အပိုင်း(၁၃၇)

Začať od začiatku
                                    

ဘာဖြစ်လို့လဲ ချောင်လန်က ခေါင်းကိုငုံ့လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်။ ဒါပေမဲ့ ထန်းမော့က ဘာမှမပြောဘဲ သူမကို စိုက်ကြည့်နေတယ်။ ချောင်လန်က ထန်းမော့ရဲ့ တုန်နေတဲ့ မျက်လုံးလေးတွေကို ကြည့်လိုက်တယ်။ ပြီးတော့ ထန်းမော့ရဲ့ အတင်းဆုပ်ထားတဲ့ ဘယ်ဘက်လက်လေးကို ကြည့်လိုက်တယ်။

ထန်းမော့လက်ကောက်ဝတ်ကို လူမမြင်အောင် လှမ်းဆွဲလိုက်ပြီး ထန်းမော့လက်သီးဆုပ်ကို အားနဲ့ဖယ်လိုက်တယ်။ ပြီးတော့ လက်ချောင်းတစ်ချောင်းချင်းစီကို ဖြေလိုက်တယ်။ နောက်ဆုံးတော့ သူ့လက်ထဲမှာ တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်စွပ်အပြတ်လေးကို တွေ့လိုက်ရတယ်။

ချောင်လန်က စိတ်လဲတိုတယ်၊ စိတ်လဲပင်ပန်းတယ်။

Asperger ရောဂါက ဖြစ်တဲ့လူတွေကို တစ်ခြားသူတွေရဲ့ခံစားချက်ကို နားမလည်အောင် လုပ်တဲ့အပြင် သူတို့ကို မစဥ်းစားရမဲ့အရာတွေကိုလဲ လျှောက်စဥ်းစားစေတယ်။ ထန်းမော့မှာက လုံခြုံတဲ့စိတ် နည်းနည်းလေးမှ မရှိဘူး။

ချောင်လန်က သက်ပြင်းချလိုက်တယ်။ ပြီးတော့ ထန်းမော့လက်ထဲက လက်စွပ်အပြတ်လေးကို ယူလိုက်ပြီး သူ့ရဲ့တောင့်နေတဲ့ လက်ကို ကိုင်လိုက်တယ်။ ပြီးတော့ ထန်းမော့လက်ချောင်လေးတွေကို ဆုပ်ကိုင်ရင်း အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။ " ဒါက ဒီတိုင်းသစ်ပင်က အကိုင်းသေးသေးလေးနဲ့ လုပ်ထားတာလေ။ တစ်ကယ့်လက်စွပ် အစစ်မှမဟုတ်တာ။ အရမ်းမခိုင်ဘူးလေ။ အဲ့တော့ ပြတ်သွားတာက ပုံမန်ပါပဲ။ နင့်လက်ကို ဖြန့်လိုက်။ "

ထန်းမော့က တုံ့ဆိုင်းနေပြီးမှ သူ့လက်ကို ဖြန့်လိုက်တယ်။ ချောင်လန်က ထန်းမော့လက်ချောင်းပေါ်ကို နောက်ထပ်တစ်ခု ထပ်ချည်ပေးလိုက်တယ်။ ဒီတစ်ခေါက်တော့ ချောင်လန်က အရမ်းကို ချည်တာခိုင်အောင်လို့ အလေးအနက်ထားကာ လုပ်ပေးခဲ့တယ်။

" တစ်ကယ်လို့ ပြတ်သွားရင် ပြန်ချည်လိုက်ရင် ကောင်းသွားတာပဲလေ။ " ချောင်လန်က နောက်ဆုံးတော့ လက်စွပ်သေးသေးလေးကို ပြန်ချည်လို့ပြီးသွားတယ်။ " ရပြီ။ ငါတို့ မော့မော့လေးရဲ့ လက်ချောင်းလေးတွေက တစ်ကယ်ကို အရမ်းလှတာပဲ။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now