့လေ။

ဒါပေမဲ့ အခုတော့ အရာအားလုံးက မတူတော့ဘူး။ ချောင်လန်က အရင်လိုပဲ မိဘမဲ့ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ အခုသူမမှာ သူမကိုချစ်ပေးမဲ့လူတစ်ယောက်ရယ်၊ နေဖို့အိမ်ရယ် ရှိနေပြီလေ။

သူမက ထန်းမော့ကို အရမ်းမှီခိုနေမိတာလား၊ ဒါမှမဟုတ် ထန်းမော့သူမကိုပေးတဲ့ လုံခြုံစိတ်က အရမ်းတစ်ကယ့်အစစ်ကြီးဖြစ်နေလို့လားတော့ ချောင်လန်မသိဘူး။ အခုအချိန်မှာ ချောင်လန်က စိတ်အေးလက်အေးနဲ့နေနိုင်တယ်။ ပြီးတော့ တစ်ခြားအတန်းဖော်တွေလိုမျိုး မိတ်စုံစားပွဲတွေကိုလဲ သွားနိုင်တယ်။ ဒီ၃လတာ အားလပ်ရက်မှာ သူမက ပင်ပင်ပန်းပန်းကြီး နေစရာမလိုဘူး။

wechatကို ဖွင့်လိုက်တော့ ဖုန်းထဲမှာပေါ်လာတဲ့ မက်ဆေ့တွေက ဘယ်တော့မှ ရပ်မသွားခဲ့ဘူး။ ရှန်းရှောင်ဟန် ချောင်လန့်ကိုပို့ထားတဲ့ မက်ဆေ့က တစ်ခြားမက်ဆေ့တွေကြောင့် ဟိုးအောက်ဆုံးကို ရောက်သွားခဲ့ပြီ။

ထိပ်တန်းကျောင်းသူတစ်ယောက်အနေနဲ့ ချောင်လန်က ဒီအချိန်မှာ သူမ အသုံးဝင်မှုကို အကောင်းဆုံးပြသခဲ့တယ်။ ပိုင်ယွီ့လို စာမေးပွဲမှာ ကောင်းကောင်းဖြေခဲ့ခဲ့ မဖြေခဲ့ခဲ့ သိပ်ပြီးဂရုမစိုက်ဘဲ အပျော်ရှာဖို့ပဲ ကြိုးစားနေတဲ့လူတွေလဲ ရှိပေမဲ့ စာမေးပွဲပြီးတဲ့အချိန်မှာ မသေချာမရေရာမှုတွေကြောင့် တုန်ရီနေကြတဲ့လူတွေလဲ ရှိတယ်လေ။ ကျောင်းသူကျောင်းသားတစ်ချို့က ချောင်လန့်ဖုန်းကို မက်ဆေ့တွေပို့ပြီး ဒီမေးခွန်းက ဘာကြီးလဲလို့ လှမ်းလှမ်းမေးကြတယ်။

သင်္ချာမှာ နောက်ဆုံး MCQ ကို ဘာရွေးခဲ့တာလဲ?? အင်္ဂလိပ်စာမှာ အမှားပြင်တဲ့နေရာမှာ ဝိဘတ်မှားနေတာများ ရှိလား??

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now