"ဟုတ်ပါပြီ ခုဘယ်သွားကြမလဲ"

"မသိပူးလေ ကလေးသွားချင်တဲ့နေရာရှိလား"

"ရုပ်ရှင်သွားကြည့်ရအောင် နေဦးခဏဘာကားတင်နေလဲကြည့်ဦးမယ်"

ယွန်းလည်းရှင်းပြောတဲ့အတိုင်း Centerဘေးက Cinemaကိုသာသွားလိုက်ပြီး

"ကလေးဘာကားတင်နေတာတဲ့လဲ"

"Horror To Zombieတဲ့ သရဲကနေဇွန်ဘီးပြောင်းသွားတဲ့ကား ကြည့်မယ်အက်တာ"

"ဟင် ကလေးက ကြည့်ရဲလို့လား"

"မက ရှင်းကိုအထင်တွေSo Smallနေတာပဲ ဒါကနုသေးတယ် ဒီထက်ကြမ်းတာတောင်ကြည့်ဖူးတယ် မရဲ့ ဘာလို့လဲ မ‌က ကြောက်လို့လား"

"မကြောက်ပါပူး ကလေးကြောက်နေမှာစိုးလို့"

"ပြီးရော လာသွားမယ်"

ရှင်းဆွဲခေါ်ရာယွန်းပါသွားပြီး လက်မှတ်ဖြတ် မုန့်တွေနဲ့ အအေးဘူးရယ်ရေဘူးရယ်ဝယ်ကာ ထိုင်စောင့်နေရင်း ရှင်းကယွန်းလက်ထဲကလက်မှတ်‌ေတွက နှစ်ယောက်တွက်တင်မဟုတာမို့

"မ လက်မှတ်ကဘာလို့၇စောင်ဖစ်နေရတာလဲ"

"ကလေးရယ် မရယ် မရဲ့လူနှစ်ယောက်ရယ် ကလေးရဲ့လူနှစ်ယောက်ရယ် တစ်ခုံကအပိုယူထားတာ ကျယ်ကျယ်နေရအောင်လို့"

"အင် အက်လေးယောက်ကဘာလိုက်လုပ်မှာတုန်း"

"သူတို့လည်း ကြည့်ချင်ကြည့်ရအောင်လို့ပေါ့ ကလေးရဲ့"

"ဟုတ်ပါပြီ ဝင်လို့ရပြီထင်တာ သွားမယ်"

ယွန်ူကိုပြောပြီး အကိုမှုးသီဟကိုလက်ယက်ခေါ်တော့ ဘေးနားရောက်လာကာ

"ဟုတ်ကဲ့ မမလေး ဘာခိုင်းစရာရှိလို့လဲဗျ"

"ဟိုမှာ အက်နှစ်ယောက်ကိုလည်းခေါ်ပြီး သူတို့ကိုလည်း ရုပ်ရှင်လက်မှတ်ဖြတ်ပေးထားတယ်လို့ပြောလိုက်"

မှူးသီဟ ခေါင်းငြိမ့်ပြပြီး ရှင်းပြတဲ့နှစ်ယောက်ဆီသွားပြီး ရုပ်ရှင်လက်မှတ်‌ေတွပေးတော့ ဟိုနှစ်ယောက်က ကြောင်အအနဲ့ပြူးကြည့်နေတာမို့ ယွန်းကိုမျက်ဆပစ်ပြလို့ကြည့်လိုက်တော့ ယွန်းကခေါင်းငြိမ့်ပြတာမို့ သဘောပေါက်ကာ လိုက်ဝင်ခဲ့သည်

Lovely Ma Ma ⚡💛⚡Where stories live. Discover now