"ဟုတ်ကဲ့ သုတရှိုင်းပါဗျ"

"ဪ ဟုတ်ပါပြီ အကိုလုပ်စရာရှိသေးလို့သွားပြီနော်"

"အယ်...အင်း"

သူတောင်ပြန်ဖြေချိန်မရလိုက်ဘယ်တောင်ရောက်သွားသည်မသိ

"အာ ကျစ်!ဖုန်းနံပါတ်လေးသာသိရရင်ဘယ်လောက်ကောင်းလဲ"

ရှိုင်းလဲ‌တည်းနေတဲ့ဆီသာပြန်လာခဲ့ပြီးနှစ်ရက်အကြာမှာပြန်လာခဲ့ရသည်

နှစ်ရက်အတွင်းလဲ အက်ဆိုင်လေးမှာသွားစောင့်ခဲ့သည်

&&&&&&--------------

နှင်းလဲ့-"အက်တော့နင်ကအဆွေးသမားကြီးဖစ်ပြီးပြန်လာခဲ့ရတာပေါ့ဟုလား ဟား..."

ရှိုင်းမှာတော့ပြန်မပြောနိုင် ငိုတောင်ငိုနေလေပြီ စည်သူရင်ခွင်ထဲဝင်ကာငိုနေတာမို့စည်သူကပြန်ဖက်ပေးထားလိုက်ပြီးလင်းထက်ကလည်းဘေးကနေနှစ်သိမ့်ရှာသည်

ဇေယျာ-"အာ...wait___နေပါဦးရှိုင်း မင်းပြောတာက Design Projectသွားဆွေးနွေးဖို့သွားတဲ့အချိန်လား"

ရှိုင်းကခေါင်းငြိမ့်ပြသည်

ဇေယျာ-"အာ့ဆိုငါလည်း ငါ့အဖေနဲ့ဂျပန်သွားတဲ့အခေါက်ပဲ အကိုယံလေးပြောတဲ့ကောင်လေးဆိုတာမင်းပဲဖစ်ရမယ်"

ရှိုင်းကခေါင်းထောင်လာပြီး ဇေယျာ့ကိုပြူးကြောင်ကာမျှော်လင့်ချက်အပြည့်ဖြင့်ကြည့်နေလေသည်

အားလုံးကလည်းထပ်ပြောမဲ့စကားကိုနားထောင်နေကြသည်

ဇေယျာ-"အဟမ်း ရှိုင်းမင်းငါ့ကိုလိုက်စောင့်ရှောက်ပေးတဲ့အကိုကိုမြင်ဖူးတယ်မလား"

ရှိုင်း-"အင်းလေ နှစ်ယောက်ကျောင်းလာပို့တုန်းကမြင်လိုက်တယ် တစ်ယောက်ပဲမျက်နှာမြင်လိုက်တာ တစ်ယောက်ကကျောပြင်ပဲ.....မဟုတ်မှအက်တာအကိုလား"

ဇေယျာကခေါင်းငြိမ့်ပြတော့ ရှိုင်းကချက်ချင်းထပြီးဇေယျာ့ကိုဖက်လေသည်

ရှိုင်း-"ကျေးဇူးပါသူငယ်ချင်းရာ မင်းကိုအားကိုးပါတယ်ကွာ ငါ့ကိုကူညီမယ်မလား"

စည်သူ၊လင်းထက်-"သူ့ဘဲဘဲအကြောင်းသိတော့ အခုနကအီးမှန်ထားတဲ့ရုပ်နဲ့သူမဟုတ်တဲ့အတိုင်းပဲ အံ့ဩချက်9+"

Lovely Ma Ma ⚡💛⚡Where stories live. Discover now