အပိုင်း(၁၄၁)

Zacznij od początku
                                    

ထန်းမော့က ကြောင်သွားတယ်။ ပြီးတော့ သူ့မျက်လုံးတွေက နူးညံ့သွားပြီး ခေါင်းငြိမ့်ကာ " အင်း " လို့ပြောလိုက်တယ်။

ကိုယ်ခံပညာသင်ရတာက အစကထဲက ချောင်လန့်အတွက်ပဲ။ ချောင်လန်က ဒီလိုကိုယ်ခံပညာတွေကို သင်ဖို့လိုကို မလိုဘူး။ သူသင်ရင် လုံလောက်ပြီ။ ပြီးတော့ သူက သူမဘေးမှာ တစ်ချိန်လုံး ရှိနေမှာပဲလေ။

ည၉နာရီခွဲလောက်ထိ လေ့ကျင့်ပြီးသွားတော့ ချောင်လန်က အိမ်ပြန်တော့မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ထန်းမော့ ဦးလေးချန်ကို အိမ်ပြန်လွှတ်လိုက်ပြီး သူမလက်ကိုဆွဲကာ ဆန့်ကျင်ဘက်အရပ်ကို လျှောက်သွားလိုက်တယ်။

ချောင်လန်က ထန်းမော့ကို အိမ်မပြန်ဘဲ ဒီအချိန်ကြီးမှ ဘယ်သွားမလို့လဲ လို့ မေးလိုက်ချင်နေတယ်။ ဒါပေမဲ့ သူမက ပါးစပ်ကို ပိတ်ထားလိုက်တယ်။

ချောင်လန်က အရင်ဘဝတုန်းက သူမဘဝက မလွယ်ကူခဲ့ဘူး။ သူမက ကလေးဘဝကထဲက လူကြီးဖြစ်လာတဲ့အထိ အရာအားလုံးကို တိုက်ခိုက်ယူခဲ့ရတယ်။ အဲ့လိုဘဝမျိုးမှာ သူမက အမြဲတမ်း အလုပ်ကိုပဲကြိုးစားခဲ့ရတယ်။

သူမငယ်ငယ်လေးတုန်းက ထမင်းတစ်လုတ်စားဖို့ရအတွက် တိုက်ခိုက်ခဲ့ရတယ်။ အလယ်တန်းရောက်တော့လဲ အထက်တန်းမှာ ထောက်ပံ့ကြေးရအောင်လို့ စာကြိုးစားခဲ့ရတယ်။ အထက်တန်းရောက်တော့လဲ စားဝတ်နေရေး ပြေလည်အောင် ပညာသင်ဆုရဖို့ စာနဲ့ရုန်းကန်ခဲ့ရတယ်။ နောက်ကျ တက္ကသိုလ်တက်တော့လဲ နေထိုင်စရိတ်အတွက် မနားတမ်း အချိန်ပိုင်းအလုပ်တွေကို ပြေးလွှားခဲ့ရတယ်။

သူမအဆင့်တွေက အမြဲတမ်း အတော်ဆုံးတွေထဲမှာ ပါတယ်။ ပြီးတော့ သူမအကျင့်စရိုက်ကလဲ ကောင်းတယ်။ သူမရုပ်ရည်က အခုချောင်လန်လောက်တော့ မလှပေမဲ့ လှတဲ့ထဲမှာတော့ ပါတယ်။ အထက်တန်းကနေ တက္ကသိုလ်အထိ သူမကိုကြိုက်လို့ လိုက်ခဲ့ကြတဲ့ ကောင်လေးတွေလဲ ရှိတယ်။ ဒါပေမဲ့ ချောင်လန်က ဘယ်တုန်းကမှ ဘယ်တစ်ယောက်ကိုမှ လှည့်မကြည့်ခဲ့ဘူး။

သူမက အရင်ဘဝတုန်းက အသက်၂၀ကျော်သွားပေမဲ့ သူမရဲ့ အတွေ့အကြုံက လုံးဝကို ဗလာကြီးပဲလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Opowieści tętniące życiem. Odkryj je teraz