အထဲမှဟိတ်ဟန်ကြီးပြီးတည်ငြိမ်လှတဲ့အသံ

"ဝင်ခဲ့"

အကိုမှူးသီဟက ဆရာအားနှုတ်ဆက်၍ အခန်းပြင်ထွက်သွားမှ ရေခဲရိုက်မျက်နှာဖစ်နေသောအခြေနေမှ နွေးထွေးသောမျက်ဝန်းနဲ့အပြုံးတို့သို့ ပြောင်းလဲသွားသည်ကို ရှင်းတစ်ယောက်အမြဲ ကြိတ်ခွီနေသလို အခုလည်းဒီအတိုင်းပင်

"Daddy ရှင်းကခုမှကျောင်းကပြန်ရမှာကို နားကိုမနားရပူး ခုကဘယ်လဲ"

ရှင်းကျောင်းကနေတခါတည်းတန်းပြီးDinnerတက်ရမယ်ဆိုတော့ နှုတ်ခမ်းတစ်တောင်လောက်စူထွက်လာလေသည်

"သမီးမလိုက်တော့ဘယ်သူလိုက်မလဲ နောက်ဆိုသမီးပဲဦးဆောင်ရမဲ့ကိစ္စတွေပဲလေကွယ်"

"ဟုတ်ပါပြီ အခုကဘယ်CompanyကပွဲလဲDaddy"

"Royal Star Companyရဲ့ Dinner"

Royal Star Companyဆိုတာနဲ့အခုနကစူနေတဲ့နှုတ်ခမ်းက နားရွက်တက်ချိတ်တော့မယ့်အတိုင်းဖြီးလာတာမို့ အဖေဖစ်သူမှာတော့ သူ့သမီး၏ပြောင်းလဲပုံကြောင့် ရီရခက်ငိုရခက်

"လွှမ်းသက်ကိုသမီးရုံးခန်းလွှတ်လိုက်တော့နော် Daddyပြင်ဆင်ပြီးမှတွေ့မယ် တာ့တာ"

ခုန်ပေါက်ကာထွက်သွားတဲ့သမီးဖစ်သူကြောင့် ခေါင်းတခါခါနဲ့သာကျန်ခဲ့သည်

နည်းနည်းအလှမ်းလောက်ရောက်မှ ရှင်းသတိပြန်ဝင်ကာ တည်တည်ငြိမ်ငြိမ်ပြန်လျှောက်ကာ ရုံးခန်းထဲသို့

ခဏထိုင်နေရင်း လွှမ်းသက်ရောက်လာတာမို့ သူ့ကိုပြင်စရာရှိတာပြင်ခိုင်းထားပြီး ရေချိုးလိုက်ကာ လွှမ်းသက်ကို

"အလှဆုံးပြင်ပေးနော် ဒီပွဲမှာငါသာအလှဆုံးဖစ်နေရမယ်"

လူယုတ်မာအပြုံးကြီးနဲ့ရှင်းပြောတော့လွှမ်းသက်ကြောင်သွားရသည်

ဘာမှတွေးမနေတော့မှ တတ်သမျှအကောင်းဆုံးကိုသာပြင်ပေးလိုက်သည်

ဝတ်စုံကိုလည်း ပွဲတက်ဝတ်စုံပေါ့ပေါ့ပါးပါးဝတ်စေချင်ပါသော်လည်း ဒေါ်ရှင်းသုရောင်၏ လွှမ်းသက်အတွေးများရဲ့ဆန့်ကျင်ဘက် Suger Mommy Typeဖမ်းလေပြီ

ရှင်းပြင်ပြီးသည်နှင့် သူ့အဖေရုံးခန်းသို့ပြန်လာတော့

"သမီး ပွဲတက်ဝတ်စုံမဝတ်ပါပဲနဲ့ ငါ့သမီးကDressလေးနဲ့မှ ချစ်ဖို့ကောင်းတာ"

Lovely Ma Ma ⚡💛⚡Where stories live. Discover now