အပိုင်း(၁၃၂)

Start from the beginning
                                    

Einsteinတို့ Bill Gates တို့မှာလဲ ရှိကြတာပဲ။ ဒါပေမဲ့ သူတို့ကို ဘယ်သူကမှ လူထူးဆန်းတွေလို့ မခေါ်ကြဘူး။ အားလုံးက သူတို့ကို ဥာဏ်ကြီးရှင်တွေလို့ပဲ ထင်ကြတာလေ။

" တစ်ခြားသူတွေရဲ့ အမြင်တွေဆိုတာ အများကြီးပဲရှိတယ်။ နင်က ဘာလို့ သူတို့အမြင်တွေကို ဂရုစိုက်နေတာလဲ။ နင်က ငါ့ကိုအလေးထားတာလား၊ ဒါမှမဟုတ် တစ်ခြားသူတွေကိုအလေးထားတာလား။ "

" နင့်ကို အလေးထားတာ " ထန်းမော့အသံက ကွဲအက်နေတယ်။ " နင်တစ်ယောက်ထဲကိုပါပဲ။ "

ချောင်လန့်မျက်လုံးတွေက ပိုပြီးနူးညံ့လာတယ်။ သူမက လက်ကိုမြှောက်လိုက်ပြီး ကောင်လေးရဲ့ အောက်စိုက်ကျနေတဲ့ မျက်နှာလေးကို ပြန်တည့်ပေးလိုက်တယ်။ ပြီးတော့ သူမကိုတည့်တည့်ကြည့်ခိုင်းလိုက်ပြီး စကားလုံးတစ်လုံးချင်းစီကို အလေးအနက်ထားပြီး ပြောလိုက်တယ်။

" ငါတစ်ယောက်ထဲကိုပဲ အလေးထားတယ်ဆိုမှတော့ ငါ့ကိုပဲကြည့်နေတော့လေ။ "

" ငါ့မျက်လုံးထဲမှာလဲ နင်တစ်ယောက်ပဲ ရှိတယ်။ အဲ့တာကြောင့် နောက်ဆိုရင် တစ်ခြားသူတွေဘာတွေးတွေး နင်ဂရုစိုက်စရာမလိုဘူး။ "

ငါရှိနေရင် နင်လွတ်လွတ်လပ်လပ်နေလို့ရတယ်။

ထန်းမော့က ချောင်လန်ကအရမ်းလွန်တာပဲလို့ ခံစားလိုက်ရတယ်။

ဒီလောက်လှပတဲ့ စကားတွေကို ဘယ်လိုလုပ်လွယ်လွယ်လေးပြောထွက်နိုင်ရတာလဲ။ သူမရဲ့ စကားတစ်ခွန်းလေးက သူ့ရဲ့တုံ့ဆိုင်းမှု စိုးရိမ်ပူပန်မှုတွေအကုန်လုံးကို ချေဖျက်ပစ်လိုက်တယ်။

သူမက ဘယ်လိုလုပ် ဒီလောက်ချစ်စကားတွေကို ကောင်းကောင်းပြောနိုင်ရတာလဲ။ သူမက ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ စကားလုံးတွေကို ထမင်းစားရေသောက်သလိုမျိုး ပြောနိုင်ရတာလဲ။

ထန်းမော့က တွေးလိုက်တယ်။ ချောင်လန့်ရဲ့ ဘာသာစကားနဲ့ စာပေက တစ်ကယ့်ကို အရမ်းကောင်းတာပဲ လို့ပေါ့။

သူက ဆက်မပြောနိုင်တော့ဘူး။ သူက အကြာကြီးစဥ်းစားပြီးသွားတာတောင် သူက စာကြောင်းတစ်ကြောင်းကိုပဲ စဥ်းစားမိတယ်။ အဲ့တာကတော့ ငါနင့်ကိုကြိုက်တယ်၊ ငါရူးတော့မှာပဲ ဆိုတာပေါ့။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now