အပိုင်း(၁၂၅)

Start from the beginning
                                    

အမေချောင်က ဘယ်တုန်းကမှ တင်းတိမ်တက်တဲ့လူမဟုတ်ဘူး။ ဒီလောက်ကြီးတဲ့ငါးကြီးကို လွတ်သွားရင် အရမ်းဆုံးရှုံးရမှာလို့ သူမက အမြဲတမ်းခံစားနေရတယ်။ အဲ့တာကြောင့် သူမက အိမ်သာသွားမယ်ဆိုပြီး ထွက်လာခဲ့တယ်။ ပြီးတော့ Baidu မှာ အုပ်ထိန်းမှုစွန့်လွတ်တာနဲ့ အိမ်ထောင်စုစာရင်းခွဲထွက်တာမှာ လိုအပ်တဲ့ အချက်တွေကို ရှာလိုက်တယ်။ အိမ်ထောင်စုစာရင်းခွဲထွက်တာက အနည်းဆုံး အချိန်၁၀နှစ်လောက်လိုတယ်တဲ့၊ ပြီးတော့ အသက်က၁၈နှစ်ပြည့်ပြီးရမယ်၊ အိမ်ထောင်စုခွဲထွက်ချင်တဲ့လူက အိမ်ပိုင်ယာပိုင်လဲရှိရမယ် လို့ ဖော်ပြထားတယ်။

ရုတ်တရက် နောက်ထပ် အခွင့်အရေးတစ်ခုပေါ်လာတော့မယ်လို့ ခံစားနေရတယ်။

ချောင်လန်က အခုထိ ၁၈နှစ်မပြည့်သေးဘူးလေ။ ပြီးတော့ ချောင်လန့်မှာ အိမ်အပိုင်လဲမရှိဘူးလေ။ အဲ့တော့ ချောင်လန့်ဘယ်လို အိမ်ထောင်စုစာရင်းခွဲထွက်ဦးမလဲဆိုတာ သူမကြည့်ဦးမယ်။

ဒီတစ်ခေါက်တော့ သူမက ထန်းမော့နဲ့ ကန့်လန့်မတိုက်တော့ဘဲ ထန်းမော့တောင်းဆိုချက်ကို ရိုးရိုးသားသားနဲ့ပဲ သဘောတူလိုက်တယ်။ ဒါပေမဲ့ အဖေချောင်ကတော့ နည်းနည်း အံ့ဩသွားခဲ့တယ်။

နောက်ဆုံး သူတို့စကားပြောတာ ပြီးသွားတော့ အမေချောင်က သူမခုနလေးက ရှာတွေ့လာတဲ့ သတင်းကို အဖေချောင့်ကို ပြောပြလိုက်တယ်။ အဖေချောင်ကလဲ စဥ်းစားလိုက်တယ်။ ဒါက သူတို့က သဘောမတူတာ မဟုတ်ဘူးနော်။ ဥပဒေကကို ခွင့်မပြုထားတာလို့ပေါ့။

ဦးလေးချန်က သူတို့ကို သူနဲ့အတူရဲစခန်း ဒါမှမဟုတ် ရပ်ကွက်ရုံးကိုလိုက်ပြီး ဒီသတင်းကို အတည်ပြုဖို့ လိုက်ခိုင်းတဲ့အချိန်ကြတော့ အဖေချောင်နဲ့ အမေချောင်တို့က လန့်သွားခဲ့ကြတယ်။

ချောင်လန်က အခုထိ အသက်၁၈နှစ်မပြည့်သေးဘူး။ မှတ်ပုံတင်အရဆိုရင် ၅လလိုသေးတယ်။ ဥပဒေအရဆိုရင် အသက်၁၈နှစ်အောက်တွေကို အိမ်ထောင်စုစာရင်းခွဲပေးလို့မရဘူး။ ဥပဒေက ဒီလိုချမှတ်ထားမှတော့ သူတို့က နောက်ထပ်နည်းလမ်းတစ်ခုကို ရှာရတာပေါ့။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now