မိုးစက်ရှား-"ညမလေးပါလား မျိုးနဲ့ကကျောင်းတူတူပဲပေါ့"
ရှိုင်း-"ဟွန့် အန်လီကစိတ်ပုတ်တယ် လူကိုညမလေးပဲခေါ်နေတာ ယောကင်္ျားလေးဗျ"
ရှိုင်းဆံပင်လေးတွေကိုထိုးဖွကာ
မိုးစက်ရှား-"ဟုပါပြီ စတာ ရှိုင်းရောဘယ်လိုလဲ ရှိုင်းရဲ့ကိုကို့ကိုရှာတွေ့ပြီလား"
မိုးစက်ရှားနဲ့ရှိုင်းကိုကြည့်ပြီးဇေယျာမှလွဲ၍အကုန်အံ့ဩနေကြရာမှ ရှိုင်းရဲ့ကိုကိုဆိုတော့ မှင်သက်သွားကြသည်
သူတို့သူငယ်ချင်းကွေးနေတာသိပါသော်လည်း ကြိုက်နေတဲ့လူရှိတာကိုမသိခဲ့ပါ
ရှိုင်းကနားရွက်ဖျားလေးတွေပါနီရဲလာကာ
ရှိုင်း-"အန်လီ ဘာလို့သူငယ်ချင်းတွေရှေ့ကို"
မိုးစက်ရှား-"အော် ခုမှလာရှက်နေတယ် မေတွ့သေးပူးလား သနားစရာလေး ကျွတ်...ကျွတ်"
မိုးစက်ရှားစကားကြောင့် အကုန်ထရီကြလေသည်
ဇေယျာ-"မိုး တော်တော့ မင်းလိုအားယားနေတာမဟုတ်ပူး အတန်းတက်ရဦးမယ်"
ဇေယျာတစ်ယောက်ရှင်းအားကြည့်တော့ တခုခုကိုအလိုမကျတဲ့ပုံမို့ သူနဲ့မိုးစက်ရှားကိုမကြည်လေသလားဟူ၍ထင်မိတာကြောင့် အတင်းပြန်လွှတ်နေလေသည်
တကယ်တမ်းကတော့ ရှိုင်းကိုမကျေနပ်ခြင်းပင် ငယ်ငယ်လေးထဲကပေါင်းလာတာကိုသူကအက်အကြောင်းမပြောပြလို့ဖစ်သည်
မိုးစက်ရှား-"ဟုပါပြီ မျိုးအာ့ဆို မိုးပြန်လိုက်ဦးမယ်နော် ရှိုင်း တာ့တာ ဪ ယောဒါဘွန်း ဘိုင် ဘိုင်"
ရွဲ့တဲ့တဲ့ဖဲ့တဲ့တဲ့ပြောသွားတာကြောင့်အားလုံးကနှာခေါင်းရှုံ့နေကြသည်
"အား!"
မိရှင်းမှရှိုင်းအားရိုက်လိုက်ခြင်းဖစ်သည်
ရှင်း-"ဘယ်ကကိုကိုလဲပြောစမ်း ငါတို့ကိုသူငယ်ချင်းလို့မထင်လို့မပြောတာလား"
ရှိုင်း-"တောင်းပန်ပါတယ်ရှင်းရာ နင်ကလည်းစိတ်ကြီးပဲ နာမည်ကိုပဲသိတယ် ရုပ်လည်းမြင်ဖူးတယ် တခြားဟာငါမှမသိပဲ ပြီးတော့ သူများနိုင်ငံမှာတွေ့ခဲ့တာကိုဟ မသေချာတာကြီးကို..."
YOU ARE READING
Lovely Ma Ma ⚡💛⚡
General FictionAmericaကိုအသက်ဆယ်နှစ်အရွယ်မှာထွက်သွားခဲ့တဲ့ကောင်မလေးကို❤️ "မမပြန်လာရင်ရှင်းနဲ့လက်ထပ်ရအောင်နော်"လို့ပြောပြီး အက်ကတိကိုတည်ဖို့စောင့်နေတဲ့ အသက်ခုနစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်🌹 သူတို့ကိုချစ်မိတဲ့နှစ်ယောက်က ညီအကိုတွေဖစ်ပေမဲ့ တစ်ယောက်ကစွန့်လွှတ်ပြီး တစ်ယ...
~~_Part-16_~~
Start from the beginning
