Chapter (147) - 🏮 လူကောင်းကို စုဆောင်းထားနိုင်သော ရှုနင်

Începe de la început
                                    

"ကောင်းပြီ.. ကျွန်တော့်ဘေးမှာထိုင်ဖို့ ဘယ်သူ့ကိုမှ မစီစဉ်ပေးနဲ့.."

"နားလည်ပါပြီ.. မင်းက အသက်မှမပြည့်သေးပဲကိုး.."

ရှန်းကျိုးက ရယ်မောကာ ဖုန်းချလိုက်သည်။ ရှန်းကျိုးက ရိုက်ကူးရေးမှာ ငွေကြေးခက်ခဲပြီး အဆုံးသတ်ရတော့မယ့်အချိန် ရှုနင်က သူ့ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နံှပေးလို့ ဆက်လက်အောင်မြင် လာခဲ့တာဖြစ်သည်။ အခုဆိုရင် သူက ရှုနင်တို့ company နှင့် စာချုပ်ချုပ်ထားပြီးဖြစ်သည်။

ရှုနင်က အရမ်းယဉ်ကျေးပြီး ပေါ့ပါးသူဖြစ်လို့ သူ့ဘဝတက်လမ်းကို ကန့်သတ်မည်မဟုတ်ဟု ရှန်းကျိုးယုံကြည်သည်။ ဒါပေမယ့် ချင်းမင်က အရမ်းကိုထက်မြက်ကာ စူးရှပြီး အကျိုးအမြတ်ရဖို့ အဓိကဦးတည်သူဖြစ်သည်။ အခု သူက ကြိုးစားပြီး ရှုနင်တို့ company အမြတ်ရအောင်လုပ်ပေးရင်း သူ့အနုပညာဖန်တီးမှုလည်း အဆက်မပြတ်သလို နာမည်လည်းပိုကြီးလာလို့ နှစ်ဖက်လုံးအကျိုး ရှိပါပေသည်။

ညပါတီကို ရှုနင်ရောက်တာ နောက်ကျပေမယ့် လူတိုင်းက သူ့ကို ဖော်ရွေကြသည်။ ဒါရိုက်တာရှန်းကျိုးက မိတ်ဆက်ပေးလို့ သူက လက်ထောက်ဒါရိုက်တာဖြစ်ရုံသာမက ဒီဇာတ်ကားရဲ့ တစ်ဦးတည်းသော ရင်းနှီးမြှုပ်နှံသူဆိုတာ သိလိုက်ရလို့ အားလုံးအံ့သြသွားကြသည်။ 18 နှစ်တောင်မပြည့်သေးတဲ့ မျက်နှာနုနုနဲ့ ကျောင်းသားလေးက ဖျော်ဖြေရေး company ရဲ့ ဥက္ကဋ္ဌဖြစ်နေတာလား..။  ဒီငယ်ရွယ်ချောမောတဲ့ ကောင်လေးက အထက်တန်းတောင် အောင်သေးရဲ့လား....။

ဒါကိုသိလို့ တချို့လူတွေက ငယ်ရွယ်သော ရှုနင်ကို အကြံနှင့်ချဉ်းကပ်ကာ သူတို့အကျိုးအမြတ်အတွက် အသုံးချချင်ပေမယ့် ကိုယ်ရံတော်တွေဆိုတာ အလှပြရုံထားထားတာမှ မဟုတ်ဘဲ။ အကြံစည်ဆိုး ရှိသည့် လူအားလုံးက ရှုနင်ဘေးကိုကပ်မရအောင် ကိုယ်ရံတော်တွေဆီက တားဆီးခြင်း ခံခဲ့ရသည်။

အကြံစည်ရှိသည့် လူတွေက ရှုနင်ကို ခပ်လှမ်းလှမ်းကသာ ငေးကြည့်နေရပြီး အရသာရှိလွန်းသည့် မုန့်ကြီး ရေထဲကျသွားသလို ခံစားနေရသည်။ ကိုယ်ရံတော်များသာ မရှိပါက ဒီဆယ်ကျော်သက်ကောင်လေးကို သူ့တို့လက်ဖဝါးထဲ ထည့်ကာ ခန်းခြောက်သွားအောင် အရည်ညစ်ထုတ်ကာ သူတို့ နာမည်ကြီးအောင် ဇာတ်ကားကြီးတွေမှာ ငွေစိုက်ထုတ်ပေးဖို့ ဆွဲဆောင်နိုင်လိမ့်မည်ဟု တွေးနေကြသည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးUnde poveștirile trăiesc. Descoperă acum