'ရှင်းရယ် နင်ငါ့ကိုသက်သက်မဲ့နှိပ်စက်တာလားဟာ နင်အက်လိုမိတ်ဆက်ပေးတာ ‌နင်ပျော်ရင်ရပါပြီဟာ

မျိုးမင်းဇေယျာရင်ထဲမှာနာကျင်နေပေမဲ့ အတတ်နိုင်ဆုံးပြုံးကာ

"ဟုတ်ကဲ့ ကျွန်တော်မျိုးမင်းဇေယျာပါဗျ ရှင်းကိုအပ်ပါတယ်နော်"

ယွန်းကတော့ အကြီးပီပီ ပြန်ပြုံးပြကာ

"စိတ်ချပါ ကလေးကို တို့ကစောင့်ရှောက်မှာပါ အမနာမည်ယွန်းမြတ်ဖူးပါ"

ယွန်းကသူစိမ်းတွေနဲ့ဆိုတည်တည်ငြိမ်ငြိမ်နဲ့အေးစက်နေတတ်ပေမယ့် မျိုးမင်းဇေယျာကိုတော့ ရှင်းနဲ့သဝန်တိုတာထက် သနားမိတာမို့ယွန်း အေးစက်စက်မပြောခဲ့။

ယွန်းမြင်ပါတယ် မျိုးမင်းဇေယျာမျက်ဝန်းတွေက ယွန်းနဲ့စကားပြောရင် ရှင်းကိုလုမယူပါပူးလို့ပြောနေတဲ့ မျက်ဝန်းရိပ်တွေကို

"ရှင်းငါသွားပြီ ကျောင်းကျမှဆုံမယ်နော်"

"အေးအေး တာ့တာ"

ရှင်းလည်းပြုံးပြကာ တာ့တာပါပြနေတာမို့ ယွန်းကဆွဲဖက်လိုက်သည်

ဇေယျာကမတွေ့ပါပူး သွားပြီပြောကတည်းကကျောခိုင်းသွားတာမို့

"မ ဘာလို့ဖက်ထားတာလဲ လူတွေနဲ့ကို "

"ကလေးက ဘာလို့အက်လို လူတကာပြုံးပြနေတာလဲ"

"ရှင်းသူငယ်ချင်းမို့ပြုံးပြတာလေ"

"သူ့ကိုပြောတာမဟုတ်ပူး ဟိုမှာ"

ယွန်းကအကြည့်နဲ့ ရှင်းကိုကြည့်နေတဲ့လူတွေကိုပြတော့ ရှင်းကမြင်သွားပြီး

"ဘာလဲ မကသဝန်တိုတယ်ပေါ့"

"ကလေးရဲ့ အပြုံးတွေကို မအတွက်ပဲပြုံးပြရမယ် ကလေးရဲ့အပြုံးတွေကိုမပဲပိုင်တယ် တခြားလူတွေမကြည့်ရပူး သဝန်တိုတယ်"

"ဟုတ်ပါပြီရှင့် စားပြီးရင် ဟိုဘက်နားသွားရအောင် ရှင်းဝယ်စရာရှိလို့"

"ကလေးသဘောပါရှင့်"

ယွန်းတို့လည်းစားပြီး ပိုက်ဆံရှင်းကာ သူ့ကလေးပြောတဲ့ဆိုင်သို့သွားဖို့ပြင်တော့ရှင်းက ယွန်းနားလာကာ

Lovely Ma Ma ⚡💛⚡Unde poveștirile trăiesc. Descoperă acum