အပိုင်း(၁၃၉)

Zacznij od początku
                                    

ချောင်လန်နဲ့ ထန်းမော့တို့က အပြစ်ရှိကြောင်း ဝန်ခံစာ၊ တောင်းပန်စာ ရေးခဲ့တယ်။ ချောင်လန်ကတော့ လေးလေးနက်နက်နဲ့ စာလုံး၈၀၀ကို လိမ်လိမ်မာမာ ရေးခဲ့တယ်။ ထန်းမော့စာမှာတော့ စာကြောင်းတစ်ကြောင်းပဲ ရှိတယ်။ တောင်းပန်ပါတယ်ဆရာ ကျွန်တော်မှားပါတယ် တဲ့လေ။

သူတို့၂ယောက် ဘာတွေလုပ်နေမှန်း ဘယ်သူမှ မသိကြဘူး။ ဘယ်သူက သူတို့၂ယောက်ကို စာဒီလောက်တောင်အောင် လုပ်ခိုင်းခဲ့လို့လဲ။ ပိုင်ယွီတောင်မှ အတန်းပိုင်ဆရာက သူတို့ကို စာနဲ့ပတ်သက်လို့ ခေါ်ဆွေးနွေးတယ်လို့ ထင်နေတာလေ။

နောက်ဆုံးတော့ အတန်းပိုင်ဆရာက သူတို့၂ယောက်ကို ပညာပေးတာ ပြီးသွားတော့တယ်။ ပြီးတော့ ကျောင်းမှာ နောက်တစ်ခါဒီလို ရဲတင်းတာမျိုး မလုပ်ဖို့ တင်းတင်းကြပ်ကြပ် တားမြစ်လိုက်တယ်။

အဲ့တာကြောင့် ပညာအပေးခံလိုက်ရတဲ့၂ယောက်က နောက်ဆုံးတော့ ရက်အတော်ကြာ ငြိမ်းငြိမ်းချမ်းချမ်းနေကြတော့တယ်။

တစ်ကယ်တော့ အဲ့တာက အတန်းပိုင်ဆရာ့ကြောင့်မဟုတ်ပါဘူး။ ချောင်လန့်ရဲ့ ဖွင့်ပြောမှုကြောင့် ထန်းမော့က နောက်ဆုံးတော့ သူ့ကိုဂနာမငြိမ်အောင်လုပ်နေတဲ့ ကိုယ့်ကိုယ်ကိုသံသယဖြစ်မှုတွေကို ပြီးဆုံးအောင် လုပ်နိုင်သွားခဲ့တယ်လေ။ ဖွင့်ပြောတာက အရမ်းကိုချိုမြိန်တာရယ်၊ သူက တုံ့ပြန်တာအရမ်းနှေးတာကြောင့်ရယ်လေ။ အရူးတစ်ယောက်လိုပဲ ရက်အတော်ကြာ ပျော်နေခဲ့တယ်။

သောကြာနေ့ည ချောင်လန့်စကားလုံးတွေရဲ့ ပါဝါကနှေးကျသွားပြီဆိုတော့မှ ထန်းမော့ရဲ့ ချိုမြိန်ပြီး ရီဝေဝေဖြစ်နေတဲ့ ခေါင်းက နောက်ဆုံးတော့ ကျိုးကြောင်းသင့် စဥ်းစားနိုင်သွားပြီလေ။ နောက်ဆုံးတော့ အရူးလေးက မတုံးတော့ဘူး၊ စိတ်လှုပ်ရှားလာတယ်။

ညနေပိုင်းစာကြည့်ချိန် ပြီးခါနီးတော့ ချောင်လန်က ထန်းမော့ wechat မက်ဆေ့ကို ရခဲ့တယ်။ ထန်းမော့က သူက စာသင်ဆောင်ရှေ့မှာ ရောက်နေတယ်လို့ ပြောတယ်။

ချောင်လန်က စင်မြင့်ပေါ်မှာထိုင်နေတဲ့ bio ဆရာကို လှမ်းကြည့်လိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Opowieści tętniące życiem. Odkryj je teraz