ပြီးမှလျှောက်ပတ်နေရင်း ပင်လယ်စာဆိုင်လေးတွေ့တာမို့ယွန်းစားချင်တာနဲ့ ရှင်းကိုပြောတော့ ရှင်းကသူလဲစားမယ်ဆိုတော့ ဝင်ပြီးကြိုက်တာရွေးပြီး ဆိုင်ရှင်ကိုပေးထားကာ လွတ်တဲ့နေရာမှာ ဝင်ထိုင်ကာစောင့်နေလိုက်သည်
"ရှင်းသုရောင်"
ရှင်းနောက်ကခေါ်သံကြားတာမို့လှည့်ကြည့်တော့ နန်းဆုမြတ်ကျော်နဲ့ကောင်လေးတစ်ယောက်
ကောင်လေးက ရှင်ူကြည့်ရသလောက်ကတော့ ရှင်းတို့ထက်ကြီးမဲ့ပုံ
"ဪ နန်းဆုမြတ်ပါလား လာလေထိုင်"
နန်းဆုမြတ်ကျော်ဆိုတာက ရှင်းနဲ့တက္ကသိုလ်အတူတူ အခန်းတူတူကတစ်ယောက် ရှင်းနဲ့ကပြိုင်ဖက်ပေမဲ့ ရှင်းကအမြဲအနိုင်မို့ မတည့်ကြပေမဲ့ မေးထူးခေါ်ပြောလောက်တော့ရှိကြသည်
ရှင်းလည်း မကောင်းတတ်သည်မို့ ထိုင်ခိုင်းလိုက်သည်
ယွန်းလည်းမိန်းကလေးသံမို့လှည့်ကြည့်တော့ ရှင်းသူငယ်ချင်းလို့ထင်ရတဲ့သူနဲ့ ယောက်ျားလေးတစ်ယောက် ထိုယောက်ျားလေးကိုကြည့်မိတော့
"အာကာ"
"ဟင် ယွန်း"
"ဪ နင်ကကောင်မလေးနဲ့လာတယ်ပေါ့ ငါတို့ကိုလျှိူထားတာကြည့်စမ်း"
ရှင်း-"မနဲ့သိကြတာလား"
နန်းဆုမြတ်ကျော်မှာလည်းပြူးကြောင်ကြောင်သာဖစ်နေလေသည် သူကရှင်းနဲ့အသိ သူ့ရည်းစားကရှင်းနဲ့ပါလာတဲ့အမနဲ့အသိဆိုတော့
နန်းဆုမြတ်-"ကိုနဲ့ ဒီအမနဲ့ကသိတာလား"
အာကာက ယွန်းရှေ့မှာသူ့ကို ကိုလို့ခေါ်ပြီး လက်လာချိတ်တာကြောင့်လက်ကိုပုတ်ချမိလိုက်သည်
အာကာ-"မဟုတ်ပါပူးဟ အဖေ့မိတ်ဆွေရဲ့သမီးလေ ငါကလည်းမြန်မာပြည်မှာ ခုမှစရောက်တာဆိုတော့ သွားတတ်လာတတ်အောင် သူနဲ့လိုက်လာတာ"
ရှင်း-"နန်းဆုမြတ် သူကနင်နဲ့ရည်းစားမဟုပူးလား"
'ကိုကဘာလို့ အက်လိုပြောရတာလဲ နန်းနဲ့ကရည်းစားပါလို့ဘာလို့မပြောရတာလဲ အက်အမနဲ့ကရောဘာလဲ'
YOU ARE READING
Lovely Ma Ma ⚡💛⚡
General FictionAmericaကိုအသက်ဆယ်နှစ်အရွယ်မှာထွက်သွားခဲ့တဲ့ကောင်မလေးကို❤️ "မမပြန်လာရင်ရှင်းနဲ့လက်ထပ်ရအောင်နော်"လို့ပြောပြီး အက်ကတိကိုတည်ဖို့စောင့်နေတဲ့ အသက်ခုနစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်🌹 သူတို့ကိုချစ်မိတဲ့နှစ်ယောက်က ညီအကိုတွေဖစ်ပေမဲ့ တစ်ယောက်ကစွန့်လွှတ်ပြီး တစ်ယ...
~~_Part_12_~~
Start from the beginning
