နန်းဆုမြတ်-"ငါ့ရည်းစားမဟုပူး သူပြောသလိုပဲ"
နန်းဆုမြတ် ရှင်းရှေ့မှာမျက်နှာမငယ်ချင်ပါ
ယွန်း-"အေးပါ ဒါနဲ့ဒါက ရှင်းသုရောင်တဲ့ ငါ့Babyလေး"
ယွန်းပြောလိုက်တော့ နန်းမြတ်ကတကယ်လားဆိုတဲ့အကြည့်နဲ့မို့ ရှင်းကခေါင်းငြိမ့်ပြလိုက်သည်
နန်းမြတ်-"ဪ အာ့ကြောင့်ငါတို့Queenလေးက ကောင်လေးတွေခါချနေတာကိုး"
ရှင်း-"ဒါပေါ့"
နန်းမြတ်နဲ့ရှင်းက မတည့်ပေမဲ့ရန်သူလိုကြီးတော့မဟု စကြနောက်ကြလောက်တော့တခါတလေရှိတယ်လေ
အာကာကတော့ရင်ထဲမှာမီးလောင်နေလေပြီ
'ဒီလက်တောက်လောက်ဟာလေးက ငါ့ဆီကနေလုရဲတယ် အဟား ငါဆိုတာက လိုချင်တာကိုရအောင်ယူတတ်တယ် မင်းစောင့်ကြည့်နေ ကလေးမ'
ရှင်း အာကာဘက်ကိုကြည့်မိတော့ သူ့ကိုမကျေနပ်တဲ့ပုံနဲ့ကြည့်နေတာမို့ ရှင်းလည်းအာကာ့ကိုပြန်ပြီးစူးစိုက်ကြည့်ကာ အာကာ့မျက်ဝန်းထဲအဖြေရှာလေတော့ ရှင်းရဲ့ထက်လှတဲ့ ခန့်မှန်းစိတ်ကြောင့် ယွန်းကိုသူ့ဆီကလုယူချင်နေတဲ့အရိပ်တွေတွေ့တာမို့
'ဒီတစ်ယောက်က ရန်သူပဲ ငါ့ရဲ့ပထမဦးဆုံးပွဲက ဒီလူနဲ့တဲ့လား wow မမျှတလိုက်တဲ့ပွဲပဲ ငါ့ကိုအချဉ်မှတ်နေရင် ရူးသွားမယ်လေ'
နှစ်ယောက်သားအကြည့်နဲ့တိုက်ခိုက်နေကြစဉ် ယွန်းအသံကြားမှ မျက်စောင်းထိုးပြီး ယွန်းဘက်နှစ်ယောက်လုံးလှည့်ကြည့်ကြတော့
ယွန်း-"စားစရာတွေရောက်နေပြီလေ ကလေးရဲ့ မစားသေးပူးလား အေးသွားရင်မကောင်းပူး"
ရှင်း-" မ ခွံ့ကျွေးတာစားချင်တာ"
'ဒီကလေး ဘာထဖောက်ပါလိမ့်'
ယွန်းလည်းရှင်းကိုခွံ့ကျွေးလိုက်သူစားလိုက်လုပ်ရင်း
ယွန်း-"နင်တို့နှစ်ယောက်ကမစားပူးလား"
အာကာ၊နန်းမြတ်-"ရတယ်"
ယွန်းလည်းဆက်မပြောတော့ပဲ ဝက်အူချောင်းတစ်ခုကို ပါးစပ်ထဲထည့်လိုက်သည်
YOU ARE READING
Lovely Ma Ma ⚡💛⚡
General FictionAmericaကိုအသက်ဆယ်နှစ်အရွယ်မှာထွက်သွားခဲ့တဲ့ကောင်မလေးကို❤️ "မမပြန်လာရင်ရှင်းနဲ့လက်ထပ်ရအောင်နော်"လို့ပြောပြီး အက်ကတိကိုတည်ဖို့စောင့်နေတဲ့ အသက်ခုနစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်🌹 သူတို့ကိုချစ်မိတဲ့နှစ်ယောက်က ညီအကိုတွေဖစ်ပေမဲ့ တစ်ယောက်ကစွန့်လွှတ်ပြီး တစ်ယ...
~~_Part_12_~~
Start from the beginning
