ဝင်္ကပါ (မှတ်တမ်း - ၄)

5.3K 852 1.3K
                                    

Unicode 🌸

လွဲချော်မှန်းမသိ
လွဲချော်နေဆဲ

ပျောက်ဆုံးမှန်းမသိ
လမ်းပျောက်ဆဲပဲ

ဝင်္ကပါဆိုတာ
ထိုကဲ့သို့
အဆုံးထိ လှည့်စားမြဲ။

======= ဝင်္ကပါထဲကသရဲစံအိမ်=======

ဇာတ်လိုက်ကျော်ကြီး ၇ ယောက် စီးနင်းလိုက်ပါသွားသော Taxi နောက်သို့ အပြေးလိုက်ကာ အခြေအနေအရပ်ရပ်အား နှစ်ကိုယ်ကြားပြောပြပေးရန် စာရေးသူမှ စာဖတ်သူတို့အား တောင်းဆိုခဲ့ပါသော်လည်း

၁။ သူတို့နောက်ကို လိုက်သွားဖို့ Taxi ကားခ မရှိလို့ စာရေးသူထံမှ ငွေပြန်ချေးနေတဲ့ အဖွဲ့က တစ်ဖွဲ့။

၂။ "လိုက်မယ်နော် ခဏလေး" ဟုဆိုကာ စက်ဘီးပဲ ဆွဲထုတ်နေသလိုလို ...
ခြေကျင်ပဲ ပြေးလိုက်တော့မလိုလို ...
အဝတ်ဗီဒိုထဲက အင်္ကျီတွေ ထည်လဲရွေးရင်း သူတို့နဲ့တွေ့ရမှာမို့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အလှပဲစိမ်ပြေနပြေ ထိုင်ပြင်နေသလိုလိုနဲ့
ဟိုလိုလို ဒီလိုလိုများစွာဖြင့်
အချိန်ဆွဲနေကြတဲ့ အဖွဲ့က တစ်ဖွဲ့ ။

၃။ "မလိုက်ချင်ပါဘူး လိုက်သွားပြီးပြောလိုက်တဲ့အခါ သရဲအိမ်မသွားတော့ရင် အတွဲချောင်းလို့ ဘယ်ရတော့မှာလဲ" ဟု မချိုမချဉ်အပြုံးကြီးဖြင့် ပြုံးကာဆိုရင်း အတွဲချောင်းရရေး ဒို့အရေးဟူသော အတွဲချောင်းရတာ ဝါသနာပါလွန်းတဲ့ အဖွဲ့က တစ်ဖွဲ့ ။

စသဖြင့် အမျိုးမျိုး ကွဲထွက်နေကြသော အဖွဲ့တွေကို ကြုံတွေ့ခဲ့ရပြီးနောက်

အဆုံးသတ်မှာတော့ Taxi နောက်သို့ လိုက်ပြောပေးမဲ့သူ တစ်ယောက်မှမရှိဖြစ်ကာ အခြေအနေအရပ်ရပ်အား ဘာမှ မသိနားမလည်သေးသော ကောင်လေး ၇ ယောက်ကတော့ သရဲစံအိမ် သွားဖို့အတွက် အကြိတ်အနယ်ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက်ချတော့မည်ပင် ဖြစ်ပေတော့သည်။

-------- Ghost House ---------

Ghost House Admin ထံမှအပြန် အိမ်အပြန်လမ်းသို့ ဦးတည်ကာ တရွေ့ရွေ့သွားနေသော Taxi ကားလေးပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လိုက်ပါရင်း နမ်ဂျွန်းတစ်ယောက် သက်ပြင်းအကြိမ်ကြိမ်သာ ချနေမိတော့တယ်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now