(U/Z) Chapter (144) - ဖေဖေရှုချိန်နှင့် မျက်နှာချင်းဆိုင်တွေ့လေပြီ....

Start from the beginning
                                    

"အိုး၊ ဒါ အမှန်ဘဲ၊ ဒါက မင်းရဲ့ဘ ဝမှာ  နောက်ဆုံးတော့ ဖြစ်ချင်တာ အားလုံး ပြည့်စုံသွားပြီထင်တယ်"

စစ်ထူထုံး က သူ့အဖေ၏စကားကို ပြုံးရုံသာတုံ့ပြန်သည်။ မှန်ပါတယ်၊ သူ့မှာ သားနှစ်ယောက်ရှိနေတယ်လေ၊

 "အဖေ၊ ရှောင်နင်က ကြက်ပေါင်ကြော်စားရတာ ကြိုက်တယ်၊  မနက်စာအတွက်ကြက်ခြေထောက်နည်းနည်း နှပ်ထားသင့်တယ်။ "

ထို့နောက် စစ်ထူထုံးသည် နင်နင်အတွက် ကြက်ပေါင်နှပ်ရန် အောက်ကို ဆင်းလာခဲ့သည်။
 

တပ်မှူးဟောင်းကြီး: "...... " သူက သူ့သား၏လှည့်ကွက်များထဲ ကျသွားခဲ့လေပြီလား။
 

အခန်းထဲတွင် ရှုဟိန် သည် ခုတင်ခေါင်းရင်း  တွင်မှီခိုကာ ထိုင်နေပြီး ရှုနင်ကို ညင်သာစွာကြည့်နေသည်။ ရှုနင် သည်သူ့အကြည့်ကို အကျွမ်းတ ၀ င်ရှိခဲ့ပြီး အပြင်က သားအဖနဲ့ပတ်သတ်ပြီး အကိုကြီး ဘာတွေးနေသည်ကို သိလိုက်သည်။

တကယ်တော့ စစ်ထူထုံးတို့ သားအဖက သူတို့အတွက် မည်သည့်ထိခိုက်စေလိုသည့်ဆန္ဒမှမရှိခဲ့ချေ။ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့သီးခြားပြသနာတွေကို စဉ်းစားနေခဲ့တယ်။ ယခင်က ရှုကျီရွှမ်း သည် ရှုမိသားစုထဲတွင် ဘိုးဘွားတွေ မျက်နှာသာပေးရသည့် တော်ထက်သည့် မြေးလိမ်မာလေး ဖီးနစ်တစ်ကောင်ဖြစ်ခဲ့သည်၊ သူသည်ဤမျှ ချောမောထက်မြက်သော ယောက်ျားတစ်ယောက်ဖြစ်ခဲ့သည်ဟု ခံစားခဲ့ရသော်လည်း ရှုဟိန်၏ ခြေဖျားကိုပင် မမှီခဲ့ပေ။

 စစ်ထူမိသားစုမှလူများသည် တကယ့်ကို ရှားပါးမျိုးစိတ်များပင်ဖြစ်သည်။ သူတို့တစ် ဦး စီသည်ထူးချွန်ထက်မြက်သည်၊ သူတို့၏အပြုံးများကို ကြည့်ရုံဖြင့ ်အလွန်ချစ်စရာကောင်းပြီး ရိုးသားသောသူများဟု သင်ခံစားရနိုင်သည်၊ ဒါက ဘာကိုသက်သေပြခဲ့တာလဲ။

သူတို့က သူတို့ရဲ့ခံစားချက်တွေကို သူတို့ရဲ့အသုံးအနှုန်းတွေက တဆင့်မပြတတ်ကြဘူးတဲ့။ အံ့သြစရာကောင်းတဲ့လူတွေပဲ၊ အရမ်းနက်ရှိုင်းပြီး ရင်ထဲမှာ ခံစားရသမျှကို သိမ်းဆည်းထားတတ်လို့ သူတို့က သူတို့ရဲ့ body language တစ်ခုတည်းနဲ့လက်ရှိခံစားနေရတဲ့အရာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မင်းအမှားတစ်ခုကို ဖမ်းမိရင်တောင် သူတို့က အဲဒါကိုရည်ရွယ်ချက်ရှိရှိနဲ့ မင်းကို ပြလိုက်တာပဲဖြစ်သည်။ ခြုံပြောရရင် စစ်ထူမိသားစုက အင်မတန် စိတ်ဓါတ်ကြံ့ခိုင်ပြီး ခံစားချက်ကို ဘယ်တော့မှ မျက်နှာမှာမပြတတ်ကြသည့် မျိုးရိုးဖြစ်သည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now