အပိုင်း(၁၃၈)

Zacznij od początku
                                    

အဲ့တာကြောင့် ထန်းမော့က ချောင်လန့်လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ့နှလုံးက အသေခုန်နေတာကို ဖိနှိပ်ထားလိုက်ကာ လေးလံစွာနဲ့ ပြောလိုက်တယ်။

" နင်ကဘာလို့..... "

ထန်းမော့က ခဏရပ်လိုက်တယ်။ နောက်ဆုံးတော့မှ ခက်ခဲစွာနဲ့ စာကြောင်းကို ပြီးအောင်ပြောလိုက်တယ်။

" ........ ဘာလို့ ငါ့ကို တွဲတာလဲ?? "

ဒီတစ်ခေါက်တော့ ချောင်လန် အေးခဲသွားရမဲ့အချိန်ဖြစ်သွားတယ်။

ဘာလို့လဲဆိုတော့ ထန်းမော့က သူမကိုဘာလို့ ဒီလိုမေးခွန်းမျိုးကို မေးရတာလဲဆိုတာ ချောင်လန်က နားမလည်နိုင်လို့လေ။

သူမတို့၂ယောက်က လွန်ခဲ့တဲ့ ၂နှစ်လုံးလုံးမှာ ကိစ္စတွေအများကြီးကို အတူဖြတ်ကျော်လာခဲ့ရပြီးပြီ၊ ပြီးတော့ သူမတို့က တစ်ယောက်ကိုတစ်ယောက်လဲ အရမ်းသိကြတယ်။ အဲ့တာကြောင့် ဘာတွေပဲဖြစ်လာဖြစ်လာ ဒီကိစ္စက အချိန်တစ်ခုပဲလိုတာလို့ သူမကခံစားမိတာလေ။

သူ့ကိုဘာလို့တွဲရတာလဲ?? ဘာလို့လဲဆိုတော့ ငါကနင့်ကို အရမ်းကြိုက်လို့ပေါ့။ ပြီးတော့ အချိန်အကြာကြီး သဘောကျခဲ့ရတာမလို့ပေါ့။ ဖြစ်ချင်တော့ နင်ကလဲ ငါ့ကို သဘောကျတယ်လေ။ အဲ့တာကြောင့် ငါတို့က တွဲကြတာပေါ့။

ဘယ်လောက်တောင် သဘာဝကျပြီး အသင့်ဖြစ်လိုက်သလဲ။

သူတို့၂ယောက်ထဲမှာ တစ်ယောက်ကမှ ဒီလိုစကားမျိုးတွေကို မပြောဖူးပေမဲ့ သူတို့မျက်လုံးထဲက အကြည့်တွေ၊ ပြီးတော့ သူတို့အပြုအမူတွေထဲကနေ ဒီအချစ်ကို သိသိသာသာ မြင်နိုင်နေတယ်လေ။ သူတို့ မတွဲခင်တုန်းကလဲ ဖက်ပြီး အသေပြင်းပြင်းထန်ထန် နမ်းခဲ့ကြတာလေ။ အဲ့တာကြောင့် ချောင်လန်က ဒါကို ရှင်းပြစရာမလိုဘူးလို့ ထင်ခဲ့တာလေ။ သူမထင်တာက ထန်းမော့ကလဲ သူမလိုပဲပေါ့။ အရာအားလုံးကို နားလည်နေပြီလို့ ထင်ခဲ့တာ။

ဒါပေမဲ့ အခုထန်းမော့က သူမကို ရုတ်တရက်ကြီး သူမကဘာလို့ သူ့ကိုတွဲတာလဲ လို့ မေးနေတယ်။

ထန်းမော့က လုံးဝနားမလည်ခဲ့ဘူးပဲ။

သူမက သူ့ကိုဘယ်လောက်တောင် သဘောကျထဲဆိုတာကို သူကနားမလည်ခဲ့ဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Opowieści tętniące życiem. Odkryj je teraz