အပိုင်း(၁၃၃)

Start from the beginning
                                    

နေပါဦး သူက ဘာလို့ရုတ်တရက်ကြီး ခံပြင်းနေသလို မတရားခံနေရသလိုကြီး ဖြစ်နေတာပါလိမ့်??

အန်တီချန်က သူတို့၂ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို မသိဘူး။ သူတို့ကို ဘာလို့အိမ်ကိုဖုန်းလှမ်းမဆက်တာလဲလို့ ပြောလိုက်ပြီး သူတို့ကို အမြန်ရေနွေးနွေးလေးနဲ့ရေချိုးလိုက်ကြဖို့ တိုက်တွန်းလိုက်တယ်။ အအေးမမိအောင်လို့ပေါ့။ သူမက မီးဖိုချောင်ထဲကို ပြေးသွားလိုက်ပြီး အစာပြေစားဖို့ လုပ်ပေးခဲ့တယ်။

ထန်းမော့က ရေမြန်မြန်ချိုးလိုက်တယ်။ သူထွက်လာတော့ ချောင်လန်က ရေချိုးခန်းထဲမှာပဲ ရှိနေသေးတယ်။

အန်တီချန်က အဆာပြေမုန့်လေးတွေရယ် ကြက်စွပ်ပြုတ်ရယ်ကို ပြင်ဆင်လာခဲ့တယ်။ ထန်းမော့က မုန့်ကိုတစ်ကိုက်ကိုက်လိုက်ပြီး မီးဖိုချောင်တံခါးရဲ့ အပြင်ကို လှမ်းလှမ်းကြည့်နေခဲ့တယ်။ အန်တီချန်ကလဲ ထန်းမော့စိတ်လွင့်နေတာကို သတိထားမိတယ်။ အန်တီချန်ကတော့ သူမလုပ်ထားတဲ့ စွတ်ပြုတ်က စားမကောင်းလို့လား လို့ထင်နေမိတယ်။ ထန်းမော့က အန်တီချန့်ကို ကြည့်လိုက်တယ်။ ပြီးတော့ အမြန်ကုန်အောင်သောက်လိုက်တယ်။

အဲ့တာလဲပြီးရော အန်တီချန်က သူ့ကို အိပ်ခန်းထဲကို အမြန်တွန်းပို့လိုက်ပြီး အိပ်ဖို့ ဆော်ဩလိုက်တယ်။

ထန်းမော့ : " ....... "

အဲ့တာကြောင့် သူပြောပါတယ် အိမ်ကိုစောစောပြန်လာလို့မဖြစ်ပါဘူးဆို။ လုပ်စရာရှိသမျှ အားလုံးကို အပြင်မှာပဲ လုပ်ခဲ့ရမှာ။ အခုအိမ်ပြန်ရောက်လာတာနဲ့ အကုန်လုံးပျောက်ကွယ်သွားပြီလေ။

ထန်းမော့က ခံပြင်းစွာနဲ့ကုတင်ပေါ်ကို လှဲလိုက်တယ်။ အပြင်ဘက်ကိုလဲ နားစွင့်နေရင်းပေါ့။ နောက်ဆုံးတော့ ရေချိုးခန်းတံခါးက ပွင့်လာခဲ့တယ်။ ချောင်လန့်ရဲ့ တရွှတ်ရွှတ်နဲ့ ဖိနပ်သံကိုကြားရတယ်။ ပြီးတော့ ချောင်လန်နဲ့ အန်တီချန်တို့အသံကို လဲကြားလိုက်ရတယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေတာလဲဆိုတာထိတော့ မကြားရဘူး။

အဆုံးမှာတော့ ချောင်လန်က မျက်နှာချင်းဆိုင်က အိပ်ခန်းထဲကို ဝင်သွားပြီး တံခါးပိတ်သံကို ကြားလိုက်ရတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now