"မ ရှင်းကိုတောင်လှည့်မကြည့်အားပူးပေါ့"

အူတိုအူပုတ်နေသောရှင်းသူရောင်ကြောင့်ယွန်းမသိမသာရေးရေးလေးပြုံးမိသည်

ပြီးတော့ရှင်းနားနားကပ်ကာ

"ကလေးကားထဲကထွက်လာကတည်းက ကလေးကိုကြည့်နေတာ အာကာကလာနှုတ်ဆက်လို့စကားပြန်ပြောနေတာ မကိုပဲပြောမနေနဲ့ အနောက်လည်းကြည့်"

တိုးတိုးလေးပြောပြီးယွန်းပြန်ခွာကာ အာကာ့ကိုနှုတ်ဆက်ပြီး ရှင်းအဖေရှိရာဝိုင်းသို့သွားလိုက်သည်

ရှင်းလည်းယွန်းပြောလို့နောက်လှည့်ကြည့်တော့ မျိုးမင်းဇေယျာ

"ဇေယျာ"

တဖက်အာကာမှာတော့

'ဒီကောင်မလေးက မွေးစားသားနဲ့သိတာလား အဟက် ပွဲကတော့ကောင်းပြီ ရှင်းသုရောင် မင်းကအခုမှ ပါမွှားလောက်လေးပဲရှိသေးတယ် ယွန်းကငါ့အပိုင်ပဲ'

အာကာလည်းတခြားဘက်သို့သာထွက်လာလိုက်သည်

"ရှင်း"

"နင်ကဘယ်လိုလုပ်ပြီးတော့ ဒီပွဲကိုရောက်လာတာလဲ"

ရှင်းမေးလိုက်တော့ ဇေယျာကဘေးတစ်လှမ်းရွေ့ကာ စားဝိုင်းတစ်ခုကိုလက်ညှိူးထိုးပြလေသည်။

ဘယ်သူကထင်မှာလဲ ရှင်းသုရောင်ရဲ့သူငယ်ချင်းတသိုက်လုံး ဒီပွဲကိုရောက်နေမယ်လို့။

"ဟင်"

ယွန်းကပြန်ရောက်လာပြီး

"မ ဖိတ်ထားတာ"

ရှင်းအံ့ဩနေယုံမှတပါးမတတ်နိုင်ပါ နေပြီးမှအက်ဝိုင်းသို့တည်ငြိမ်သောခြေလှမ်းများဖြင့် ယွန်းမြတ်ဖူးရဲ့လက်ကိုဆွဲကာပင် ထွက်လာလေသည် နောက်ကမျိုးမင်းဇေယျာမှာလဲ ရင်ထဲမှာကမ္ဘာပျက်နေသော်လည်း အပြင်တွင်တည်ဩိမ်စွာဖြင့် နောက်ကလိုက်လာသည်

"Yarr! နင်တို့ကညနေကကျဘာသံမှမထွက်ပဲ ခုမှဘယ်ကကြွလာကြတာလဲ"

မေးရင်းပဲ ဝင်ထိုင်လိုက်သည် ယွန်းကလည်းကပ်လျက်ဘေးတွင်ဝင်ထိုင်လေသည်

"ငါတို့ရဲ့သူငယ်ချင်းကြီးက လျှောက်လာတာကိုက တကမ္ဘာလုံးသူ့လုပ်စာစားနေရတဲ့ရုပ်ကြီးနဲ့ပါလား ငါတောင်ကြွေချင်တယ်"

Lovely Ma Ma ⚡💛⚡Where stories live. Discover now