သူသစ်ခေါင်းထဲကိုပြန်၀င်လိုက်ပြီ ရစ်ငှက်ရဲ့အမွေးတွေကိုသေချာနှုတ်လိုက်ကာထောင့်မှာပုံထားလိုက်ပြီးရစ်ငှက်ကို သေချာကိုင်တွယ်လိုက်တယ်။ခေါင်းနဲ့အူကလီစာတွေကို အရွက်တစ်ခုထဲထည့်ပြီးနောက်မှမြေမြှပ်ဖို့ထားလိုက်ပြီး
အသည်းကိုတော့ ဖယ်ထားလိုက်တယ်။ သစ်ချောင်းနှစ်ခုကိုစိတ်စွမ်းအင်နဲ့ပွတ်တိုက်ပြီး မီးထွက်အောင်လုပ်လိုက်တယ်။
သစ်‌ကိုင်း‌ခြောက်တွေထည့်ထားတဲ့ တွင်းထဲမှာမီးကူးလိုက်တယ်။
သူရစ်ငှက်အသားကို  မြေအောက်ကနေစမ့်ထွက်နေတဲ့ ရေကန်လေးဆီမှာဆေးကြောလိုက်ကာ ငရုပ်ကောင်းနဲ့အသားကိုပွတ်လိုက်တယ်။ပြီတော့ စိတ်ကိုတည်ငြိမ်စေတဲ့ဂုဏ်သတ္တိရှိတဲ့အပင်ကိုပါခြေထည့်လိုက်တယ်။သူကကျင့်ကြံဖို့စီစဉ်ထားတာမို့ စိတ်ကိုအေးချမ်းပြီတည်ငြိမ်ဖို့လိုတယ်လေဒါကြောင့်အဲ့အပင်ကိုရစ်ငှက်သားထဲထည့်လိုက်တာဖြစ်သည်။
အာလုံးလုပ်ပြီးသွားတာနဲ့ သစ်ရွက်နဲ့ထုပ်ပြီးရွံဖြင့်အုံလိုက်တယ်။ ပြီးတာနဲ့ တွင်းထဲကိုချလိုက်ပြီး သစ်‌ကိုင်းခြောက်တွေထပ်ထည့်လိုက်တယ်။

သူအဲ့တွင်းနားမှာထိုင်ပြီး အသားကျက်မှာကိုစောင့်နေလိုက်တယ်။အသားကျက်တာနဲ့ သူအဲ့အသားကို တုတ်နဲ့ထိုးပြီးယူလိုက်ကာ သူနေတဲ့သစ်ပင်‌အခေါင်းထဲကိုထည့်လိုက်တယ်။
သူနေတဲ့ဒီတောကညဘက်ဆိုသိပ်အေးလို့သူ့ရဲ့မြေခွေးအမွေးနဲ့တောင်မလုံလောက်ဘူး။ဒါကြောင့်ကျောက်ပြားထဲမှာ တွင်းထဲကကျန်တဲ့မီးသွေးခဲတွေကိုပုံလိုက်ပြီး သစ်ပင်အခေါင်းထဲညတိုင်းထည့်အိပ်လေ့ရှိတယ်။

အခုညစားသောက်ပြီးရင်မအိပ်ပဲတစ်ညလုံးကျင့်ကြံဖို့‌ တွေးလိုက်ပြီး ရွံတွေကိုဖယ်လိုက်ကာ အထဲက ရစ်ငှက်သားကိုထုတ်လိုက်တော့ ထွက်လာတဲ့အ‌မွှေးနံကသူကိုသရည်တောင်ကြစေတယ်။ဒါကြောင့်မြန်မြန် တုတ်ကိုင်လိုက်ပြီးစတင်စားသောက်လိုက်တယ်။ (တုတ်လေးနဲ့အသားကိုဖဲ့စားတာပြောတာပူလို့ မြေခွေးလက်နဲ့ကတုတ်ကိုတူလိုကိုင်လို့ဘယ်ရမလဲ)
တစ်၀က်ပဲစားပြီကျန်တစ်၀က်ကိုမနက်အတွက်ချန်ထားလိုက်တယ်။သူကတစ်ညလုံးကျင့်ကြံမှာဆိုတော့ သူလုံခြုံရေးအတွက်အသုံး၀င် မယ်ထင်လို့ရှာထားတဲ့အစေ့လေးတွေထဲက နွယ်ပင်အမျိုးအစားအ‌စေ့လေးကို ထုတ်ပြီး အပေါက်၀မှာစိုက်ထားလိုက်တယ်။
------------------------
"ဒီတောထဲကဆိုတာသေချာလား"ဗစ်တာ သူ့ဘေးမှာရှိတဲ့လူကိုမေးလိုက်တယ်။

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Opowieści tętniące życiem. Odkryj je teraz