~~_Part-16_~~

Começar do início
                                        

ပြောနေရင်းအသံတိမ်ဝင်သွားတာကြောင့်အားလုံးကထရီကြလေသည်

ရှင်း-"ငါတောင်ငါ့မမကိုရအောင်ရှာသေးတာပဲ နင်လည်းတကယ်ချစ်ရင်လိုက်ရှာပေါ့ ပြောသူ့နာမည်ဘယ်သူလဲ"

သွန်း-"အေးလေဟာ ငါတို့ရှာပေးမှာပေါ့ နင်ကပုံစံကိုပဲပြောပြလေ"

ရှိုင်း-"ငါဂျပန်ကိုသွားတဲ့အချိန်တုန်းကလေရှင်းသိတယ်မလား"

>>>>>>>>>>>>

လွန်ခဲ့သောသုံးနှစ်__

"သားရေ အမေတို့နဲ့လိုက်ခဲ့ပါလားကွယ် သားတစ်ယောက်ထဲဘယ်လိုစိတ်ချရမလဲ"

"ရပါတယ် ဂျပန်မှာကမေမေတို့ကအလုပ်နဲ့ဆိုတော့အလုပ်ပိုနေလိမ့်မယ်"

"သားကလည်းကွယ် သားကိုအမေကBodyguardတစ်ယောက်နဲ့ထားမှာပါ မေမေ့မျက်စိရှေ့ဆိုတော့စိတ်ချရတာပေါ့သားရယ်"

ရှိုင်းလည်းဆက်မငြင်းပဲလိုက်ခဲ့ရသည်
ဟိုရောက်တော့လည်း ဟိုတယ်တွင်သာနေပြီးဘယ်မှမသွား

သူ့အမေကအပြင်လေးဘာလေးထွက်လေဆိုလို့ bodyguardကိုအဝေးကနေပဲစောင့်ရှောက်ပါလို့ပြောထားပြီး အနီးအနားတွင်သာလျှောက်လည်ဖစ်ခဲ့သည်

လျှောက်ကြည့်နေစဉ်လူတစ်ရောက်နဲ့တိုက်မိလေသည်

ရုတ်တရက်မို့မြန်မာစကားဖြင့်သာ

"တောင်းပန်ပါတယ်"ဟုပြောလိုက်မိတော့ဟိုကပြုံးပြပြီး

"ရပါတယ် မင်းလေးရောဘာဖစ်သွားသေးလဲ"ဆိုတော့အံ့ဩသွားရသည် မြန်မာအချင်းချင်းဆိုတော့ပြောရဆိုရလွယ်သွားတယ်

"ရ...ရပါတယ် ဒီကအကိုနာမည်လေးသိလို့ရမလားဗျ"

တွေ့တွေ့ချင်းနာမည်မေးလိုက်တာထူးဆန်းပေမဲ့ ဘယ်တော့ထပ်ဆုံမလဲမသိ‌တာမို့ ရှိုင်းကမေးလိုက်ခြင်းဖစ်သည် အပြုံးလေးမှာတင် သုတရှိုင်းရဲ့နှလုံးသားတွေကြွေကျနေပြီဖစ်သည်

"အကို့နာမည်က လူးဝစ်ခ်ျ"

"အကို့မြန်မာနာမည်မရှိပူးလားဟင်"

"ဟား..ဟား...အသွက်လေးပဲ ရှိတယ်လေ ဝေလင်းယံ ဒါနဲ့ညီ့နာမည်ကရော"

Lovely Ma Ma ⚡💛⚡Onde histórias criam vida. Descubra agora