Chapter (150-2)_ pa pa pa ပြီးချိန်မှာ အစ်အောက်မေးသော အကိုကြီး

Magsimula sa umpisa
                                    
















ရှုနင်သည်ဒုတိယထပ်တွင် တိတ်ဆိတ်စွာရပ်နေပြီး အောက်ထပ်ကနေ ရှုဟိန်က  အခြားသူတစ် ဦး နှင့် ခုလို အရမ်းကို ရွှင်လန်းဖွယ်စကားပြောပုံကို မမြင်ဖူးလို့ ငေးကြည့်နေသည်။ သူက ဖုန်းပြောနေစဉ် မပြုံးဘူးဆိုပေမယ့် သူက စိတ်သဘောထား အရမ်း ကောင်းတယ်လို့ ခံစားရတယ်၊ သူနဲ့စကားပြောတာ ဘယ်သူလဲ။

ရှုနင်က ဒီကိစ္စကို တိတ်တိတ်လေးစဉ်းစားပြီး သူက ခေါင်းလေးကို ငဲ့စောင်းကြည့်ကာ ရှုဟိန်က  ပိုရွှင်လန်းနိုင်မယ်လို့ သူ မျှော်လင့်ကာ လွှတ်ထားလိုက်သည်။

ရှုဟိန်က သူ သတိ မထားမိပေမယ့် သူ့ကိုယ်က အေးစက်စက် သေမင်းလို့ အရိပ်အငွေ့တွေက သူ့ကိုယ်ကနေ ဖြာထွက်လို့နေသည်။ ဒါကြောင့်  သူ့ဘေးပတ်ပတ်လည်က လူတိုင်းက သူ့ကိုကြောက်ရွံ့သလို ခံစားရပြီး အနားမကပ်ရဲတာ ဖြစ်သည်။

ရှုဟိန်က ဖုန်းပြောနေရင်း ခေါင်းကို လှည့်လိုက်သော အခါ နောက်မှ မတ်တပ်ရပ်နေသည့် ရှုနင်နှင့်   မျက်လုံးချင်းဆုံပြီး ရှုနင်က သူ့ရင်ထဲက အတွေးတွေကို အကိုကြီး လှမ်းမြင်လိုက်ရသလို  ထင်လိုက်ကာ သူ့နှလုံးသားလေး ခုန်သွားခဲ့သည်။

 
ရှုဟိန်က သူ့ ကို လက်ယပ်ကာ လှမ်းခေါ်လိုက်သည်။ ရှုနင်က မျက်မှောင်ကြုတ်လိုက်ပေမယ့် သူက နာခံစွာ အနားကို တိုးကပ်လာခဲ့သည်။

ရွှီကျင်းက တဖက်ကနေ ဖုန်းပြောနေရင်း သူ့သူငယ်ချင်းဘက်ကက မသိမသာခြားနားချက်တစ်ခုကို သတိပြုမိပြီး သူက ရယ်လိုက်ပြီးမျက်လုံးကို မှိတ် လိုက်တယ်။

"သူနိုးလာပြီလား၊ နောက်တစ်ကြိမ်မှ ထပ်ပြောကြ ရအောင်။ "

"ကောင်းပြီ"

ရှုဟိန် ကသူ့ဖုန်းကို ချလိုက်သည်။

ရှုနင်က မျက်ခုံးပင့်လိုက်ပြီး ရှုဟိန်၏ခါးကို သူ့လက်နှင့် သိုင်းဖက်ကာ  သူ့ရဲ့လေးနက်နေသေးတဲ့ မျက်နှာ်အမူယာကို  ကြည့်ဖို့ခေါင်းကို မော့လိုက် တယ်။

"ကျွန်တော် ရောက်လာတာနဲ့ အကိုကြီး ဖုန်းချလိုက် တယ်၊ကျွန်တော် မသိတဲ့ လျှို့ဝှက်ချက် တစ်ခုခုရှိနေလား"

"မင်း သိချင်လား။ "

"အမ်း။ "

စကားမပြောမီ ရှုဟိန်က သူ့ကိုနမ်းလိုက်သည်။

"အဲဒါ မင်းအကြောင်းတွေချည်းပဲ။ "

"...... "

သူက ရွှီကျင်းကို ဖုန်းခေါ်နေတာတော့မ ဟုတ်ဘူး မလား။ ရှုနင်က ရယ်ရမလို၊ ငိုရမလိုဖြစ်သွားခဲ့သည်။

  ငါက ဒီနတ်ဘုရားကိုစော်ကားဖို့တကယ် မတတ်နိုင်ခဲ့ဘူး။ ဝံပုလွေကြီး ရှုဟိန် ၏ ထူးခြားချက်မှာ ကြမ်းတမ်းသည့် အမူယာကို ထုတ်ပြလိုက်ရုံပဲဖြစ်သည်။

 
"မင်း ခန့်မှန်းတာ မှန်တယ်။ ရွှီကျင်းနဲ့ ဖုန်းပြောနေခဲ့တာ....  မင်း ငါ့ကို ဘာကြောင့် သူ့ကို ကြောက်တယ်ဆိုတဲ့ အကြောင်းပြချက် မပြောတော့ .. ငါ့က သူ့ကိုပဲ မေးလို့ရတော့တယ်လေ"

ရှုနင်က အံ့သြသွားသည်။ သူ၏ပါးစပ် တွန့်သွားပြီး မျက်နှာပေါ်မှာ အနက်ရောင်လိုင်းများဖြင့် ဖုံးအုပ်ထားသည်။ ကောင်းပြီ၊ မင်းက သန်မာပါတယ်.... မင်းက အံ့သြစရာ အကောင်းဆုံးပဲ၊ ငါ မင်းကိုပြန်မတိုက်နိုင်ဘူး၊ ဒါကြောင့် ငါ ခွင့်ပြုလိုက်ရုံပဲရှိတယ်။

ရှုဟိန်က နင်နင်ရဲ့လက်နှစ်ဖက်ကို ဆွဲယူလိုက်သောအခါ ရှုနင်သည်ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်သည်။ ရှုဟိန်က ရှုနင် တကိုယ်လုံးကို သူ့ရင်ခွင်ထဲ သိုင်းဖက်ကာ ကလေးလေးကို ချော့သလို ပြောလိုက်သည်။

 "မင်း ငါ့ကိုပြောပြမှာလား။ "

"ကျွန်တော် မပြောဖို့ ဆုံးဖြတ်ထားရင် အကိုကြီး ဘာလုပ်မလဲ။ "

ရှုနင်က သူ့ကိုမင်းသမီးလေးတစ်ယောက်လို ပွေ့ချီခံလိုက်ရပြီး  သူ ရုတ်တရက် ရှုဟိန် သူ့ကိုအနိုင်ကျင့်ဖို့ အခွင့်အရေးပေးလိုက်ရုံဘဲ မဟုတ်လား။ မျှော်လင့်ထားသည့်အတိုင်း ရှုဟိန်သည် သူ့ကိုပွေ့ချီပြီး  အပေါ်ထပ်သို့တိုက်ရိုက် ခေါ်ခဲ့သည်။

သူက တံခါးကိုပိတ်ပစ်လိုက်ပြီး ရှုနင်၏ အဝတ်အစားတွေကို အလျင်စလို ဆုတ်ဖြဲလိုက်တယ်၊ ရှုနင်ကိုကြမ်းတမ်းပြီး ရက်စက်တဲ့ပုံစံနဲ့   အရမ်းကြာအောင် လုပ်ခံခဲ့ရတယ်။

ရှုဟိန်က တစ်ခါပြီးသွားတဲ့အခါ ပြင်းထန်သည့် အချစ်စစ်ပွဲကို ထပ်ပြီး မတိုက်ခင် ခဏ အနားယူလိုက်သည်။ နောက်တော့ ရှုနင် တကိုယ်လုံး ထူပူကာ အပူရှိန်တက်လာသည်အထိ ထပ်ခါထပ်ခါ ချစ်တင်းနှောခံလိုက်ရတော့သည်။

ရှုနင်မှာ မခံနိုင်တော့လို့ အကိုကြီးကို အော်ဟစ်ကာ တောင်းပန်ရတော့သည်။ ဒါပေမယ့် နတ်ဘုရားကြီး ရှုဟိန်ကတော့ မကြားသလို ချစ်ခရီးကို ဆက်နေလို့ ရှုနင်က ရပ်လိုရပ်ငြား အချစ်...ယောကျာ်း... လို့ခေါ်လိုက်မှ မရပ်တဲ့အပြင် နှင်တံနဲ့ အတို့ခံရတဲ့ မြင်းလို့ တရကြမ်းကို ရှေ့ဆက်တော့သည်။

ဒီလိုခေါ်သံလေးက ရှုဟိန်ရဲ့သွေးတွေကိုပိုပိုပြီး ဆူပွက်စေကာ ရှုနင်ခမျာ သူ့ကိုယ်သူ ဒုတိယအကြိမ်ကျွေးဖို့ကူညီသလို ဖြစ်သွားခဲ့သည်။

 
ရှုနင်က ပင်ပန်းနွမ်းနယ်ပြီး အိပ်ချင်နေသော်လည်း ရှုဧိန်သည်ဖြည်းဖြည်းချင်း သူ့ကိုယ်ထဲကို ထပ်ခါထပ်ခါဝင်လိုက်ထွက်လိုက် လုပ်နေသဖြင့် သူ့မှာ အိပ်မရအောင်ဖြစ်နေသည်။

ဒီခံစားချက်တွေက သူသည် သူ့ နှလုံးသားလေးကို ကုတ်ခြစ်နေသကဲ့သို့ သူ့တကိုယ်လုံးကို တိမ်တွေပေါ်လွင့်မျောနေစေသလို ခံစားရစေသည်။


ရှုနင်က တောင့်ခံပြီး အကိုကြီးရဲ့ အလိုကို ဖြည့်ဆည်းပေးချင်ပေမယ့် သူက ဒီလို ငြင်သာစွာ ပွတ်သပ်ပေးနေသည့် အကိုကြီးရဲ့ အထိတွေ့ကြောင့် ထပ်ခါ ထပ်ခါထုတ်လွှတ်လိုက်မိတော့သည်။

 
"မင်း ကိုယ့်ကိုချစ်လား?"

"ကျွန်တော် အကိုကြီးကို ချစ်တယ်"

ရှုနင်က မိန်းမောနေရင်း ပါးစပ်က အလိုလျောက်ဖြေလိုက်သည်။


 တစ်ဆင့်ပြီး တစ်ဆင့် ရှုဟိန်က ချစ်တင်းနှောနေရင်း မေးခွန်းတစ်ခုပြီး တစ်ခုမေးခဲ့တယ်။ အခုလို ချစ်တင်းနှောနေသည့် အခိုက်အတန့်တွင် ရှုနင်သည် သူ၏အတွေးများကိုခုခံကာကွယ်ရန် အသိဉာဏ်ကို ဆုံးရှုံးနေပြီဖြစ်သည်။ သူသည်အလွန်ပင်ပန်း။ အလွန်အိပ်ငိုက်ကာ သူ့ကိုယ်သူ ဒီအပျော်တွေထဲ ဆက်မမျှောနိုင်သလို ခံစားလိုက်ရသည်။

ထိုစဉ် ရှုဟိန်က တကယ့်မေးခွန်းကို ထုတ်မေးခဲ့သည်။

"မင်း ရွှီကျင်းကို ဘာလို့ကြောက်တာလဲ"

"သူက ဆိုးတယ်။ "

"သူက မင်းအပေါ် ဆိုးတာလား?"

"သူက အကိုကြီးကို ကူညီခဲ့တယ်။ "

"သူ ငါ့ကို ကူညီတာ မကောင်းဘူးလား"

"သူက အရင်တုန်းက ..... ခုလို မဟုတ်.....  ...... "

"နင်? မအိပ်ပါနဲ့ဦး....ငါ့မေးခွန်းကိုဖြေပါဦး..နင်နင်  ?"

ရှုဟိန်က သက်ပြင်းချလိုက်သည်။ pa pa pa  pa pa pa ပြီးနောက် သူနောက်ဆုံး ထုတ်လွှတ်လိုက်သည်။

ပြီးနောက် ရှုနင်၏ခန္ဓာကိုယ်ပေါ်တွင်တင်ထားသော  သူ၏လက်နှစ်ဘက်ကို အသာရွှေ့လိုက်သည်။ သူ့ညီငယ်လေး၏အသားအရေသည် အလွန်နူးညံ့ချောမွေ့ပြီး ပျော့ပျောင်းကာ သံလိုက်ကဲ့သို့ သူ့ထိတွေ့မှုကို ဆွဲဆောင်နေသည်။

ရှုဟိန်သည်ထိုအကြောင်းကို ခဏစဉ်းစားသော်လည်း သူက လွှတ်ပေးလိုက်သည်၊  ချစ်သူက  ချစ်သူ၊ သူငယ်ချင်းက  သူငယ်ချင်း  ဖြစ်လို့ သူတို့နှစ်ယောက်ပြေလည်ဖို့ နည်းလမ်းမရှိရင် တစ်ယောက်နဲ့တစ်ယောက်သီးခြားစီနေ ခိုင်းတာပဲကောင်း သည်။

ဒါဆိုရင် ဘာမှ ထပ်မရှိနိုင်တော့ပေ။ ရှုနင် တစ်ယောက်နားလည်မှု မလွဲမှား သရွေ့ သူတို့နှစ်ယောက်ကို ပေါင်းစည်းအောင် လုပ်စရာ မလိုတော့ပေ။

ရှုနင်က အရမ်းကို နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့ သည်။   အတိတ်က သူချစ်ခဲ့ဖူးသောသူသည် ယခုဘဝ၌ အမုန်းဆုံး လူဖြစ်ခဲ့ပြီး၊ ယခင်က မုန်းခဲ့သောသူသည် ယခု သူနှစ်သက်သောသူ ဖြစ်ခဲ့သည်။


ဥပမာ ရွှီကျင်းကိုကြည့်ပါ၊ ရှုနင်က ရှုဟိန်ကို  ဘယ်တုန်းကမှ မထိခိုက်စေခဲ့လို့ ဒီဘဝမှာ သူနဲ့ ရွှီကျင်းတို့ ဘာပဋိပက္ခမှ ရှိမှာမဟုတ်ဘူး။ ထိုအစား ရွှီကျင်းသည် သူချစ်သော အကိုကြီး၏တစ် ဦး တည်းသောသူငယ်ချင်း  ဖြစ်သောကြောင့် ရှုနင်ကိုပင် ကာကွယ်ပေးလိမ့်မည်။

ရှုဟိန်၏သူငယ်ချင်းအရေအတွက်သည် ဆယ်ယောက်တောင် မပြည့်ပေမယ့် သူတို့အားလုံးက ယုံကြည်စိတ်ချရမှုမှာ ရွှီကျင်းကို မလျော့ပေ။

ရှုနင်က ဒီလူတွေအားလုံးကို သိတယ်၊ သူတို့က ရှုနင် ကို အနာဂတ်မှာ လက်ခံပြီး သူ့ကို ကာကွယ် ပေးကြ ဦးမည်။  သူက အဲဒါအကြောင်းကို စဉ်းစားနေစဉ် ကျေနပ်တယ်လို့ခံစားရတယ်။

ရှုနင် မျက်လုံးကိုဖွင့်လိုက်တော့ နောက်နေ့ရောက်နေပြီဆိုတာ တွေ့လိုက်သည်။


ရှုနင်က မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။

ငါ့ရဲ့ ဆိုးသွမ်းတဲ့ Top ကြီးက သူ လုပ်ပြီးတာနဲ့ ထွက်သွားတယ်ပေါ့လေ....

 
ရှုဟိန်သည် C City သို့မပြန်မီ တစ်လခန့်အလိုထိ L City ၌နေခဲ့သော်လည်း ရှုနင်က သူ့နောက်သို့ ပြန်မလိုက်ခဲ့ပါ။ သူက စာကျက်တာ မကြိုက်တဲ့အတွက် စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ရှန်းကျိုးနှင့်သူ၏အဆက်အသွယ်များကြောင့် သူသည် ကျော်ကြားသော နာမည်ကီးများစွာတွေရဲ့ ပါတီပွဲတွေမှာ  ပါဝင်ခဲ့ဖူးပြီး သူတို့လောကနဲ့ နာမည်ကြီးတွေအကြောင်းက  အတော်လေးစိတ်ဝင်စားဖို့ကောင်းသည်။


နှစ်သစ်ကူးကာလ၌ အထူးသဖြင့် ဒီဆောင်းရာသီသည် အလွန်အေးသော်လည်း မတ်လ ၁၇ ရက် မကြာမီရောက်လာတော့မည်ဟု တွေးလိုက်ရုံနှင့် ရှုနင် ၏ နှလုံးသားလေး ချက်ချင်းပူနွေးလာသလို ခံစားလိုက်ရပြီး ရှုဟိန်ဆီသို့မျှော်ငေးကြည့်နေသော သူ့မျက်လုံးများသည် ချစ်ခြင်းတရား၊ ပျော်ရွှင်မှုတို့ဖြင့်တောက်ပနေသည်မှာ ဖုံးကွယ်လို့ပင် မရတော့ပေ။




************-*************










ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးTahanan ng mga kuwento. Tumuklas ngayon