~~_Part-18_~~💙

Start from the beginning
                                        

ရှင်းလည်းဆင်းလိုက်သည် ယွန်းစိတ်ဆိုးနေပါသော်လည်းကားအမိုးနဲ့ရှင်းခေါင်းလေးတိုက်မှာစိုး၍ ကာပေးရမည်ကိုလည်းမမေ့စေရ

ဒုန်း!

ကားတံခါးကိုပိတ်ကာအိမ်ထဲသို့သာ

"မ စိတ်ဆိုးစရာရှိလို့လားဟင် ကလေးကိုကြည့်ပါအုံး"

ယွန်းပါးလေးပေါ်ရှင်းလက်နှစ်ဖက်အပ်ရင်းမျက်လုံးခြင်းစုံအောင်လိုက်ကြည့်ပါသော်လည်းရှောင်လွှဲနေ၏

"မ စိတ်တိုနေရင်လည်းထားပါတော့ အနှောင့်ယှက်မပေးတော့ပူး အကိုမှုးသီဟကိုပဲ ပြန်လာခေါ်ခိုင်းလိုက်တော့မယ်"

ပြောပြီးလှည့်ထွက်သွားသည့်တိုင်အောင် ယွန်းဘာမှမပြောပဲ မျက်မှောင်ကျုံ့၍သာထိုင်နေပြီး မျက်ဝန်းထဲတွင်လည်း မျိုးမင်းဇေယျာနဲ့အတူ သူ့ရဲ့ချစ်လှစွာသောကလေးကရီမောနေတာကိုသာမြင်ယောင်လျက်

ဒေါသတို့ပွင့်ထွက်ရာအစဉ်ကတော့ အပြစ်မရှိပါသော အိမ်၏ပန်းနုရောင်နံရံကြီးပင်

ခြံဝရောက်၍နောက်လှည့်ကြည့်တော့လည်းလိုက်မလာ

"ဟူးးးးး.....~~~"

သက်ပြင်းတချက်ချ၍ ခြံတံခါးလက်ကိုင်အားဆွဲလိုက်ချိန်

တိန်~~(Messageဝင်သံ)

From:My Beloved ❤

💌;ခြံဝကနေခုချက်ချင်းပြန်ဝင်လာခဲ့

နှလုံးသား၏ဘုရင်မလေးရဲ့အမိန့်အားမလွန်ဆန်နိုင် ချက်ချင်းပင်ပြေးကာပြန်ဝင်လိုက်ပြီး ယွန်းအားပြေးဖက်ရန်ကြံပါသော်လည်း အိမ်အဝ၌သာရပ်နေမိသည်

ယွန်း၏စိတ်တိုနေသည့်အရိပ်တို့ကယွန်းမျက်ဝန်းတို့တွင်အထင်းသား

"အက်နားဘာရပ်လုပ်နေတာလဲ လာထိုင်"

"မ"

"......"

"မ"

"...."

ဘယ်လောက်ခေါ်ခေါ်လှည့်တောင်မကြည့်

"အီး....ဟီး....ဟီး...ရွှတ်...အဟင့်....ဟင့်....အီး...ဟီး....ဟီး ကလေးကို မ....မကမချစ်တော့ပူးလားလို့ မျက်လုံးချင်းတောင်ဆုံအောင်မကြည့်ချင်တော့တဲ့ထိကို မုန်းနေလို့လားဟင် မ စိတ်ဆိုးစရာရှိလည်း ဒီတိုင်းအော်ပြီးဆူပြီးရိုက်ချင်လည်းရိုက်လိုက် အက်တာကမှကောင်းဦးမယ် မ စကားမပြောပဲနေတာက အက်တာတွေထက်ပိုနာကျင်ရတယ် အီး....ဟီး....ဟီး"

Lovely Ma Ma ⚡💛⚡Where stories live. Discover now